နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ – နောက်ဆုံးရ သတင်းများ (၂၆/၈/၂၀၂၂)

ဩဂုတ်လ ၂၆ ရက်နေ့ အထိ ရရှိထားသမျှ ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်း တချို့ကို ဆက်လက် ဖော်ပြပေးမှာ ဖြစ်ပါတယ်။


ဘာစီလိုနာကို ထပ်ပြီးတော့ သမပေးဦးမယ် ဆိုတဲ့ ဘေယန် နည်းပြ နေဂဲလ်စ်မန်း

ချန်ပီယံလိဂ် အုပ်စု အဆင့် မဲခွဲမှုတွေ အပြီး မှာတော့ ဂျာမန် ဘွန်ဒက်လီဂါ ကလပ် ဘေယန်မြူးနစ် နည်းပြ ဂျူလီယန် နေဂဲလ်စ်မန်းက လာလီဂါ ကလပ် ဘာစီလိုနာနဲ့ ပြန်လည် ရင်ဆိုင်ရမှာကို ကျေနပ်နေပါတယ်။ သူတို့ နှစ်သင်းဟာ အင်တာမီလန်နဲ့ ဗစ်တိုးရီးယား ပယ်လ်ဇန်တို့ ပါဝင်နေတဲ့ အုပ်စု (C) မှာ ကျရောက်နေပြီး မရဏ အုပ်စု အဖြစ် သတ်မှတ်ခံထားရပါတယ်။

သူတို့ နှစ်သင်းဟာ ပြီးခဲ့တဲ့ ရာသီ ကလည်း အုပ်စု အဆင့်မှာ ရင်ဆိုင်ခဲ့ဖူးပြီး ဘေယန်မြူးနစ်က နှစ်ကျော့စလုံး အနိုင်ရခဲ့ကာ အုပ်စုတွင်း ဗိုလ်စွဲခဲ့ပြီး ဘာစီလိုနာ ကတော့ တတိယနေရာသာ ရခဲ့တာကြောင့် ယူရိုပါလိဂ်ကို ဆင်းကန်ခဲ့ရပါတယ်။ နောက်ထပ် ထူးခြားချက် ကတော့ ဘေယန် ကနေ ဘာကာကို ဒီရာသီကမှ ပြောင်းရွှေ့သွားခဲ့တဲ့ လီဝမ်ဒေါစကီးက အသင်းဟောင်းနဲ့ ချက်ချင်းပဲ ပြန်တွေ့ဆုံရတော့မှာ ဖြစ်ပါတယ်။

ပရီးမီးယား လိဂ်
ဘရန့်ဖို့ဒ် FC
အဲဗာတန်
1X2 ဘရန့်ဖို့ဒ် FC @ 2.07
အဲဗာတန် အာရှ အကျောပေး +0.25 @ 2.16
ဂိုး‌ပေါ်် 2.50 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

မဲခွဲမှု အပြီး မှာတော့ နေဂဲလ်စ်မန်းက “ အရင်ဆုံး ကျွန်တော့် အတွေးထဲကို ရောက်လာခဲ့တာ ကတော့ လီဝမ်ဒေါစကီးနဲ့ ပြန်တွေ့ရမယ် ဆိုတာပါ၊ ပြီးတော့ ကျွန်တော်တို့တွေ ဘာစီလိုနာနဲ့ ရင်ဆိုင်ရတိုင်း ရယူနိုင်တဲ့ ရလဒ်မျိုး ရမယ်လို့လည်း မျှော်လင့်ထားပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။

ဘေယန်မြူးနစ် ကတော့ ဘာစီလိုနာကို ချန်ပီယံလိဂ်မှာ နောက်ပိုင်း နှစ်တွေထဲမှာ တွေ့ဆုံချိန်တိုင်းလိုလို ကြီးမားတဲ့ ဂိုးပြတ် ရလဒ်တွေနဲ့ အနိုင်ရနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။


တိုက်စစ်မှူးဟောင်း ဟာလန်းနဲ့ ပြန်လည် ရင်ဆိုင်ရတော့မယ့် ဒေါမန်

ချန်ပီယံလိဂ် အုပ်စု (G) မှာ မန်ချက်စတာစီးတီးနဲ့ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်တို့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီးနောက် အာလင် ဟာလန်း အနေနဲ့ အသင်းဟောင်း ဒေါ့မန်နဲ့ ချက်ချင်းဆိုသလိုကို ပြန်လည် ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။ ဟာလန်းဟာ ဒေါ့မန်ကနေ မန်စီးတီးကို ဒီနှစ် နွေရာသီကမှ ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြိး ချန်ပီယံလိဂ်မှာ အသင်းဟောင်းနဲ့ ပြန်ရင်ဆိုင်ရတော့မှာမို့ ဘာဆာနဲ့ ဘေယန်တို့ အုပ်စုလိုပဲ စိတ်ဝင်စားစရာ ကောင်းနေတာလည်း ဖြစ်ပါတယ်။

ဒေါ့မန်ရဲ့ အဓိက ဂိုးသွင်းစက် ဖြစ်ခဲ့တဲ့ ဟာလန်းကို မန်စီးတီးက ပေါင်သန်း ၆၀ နဲ့ ခေါ်ယူခဲ့ပြီး လက်ရှိမှာ ဟာလန်းက ပရီးမီးယားလိဂ် မှာလည်း ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။ ဒေါ့မန် ကတော့ ဘွန်ဒက်လီဂါမှာ အနည်းငယ် ရုန်းကန်နေရပြီး ထင်မှတ်ထားတဲ့ ရှုံးပွဲတွေ ရင်ဆိုင်နေရကာ အခက်တွေ့နေချိန် ဖြစ်နေပါတယ်။

ချန်ပီယံလိဂ် အုပ်စု (G) မှာ မန်ချက်စတာစီးတီးနဲ့ ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်တို့ တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီးနောက် အာလင် ဟာလန်း အနေနဲ့ အသင်းဟောင်း ဒေါ့မန်နဲ့ ချက်ချင်းဆိုသလိုကို ပြန်လည် ရင်ဆိုင်ရတော့မှာလည်း ဖြစ်ပါတယ်။
အခုနွေရာသီမှာ ဒေါ့မန် ကနေ မန်စီးတီး အသင်းထံ ပေါင်သန်း ၆၀ ကျော်နဲ့ ပြောင်းရွှေ့ခဲ့တာ ဟာလန်း

ဒီတွေ့ဆုံမှုကို ပရိသတ်တွေ ကလည်း တော်တော်လေး စိတ်ဝင်စားနေပြီး ဟာလန်း တစ်ယောက် အသင်းဟောင်း ဒေါ့မန်နဲ့ အတွေ့မှာ ဘာတွေလုပ်ပြနိုင်မလဲ ဆိုတာ စောင့်ကြည့်ဖို့ စိတ်အား ထက်သန်နေတယ်လို့လည်း သိရပါတယ်။ ဒီအုပ်စု မှာတော့ သူတို့ နှစ်သင်းနဲ့အတူ ဆီဗီလာ၊ ကိုပင်ဟေဂင် တို့လည်း ကျရောက်နေပြီး မန်စီးတီး အတွက်တော့ အုပ်စုချောင်တဲ့ အနေအထားမှာ ရှိနေပါတယ်။


ချန်ပီယံလိဂ်ပွဲတွေ ကစားဖို့ မစောင့်ဆိုင်းနိုင်အောင် ဖြစ်နေတဲ့ နော်အာ

ဘေယန်မြူးနစ် အသင်းခေါင်းဆောင် ဂိုးသမား မန်နူရယ် နော်အာ ကတော့ ချန်ပီယံလိဂ် အုပ်စု အဆင့် မဲခွဲမှုတွေ အပြီး မှာတော့ ကစားဖို့ မစောင့်နိုင်တော့ဘူးလို့ ပြောဆိုလိုက်ပါတယ်။ ဘေယန်မြူးနစ်ဟာ အင်တာမီလန်၊ ဘာစီလိုနာ၊ ဗစ်တိုးရီးယား ပယ်လ်ဇန်တို့နဲ့ အတူ တစ်အုပ်စုတည်း ကျရောက်နေပြီး မရဏ အုပ်စု အဖြစ်လည်း သတ်မှတ်ခံထားရပါတယ်။

“ ဘာစီလိုနာနဲ့ အင်တာမီလန်တို့ ကို ဒီအုပ်စုမှာ သတိထားရမှာပါ၊ အသင်းကောင်း နှစ်သင်း ဖြစ်ပြီးတော့ ကြီးကျယ် ခမ်းနားတဲ့ ကွင်းကြီးတွေလည်း သူတို့ ပိုင်ဆိုင်ထားတာပါ၊ ဒီအုပ်စုကို ကစားဖို့ အတွက် ကျွန်တော် စိတ်အား ထက်သန်နေပါပြီ။ ရောဘတ်လီဝမ်ဒေါစကီးနဲ့ ပြန်ရင်ဆိုင်ရမှာ ကိုလည်း စိတ်လှုပ်ရှားမိပါတယ်၊ ကျွန်တော် တို့ရဲ့ ရည်မှန်းချက် ကတော့ ရှုံးထွက်အဆင့်ကို တက်ရောက်ဖို့ပါ၊ ပယ်လ်ဇန် ကိုလည်း လျှော့တွက်လို့ မရပါဘူး” လို့ နော်အာက ပြောဆိုခဲ့ပါတယ်။

ဘေယန်မြူးနစ်ရဲ့ ပထမဂိုးသမား အဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူလာခဲ့တဲ့ နော်အာဟာ အတွေ့အကြုံရင့် ဂိုးသမားတစ်ဦး ဖြစ်ရုံ သာမက ကမ္ဘာ့အဆင့် ဂိုးသမား အဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ မှာတော့ လက်စွမ်းပိုင်း အနည်းငယ် ကျဆင်းနေပြီ ဖြစ်ကာ အသင်းဖော်ဟောင်း လီဝမ်ဒေါစကီးနဲ့ ပြန်လည် ရင်ဆိုင်ချိန်မှာ အကောင်းဆုံး တုံ့ပြန်နိုင်ပါ့မလား ဆိုတာ သံသယ ဖြစ်စရာတော့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်