နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ (၂၀/၇/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇူလိုင်လ ၂၀ ရက်နေ့ အထိ ရရှိထားသမျှ စိတ်ဝင်စားစရာ ဘွန်ဒက်စ်လီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဟယ်ရီကိန်းကို ခေါ်ယူဖို့ဟာ အိပ်မက် တစ်ခုလို့ ဖွင့်ဟလိုက်တဲ့ အိုလီဗာခန်း

ဘေယန်မြူးနစ်ရဲ့ အမှုဆောင် အရာရှိချုပ် အိုလီဗာခန်းက တော့တင်ဟမ်ဟော့စပါး တိုက်စစ်မှူး ဟယ်ရီကိန်းကို ခေါ်ယူဖို့ဟာ အိပ်မက်တစ်ခု ဖြစ်တယ်လို့ ဖွင့်ဟလိုက်ပါတယ်။ ဒါပေမယ့်လည်း ဘွန်ဒက်စ်လီဂါ ချန်ပီယံတို့ အနေနဲ့ လက်ရှိ နွေရာသီ မှာတော့ အင်္ဂလန် တိုက်စစ်မှူးကို ခေါ်ယူဦးမှာ မဟုတ်ဘူးလို့လည်း ခန်းက ဆက်လက် ပြောကြားထားပါတယ်။

ဘေယန်မြူးနစ်ဟာ လက်ရှိ နွေရာသီမှာ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ဘာစီလိုနာ အသင်းထံ လက်လွှတ်ထားရပြီး အထောင် တိုက်စစ် နေရာ အတွက် တိုက်ရိုက် အစားထိုးဖို့ ရှိ၊ မရှိ ကိုလည်း အခုချိန်ထိ သေသေချာချာ မသိရသေးသလို ဟယ်ရီကိန်းကို ခေါ်ယူဖို့ ဆိုတာ ကလည်း ကောလာဟလ အဆင့်ပဲ ရှိပါသေးတယ်။ လစ်ဗာပူးလ် ကစားသမားဟောင်း လူးဝစ် ဂါစီယာ ကတော့ ဟယ်ရီကိန်းဟာ စပါး အသင်းဖော်တွေရဲ့ ဆွဲချခြင်း ခံနေရပြီး ဘေယန်မြူးနစ် အသင်းကို ပြောင်းရွှေ့သင့်တယ်လို့ အကြံပြုထားပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်လို့ အိုလီဗာခန်းက “ဟယ်ရီကိန်းက စပါးနဲ့ စာချုပ် သက်တမ်း ကျန်ရှိ နေပါသေးတယ်။ သူက သေချာပေါက် ထိပ်တန်း တိုက်စစ်မှူး တစ်ယောက်ပါ။ ဒါပေမယ့် ဒါတွေက အနာဂတ် အတွက် အိပ်မက် တစ်ခုပါပဲ” လို့ ပြောကြားသွားခဲ့ပါတယ်။

ဘန်ဒက် လီဂါ
ဒေါ့မွန်
လေဗာကူဆင်
1X2 လေဗာကူဆင် @ 2.71
ဒေါ့မွန် အာရှ အကျောပေး -0.50 @ 2.11
ဂိုး‌အောက် 3.25 @ 2.05
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

အာဆင်နယ် တိုက်စစ်မှူးကို ခေါ်ယူဖို့ ဘွန်ဒက်စ်လီဂါ အသင်းတွေ စိတ်ဝင်စားနေ

အာဆင်နယ်ရဲ့ လူငယ် တိုက်စစ်မှူး ဖိုလာရင် ဘယ်လိုဂန်းကို အငှားနဲ့ ခေါ်ယူဖို့ အင်္ဂလန် ချန်ပီယံရှစ် အသင်းတွေနဲ့ အပြိုင် ဘွန်ဒက်စ်လီဂါ ကလပ်တွေ ကလည်း စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

ဘယ်လိုဂန်းဟာ အသင်းကို ဂျေဆုစ် ရောက်ရှိလာတာ၊ အန်ကီတီယာကို စာချုပ်သစ် ချုပ်ဆို လိုက်တာတွေကြောင့် လာမယ့် ရာသီ မှာလည်း အငှားနဲ့ ထွက်ကစားရဖို့ ရှိနေသူ ဖြစ်ပါတယ်။ အသက် ၂၁ နှစ် အရွယ် အင်္ဂလန် လူငယ် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီရဲ့ ဒုတိယ ရာသီဝက် မှာလည်း ချန်ပီယံရှစ် ကလပ် မစ်ဒယ်ဘရော့မှာ အငှားနဲ့ သွားရောက် ကစားခဲ့ရပါသေးတယ်။

Sky Sport ဖော်ပြချက် အရ အာဆင်နယ်ဟာ အမေရိကန် ခြေစမ်း ခရီးစဉ် ပြီးတဲ့နောက်မှာ ကစားသမား အတွက် ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားသွားမယ်လို့ သိရပါတယ်။ ဘယ်လိုဂန်းဟာ အင်္ဂလန်ရဲ့ သက်တမ်း အလိုက် လူငယ် အသင်းတွေမှာ ကစားခဲ့ပေမယ့် နိုင်ဂျီးရီးယား လက်ရွေးစင်ကို ကိုယ်စားပြုဖို့ ရွေးချယ်ခွင့် ရှိနေဆဲ ကစားသမားလည်း ဖြစ်ပါတယ်။


ဝှေးစေ့ အကြိတ် ရောဂါ ခံစားနေရတဲ့ ဒေါ့မန် တိုက်စစ်မှူးသစ်

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ရဲ့ တိုက်စစ်မှူးသစ် ဆဘက်ရှန် ဟော်လာ ဟာ ဝှေးစေ့ အကြိတ် ရောဂါကို ခံစား နေရတယ်လို့ သိရပါတယ်။
လက်ရှိ နွေရာသီ အပြောင်းအရွှေ့ကမှ ပေါင် ၃၁ သန်းနဲ့ ဒေါ့မန် ကို ပြောင်းရွှေ့လာတဲ့ ဆဘက်ရှန် ဟော်လာ

ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မန်ရဲ့ တိုက်စစ်မှူးသစ် ဆဘက်ရှန် ဟော်လာ ဟာ ဝှေးစေ့ အကြိတ် ရောဂါကို ခံစား နေရတယ်လို့ သိရပါတယ်။ ဒီကစားသမားဟာ တနင်္လာ မနက်မှာ နေထိုင်မကောင်း ဖြစ်ခဲ့တာကြောင့် စစ်ဆေးခဲ့ရာမှာ အခုလိုပဲ ရောဂါ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဟော်လာက လက်ရှိ နွေရာသီ အပြောင်းအရွှေ့ ကမှ အေဂျက်စ် ကနေ ဒေါ့မန်ကို ပေါင် ၃၁ သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။ လက်ရှိ ဟော်လာရဲ့ ရောဂါ အခြေအနေကို ဒေါ့မန် အသင်း ဘက်ကလည်း အတည်ပြုထားပါတယ်။ ဟော်လာ အနေနဲ့ ဒေါ့မန် နဲ့အတူ ရာသီကြို ခြေစမ်း ခရီးစဉ် အဖြစ် ဆွစ်ဇာလန်ကို ရောက်ရှိ နေရာကနေ ဂျာမနီကို ပြန်ခဲ့ရပြီး အသေးစိတ် ဆေးစစ်မှုတွေ ထပ်မံ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဟော်လာဟာ ပြီးခဲ့တဲ့ ရာသီက အသင်းဟောင်း အေဂျက်စ် အတွက် ပြိုင်ပွဲစုံ ၃၄ ဂိုး သွင်းယူခဲ့ပြီး သူ့ရဲ့ ကစားသမား ဘဝတလျှောက် ဂိုးအများဆုံး သွင်းနိုင်တဲ့ ရာသီတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်