နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နယ်သာလန် အသင်းရဲ့ သမိုင်းကြောင်းနဲ့ သိထားသင့်သော အချက်အလက်များ | ၂၀၂၂ ကမ္ဘာ့ဖလား

အခုတစ်ခါ မှာတော့ ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲဝင် နယ်သာလန် အသင်းရဲ့ သမိုင်းကြောင်း၊ အောင်မြင်မှုနဲ့ သိထားသင့်တဲ့ အချက်အလက် တချို့ကို SBOTOP ပရိသတ်တွေ အတွက် ဖော်ပြပေးချင်ပါတယ်။


နယ်သာလန် လက်ရွေးစင် အသင်း အကျဉ်းချုပ်

နယ်သာလန်တို့ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၁၁ ကြိမ်မြောက် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရခဲ့တာ ဖြစ်ပြီး ဥရောပဇုန် အုပ်စု Gရဲ့ အုပ်စုဗိုလ် အဖြစ်နဲ့ ခြေစစ်ပွဲ အောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ နာမည်ပြောင် လိမ္မော်ရောင် ဟော်လန်များလို့ ခေါ်တာ နယ်သာလန်ဟာ ၁၈၈၉ ခုနှစ်မှာ စတင်တည်ထောင်ပြီး ၁၉၀၄ မှာ ဖီဖာ အဖွဲ့ဝင် နိုင်ငံ၊ ၁၉၅၄ ခုနှစ် မှာတော့ ယူအီးအက်ဖ်အေ အဖွဲ့ဝင် ဖြစ်ခဲ့ပါတယ်။ ဒက်ချ်တို့ဟာ အစဉ်အလာ ရှိတဲ့ ဘောလုံး အင်အားကြီး နိုင်ငံ ဖြစ်ပေမယ့် ကမ္ဘာ့ဖလား မှာတော့ ဒုတိယ ၃ ကြိမ် ရခဲ့တာ ကလွဲရင် ဆုဖလား ကိုင်မြှောက်ဖူးခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား တုန်းက ခြေစစ်ပွဲ မအောင်ခဲ့တဲ့ ဒက်ချ်တို့ ဒီတစ်ကြိမ် မှာတော့ နည်းပြဟောင်း လူးဝစ် ဗန်ဟားလ်နဲ့ အတူ ခြေစစ်ပွဲ အဆင့်ကို အကောင်းဆုံး ဖြတ်သန်းပြီး ကာတာ သွားခွင့် လက်မှတ် ရခဲ့တယ်လို့ ပြောလို့ ရပါတယ်။ ဥရောပဇုန် အုပ်စု G ကနေ ၇ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံး၊ ၂၅ မှတ်နဲ့ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်လာတာ ဖြစ်ပြီး လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှု အရလည်း အားရစရာ ကောင်းနေတဲ့ အသင်းပါ။ ယူရို ၂၀၂၀ ပြီးကတည်းက လက်ရှိ အချိန်ထိ ရှုံးပွဲ လုံးဝ မရှိသေးသလို ပူပူနွေးနွေး ကစားထားတဲ့ နေးရှင်းလိဂ် မှာလည်း ခြေစွမ်းပြပြီး အုပ်စု ထိပ်ဆုံး ကနေ ဦးဆောင်နေပါတယ်။ လူငယ်လူကြီး မျှမျှတတ ပေါင်းစပ် စုဖွဲ့ထားတဲ့ နယ်သာလန်တို့ ကြီးကြီးမားမား ခြေမချော်ရင်တော့ အစဉ်အလာ အတိုင်း ရှုံးထွက်အဆင့်ကို သာသာယာယာ တက်လှမ်းနိုင်ဦးမှာ သေချာပါတယ်။

အမည်ပြောင် – ပျံသန်းနေသော နယ်သာလန်၊ လိမ္မောရော် ဟော်လန်

အဖွဲ့ချုပ် – တော်ဝင် ဒက်ချ် ဘောလုံး အဖွဲ့ချုပ် (KNVB)

စတင် တည်ထောင်သည့် ခုနှစ် – ၁၈၈၉

အရောင် – လိမ္မော်ရောင်၊ အဖြူရောင်နှင့် အမဲရောင်

နည်းပြချုပ် – လူးဝစ် ဗန်ဟားလ်

အသင်းခေါင်းဆောင် – ဗာဂရယ် ဗန်ဒိုက်ခ်

ပွဲအများဆုံး ကစားထားသူ – ဝက်စ်လေ ရှနိုက်ဒါ (၁၃၄ ပွဲ)

ဂိုးအများဆုံး သွင်းထားသူ – ရော်ဘင် ဗန်ပါစီ (၅၀ ဂိုး)

ဖီဖာ အဆင့် ရပ်တည်မှု – ၈ (၂၀၂၂ ခုနှစ် ဇွန်လ အထိ)


ပထမဦးဆုံး နိုင်ငံတကာပွဲ

ဘယ်ဂျီယံ ၁-၄ နယ်သာလန် (ဧပြီလ ၃၀ ရက်၊ ၁၉၀၅ ခုနှစ်)


အကြီးမားဆုံး နိုင်ပွဲ

နယ်သာလန် ၁၁-၀ ဆန်မာရီနို (စက်တင်ဘာ ၂ ရက်၊ ၂၀၁၁ ခုနှစ်)


အကြီးမားဆုံး ရှုံးပွဲ

အင်္ဂလန် ဝါသနာရှင်များ ၁၂-၂ နယ်သာလန် (ဒီဇင်ဘာလ ၂၁ ရက်၊ ၁၉၉၇ ခုနှစ်)


ကမ္ဘာ့ဖလား မှတ်တမ်းနဲ့ အောင်မြင်မှု

နယ်သာလန်တို့ ဒုတိယအကြိမ်မြောက် ကျင်းပတဲ့ ၁၉၃၄ အီတလီ ကမ္ဘာ့ဖလား မှာ စတင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၁၆ သင်း အဆင့်ကို ရောက်ရှိခဲ့သလို ၁၉၃၈ ပြင်သစ် ကမ္ဘာ့ဖလား မှာလည်း ၁၆ သင်း အဆင့်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။ အဲ့နောက် ၁၉၅၀ ကနေ ၁၉၇၀ အထိ ကမ္ဘာ့ဖလားနဲ့ ဝေးကွာနေခဲ့တဲ့ နယ်သာလန်တို့ ၁၉၇၄ နဲ့ ၁၉၇၈ တို့မှာတော့ ၂ ကြိမ် ဆက်တိုက် ဒုတိယ ရခဲ့ပါတယ်။ ၁၉၈၂ နဲ့ ၁၉၈၆ ကမ္ဘာ့ဖလား မှာတော့ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း မရှိပဲ ၁၉၉၀ အီတလီ ကမ္ဘာ့ဖလား မှာ ၁၆ သင်း ရှုံးထွက်အဆင့် ပြန်လည် တက်လှမ်းနိုင်ခဲ့ပါတယ်။ အဲ့နောက် ၁၉၉၄ မှာ ကွာတားဖိုင်နယ်၊ ၁၉၉၈ မှာတော့ စတုတ္ထ၊ ၂၀၀၆ မှာ ၁၆ သင်း အဆင့်၊ ၂၀၁၀ မှာ ဒုတိယ၊ ၂၀၁၄ မှာ တတိယ ရရှိခဲ့ပြီး ၂၀၀၂ နဲ့ ၂၀၁၈ တို့မှာတော့ ခြေစစ်ပွဲ မအောင်မြင်ခဲ့ပါဘူး။


အခြား အောင်မြင်မှု

နယ်သာလန်တို့ ကမ္ဘာ့ဖလားမှာ ချန်ပီယံဆု ကိုင်မြှောက်ဘူးခြင်း မရှိရုံ သာမက နိုင်ငံအဆင့် နောက်ထပ် ပြိုင်ပွဲကြီး တစ်ခု ဖြစ်တဲ့ ယူအီးအက်ဖ်အေ ဥရောပချန်ပီယံရှစ် မှာလည်း ၁၉၈၈ ခုနှစ်က ချန်ပီယံ ၁ ကြိမ်သာ ဖြစ်ထားခဲ့ပါတယ်။ ၂၀၁၉ နေးရှင်းလိဂ် မှာလည်း ချန်ပီယံဆုနဲ့ အနီးဆုံးကို ရောက်ရှိခဲ့ပေမယ့် ပေါ်တူဂီကို ရှုံးနိမ့်ပြီး ဒုတိယနဲ့ပဲ ကျေနပ်ထားရသလို အိုလံပစ် ပြိုင်ပွဲ မှာလည်း ငွေတံဆိပ် ၃ ဆု သာ ရရှိထားခဲ့ပါတယ်။

၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု G ကနေ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ နယ်သာလန်တို့ ကာတာ၊ ဆီနီဂေါ၊ အီကွေဒေါတို့ ပါဝင်တဲ့ အုပ်စု A ကနေ ဝင်ရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။


ကစားမည့် ရက်

ဆီနီဂေါ – နယ်သာလန် (နိုဝင်ဘာ ၂၁)

နယ်သာလန် – အီကွေဒေါ (နိုဝင်ဘာ ၂၅)

နယ်သာလန် – ကာတာ (နိုဝင်ဘာ ၂၉)


ချန်ပီယံ ဖြစ်ရန် အလေးပေးမှု

+၁၄၀၀


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်