နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ (၂၄/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၂၄ ရက်နေ့ မနက်ခင်းရဲ့ ဘွန်ဒက်စ်လီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


လိုက်ပ်ဇစ်ကို ရောက်ရှိဖို့ နီးစပ်နေတဲ့ ရာယမ်

ဒေါ့မန်က ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဟော့ဖန်ဟိမ်း နောက်ခံလူ ဒေးဗစ် ရာယမ် ကတော့ နောက်ထပ် ဘွန်ဒက်စ်လီဂါ ကလပ် အသင်း တစ်သင်း ဖြစ်တဲ့ လိုက်ပ်ဇစ်ကို ပြောင်းရွှေ့ဖို့ တော်တော်လေး နီးစပ်နေပြီလို့ သိရပါတယ်။ အသက် ၂၄ နှစ် အရွယ် ဂျာမန် လက်ရွေးစင် ဘယ်နောက်ခံလူ အတွက် လိုက်ပ်ဇစ်တို့ ယူရို သန်း ၃၀ နဲ့ ၃၅ သန်း ကြား ပေးချေရဖို့ ရှိနေပါတယ်။

ဒီကစားသမားကို ခေါ်ယူဖို့ ဒေါ့မန် ဘက်က ကာလရှည် ပစ်မှတ်ထားခဲ့ပေမယ့်လည်း ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲတွေကြောင့် ရာယမ် အတွက် တရားဝင် ကမ်းလှမ်းမှု ပြုလုပ်နိုင်ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ဒီအခြေအနေကို စောင့်ကြည့်နေတဲ့ လိုက်ပ်ဇစ်တို့ လျင်လျင်မြန်မြန် လှုပ်ရှားပြီး ရာယမ်ကို လက်ဦးမှု ရယူသွားခဲ့တာ ဖြစ်ပါတယ်။

အဓိက, ကတော့ ဒေါ့မန် အနေနဲ့ အသင်းရဲ့ နောက်ခံလူ မန်ဝဲလ် အကန်ဂျီကို ရောင်းထုတ်နိုင်ခဲ့ရင် ရာယမ်ကို ခေါ်ယူနိုင်ဖို့ ရှိပေမယ့် အကန်ဂျီကို ခေါ်ယူချင်တဲ့ အသင်း မရှိတာကြောင့်လည်း အခုလို အခက်တွေ့သွားခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိ အပြောင်းအရွှေ့မှာ ဝုဖ်ဘတ်က ရှာဗာ ရှလက်ဂါ၊ ယန်းနစ် ဘလက်စ်ဝစ်ချ် တို့ နှစ်ဦးသာ ခေါ်ယူ အားဖြည့်ထားနိုင်သေးတဲ့ လိုက်ပ်ဇစ် အတွက်တော့ ရာယမ်ဟာ တတိယမြောက် ခေါ်ယူမှုလည်း ဖြစ်လာတော့မှာပါ။


မန်ဂါလာ အတွက် ဖောရက်စ်ရဲ့ ကမ်းလှမ်းမှုကို စတုဂတ် ပယ်ချ

နော့တင်ဟမ်ဖောရက်စ်ဟာ ဂျာမန် ဘွန်ဒက်စ်လီဂါ ကလပ် စတုဂတ်ရဲ့ ကွင်းလယ်လူ အိုရဲလ် မန်ဂါလာကို ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန် ပယ်ချခဲ့ပါတယ်။ ဒီကစားသမား အတွက် နော့တင်ဟမ်ဖောရက်စ်က ယူရို ၁၁ သန်းနဲ့ ကမ်းလှမ်းခဲ့တာပါ။

ဒါပေမယ့် စတုဂတ် ဘက်က ငြင်းဆန်ပယ်ချခဲ့ပြီး ကစားသမား ကိုယ်တိုင် ကတော့ သူ့အနာဂတ်အတွက် စဥ်းစားနေဆဲလို့ သိရပါတယ်။ နော့တင်ဟမ်ဖောရက်စ် ဘက်ကတော့ မန်ဂါလာအတွက် လာမယ့် ရက်ပိုင်း အတွင်း ပြောင်းရွှေ့ကြေး တိုးမြှင့်ကမ်းလှမ်းသွားဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် အသက် ၂၄ နှစ် အရွယ် ဘယ်ဂျီယံ ကွင်းလယ်လူဟာ အသင်း ပရိသတ်တွေ နှုတ်ဆက်ထားခဲ့ပြီး လာမယ့် တစ်ပတ် အတွင်း အသင်းပြောင်းရွှေ့ဖို့ ရှိနေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

မန်ဂါလာရဲ့အေးဂျင့် ဘက်ကလည်း ကစားသမားအနေနဲ့ အသင်းအပေါ် လေးစားမှု ထားရှိပြီး လာမယ့်ရာသီမှာ စတုဂတ် အတွက်သာ ဆက်လက် ကစားဖွယ် ရှိတယ်လို့လည်း ပြောကြားထားပါတယ်။ နော့တင်ဟမ်ဖောရက်စ်ဟာ ယူနိုက်တက် အကယ်ဒမီထွက် လင်ဂတ်ကို တစ်နှစ် စာချုပ်နဲ့ ပူပူနွေးနွေး ခေါ်ယူထားတဲ့ အသင်း ဖြစ်ပြီး လာမယ့်ရာသီ ပရီးမီးယားလိဂ်မှာ ရှင်ကျန်နိုင်ရေး အတွက် အသင်းကို အင်အားဖြည့်တင်းမှုတွေ ဆက်တိုက် ပြုလုပ်နေခဲ့တာ ဖြစ်ပါတယ်။


ခြေစမ်းပွဲမှာ မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ ဘေယန်မြူးနစ်

ဒီပွဲမှာ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် အတွက် ဆာဒီယို မာနေး ပါဝင်ကစားခဲ့ခြင်း မရှိဘဲ ဂျော်ရွှာ ကင်မစ်ချ် ကတော့ ပွဲစဉ် အစအဆုံး ပါဝင်ကစားသွားခဲ့ပါတယ်။
လာမယ့် ပွဲစဉ် အဖြစ် လိုက်ပ်ဇစ်နဲ့ ဂျာမန် စူပါဖလား ကစားဖို့ ရှိနေတဲ့ ဘေယန်မြူးနစ်

ဒီကနေ့ မနက်အစောပိုင်းမှာ ကစားခဲ့တဲ့ ဘေယန်မြူးနစ်နဲ့ မန်စီးတီးတို့ရဲ့ ရာသီကြို ခြေစမ်းပွဲမှာ မန်ချက်စတာစီးတီးက တိုက်စစ်မှူးသစ် အာလင်း ဟာလန်းရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

ဒီပွဲမှာ ဘွန်ဒက်စ်လီဂါ ထိပ်သီး ဘေယန်မြူးနစ် အတွက် ဆာဒီယို မာနေး ပါဝင်ကစားခဲ့ခြင်း မရှိဘဲ ဂျော်ရွှာ ကင်မစ်ချ် ကတော့ ပွဲစဉ် အစအဆုံး ပါဝင်ကစားသွားခဲ့ပါတယ်။ ဒါ့အပြင် ဒီစီယူနိုက်တက်နဲ့ ပွဲတုန်းက ဒဏ်ရာ ရရှိခဲ့တဲ့ နောက်ခံလူသစ် ဒီလစ်ဂျ်လည်း ဒီနေ့ပွဲမှာ ပြန်လည် ပါဝင်လာခဲ့ပါတယ်။

နှစ်သင်းစလုံး အဓိက ကစားသမား အစုံအလင် နီးပါး ပွဲထွက်ခဲ့ပေမယ့် မန်စီးတီးတို့ ကစားအား ပိုကောင်းခဲ့ပါတယ်။ အဓိက ဘေယန်မြူးနစ်တို့ တိုက်စစ်ပိုင်း အားနည်းခဲ့သလို မန်စီးတီး ကွင်းလယ်က ဒီဘရိုင်းနား ရိုဒရီ တို့ကလည်း ပြိုင်ဘက်ကို အကောင်းဆုံး ထိန်းချုပ် ကစားသွားနိုင်ခဲ့တာ တွေ့ရပါတယ်။

ဘေယန်မြူးနစ်ဟာ လာမယ့် ဇူလိုင်လ ၃၁ ရက်နေ့မှာ ဂျာမန်စူပါဖလား ဗိုလ်လုပွဲ အဖြစ် လိုက်ပ်ဇစ်နဲ့ ယှဉ်ပြိုင် ကစားရဦးမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်