နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ (၂၀/ ၆/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇွန်လ ၂၀ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ဘွန်ဒက်စ်လီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

စပါးပစ်မှတ် နောက်ခံလူ ဟင်ကပ်ပီ အတွက် တန်ကြေး သတ်မှတ်လိုက်တဲ့ လေဗာကူဆင်

တော့တင်ဟမ်ဟော့စပါးက စိတ်ဝင်စားနေတဲ့ အီကွေဒေါ ခံစစ်မှူး ပီယာရို ဟင်ကပ်ပီ ကိုတော့ ဘွန်ဒက်စ်လီဂါ ကလပ် လေဗာကူဆင် အသင်း ဘက်က ပြောင်းရွှေ့ကြေး ပေါင် ၃၄ သန်း သတ်မှတ်လိုက်ပါတယ်။ အန်တိုနီယို ကွန်တီ အနေနဲ့ ဘယ်နောက်ခံ နေရာကို အင်အား ဖြည့်တင်းလိုနေပြီး အစောပိုင်းက ဘက်စတိုနီကို ကြိုးစားခဲ့သေးပေမယ့်လည်း ကစားသမားက အင်တာမီလန်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာကြောင့် ဟင်ကပ်ပီဘက် မျှားဦးလှည့်လာခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၀ အရွယ်သာ ရှိသေးတဲ့ အီကွေဒေါ လက်ရွေးစင်ဟာ ဗဟိုခံစစ်မှာ သာမက ဘယ်နောက်ခံ နေရာမှာပါ ကစားနိုင်တာကြောင့် ကွန်တီ ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်။ ဟင်ကပ်ပီဟာ ပြီးခဲ့တဲ့ ရာသီက လေဗာကူဆင် အသင်း အတွက် ပြိုင်ပွဲစုံ ၃၃ ပွဲ ကစားခဲ့ရာမှာ ခြေစွမ်း ခြေစတွေ ထုတ်ပြထားနိုင်သူလည်း ဖြစ်ပါတယ်။ နိုင်ငံလက်ရွေးစင်အသင်း အတွက် ၁၉ ပွဲ ကစားပေးထားခဲ့ပြီး အီကွေဒေါတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရေး အတွက် အဓိက နေရာက စွမ်းဆောင်ပေးခဲ့သူလို့လည်း ဆိုနိုင်ပါတယ်။

စပါးရဲ့ ဘယ်နောက်ခံ နေရာမှာ ဘန်ဒေးဗီးစ်နဲ့ ရက်ဂီလောင်းတို့ ကစားနေပေမယ့် ရက်ဂီလောင်းဟာ မကြာခဏ ဒဏ်ရာရတတ်တာကြောင့် ကွန်တီ အနေနဲ့ ဟင်ကပ်ပီကို ရေရှည် အတွက် အရခေါ်ယူချင်နေတာ ဖြစ်ပါတယ်။ လက်ရှိ နွေရာသီ အပြောင်းအရွှေ့မှာ စပါးတို့ ကစားသမား ၃ ဦး အားဖြည့်ထားနိုင်ပြီး ဘရိုက်တန်က ဘစ်ဆူးမား၊ အင်တာမီလန်က ပါရီဆစ်နဲ့ ဆောက်သမ်တန် ဂိုးသမား ဖရေဆာ ဖော်စတာ တို့ကို ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။


ဆဘက်ရှန် ဟယ်လာကို ယူရို ၃၃ သန်း+အပိုဆုကြေးနဲ့ ကမ်းလှမ်းလိုက်တဲ့ ဒေါ့မန်

ဘွန်ဒက်စ်လီဂါ ထိပ်သီး အသင်း တစ်သင်း ဖြစ်တဲ့ ဒေါ့မန် ကတော့ အေဂျက်စ် အသင်းရဲ့ တိုက်စစ်မှူး ဆဘက်ရှန် ဟယ်လာကို တရားဝင် ကမ်းလှမ်းလိုက်ပြီလို့ သိရပါတယ်။ နာမည်ကြီး သတင်းထောက် ဖာဘရီစီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဒေါ့မန်တို့ ယူရို ၃၃ သန်း+အပိုဆုကြေးနဲ့ ကမ်းလှမ်းခဲ့တာ ဖြစ်ပြီး ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိထားပြီးပြီလို့ သိရပါတယ်။

ကေလိဂ်
ဂျွန်ဘက်ခ် မော်တာ
ဆူဝန် ဘလူးဝင်းစ်
1X2 သရေ @ 3.35
ပထမပိုင်း ဂိုးအောက် 0.75 @ 2.11
ဂိုးပေါင်း 0-1 @ 2.36
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒေါ့မန်တို့ အာလင်း ဟာလန်းကို မန်ချက်စတာစီးတီး အသင်းထံ ယူရို သန်း ၆၀ နဲ့ ရောင်းချပြီး‌နောက် လစ်လပ်နေတဲ့ အထောင်တိုက်စစ် နေရာ အတွက် ဂိုးသွင်းသေချာတဲ့ ကစားသမား တစ်ဦး ရှာဖွေနေခဲ့တာ ဖြစ်ပြီး စတုဂတ်က ကာလက်ဂျစ်၊ လေဗာကူဆင်က အလာရီယို၊ လီဂူးဝမ်း ကလပ် ရိုင်းမ်စ်က ဟူဂို အီကီတီကီ တို့ကိုလည်း စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

လာမယ့်ရာသီ အတွက် ဒေါ့မန်တို့ ကစားသမားသစ် ၆ ဦး အထိ အားဖြည့်ထာပြီး ခံစစ် အတွက် ဘေယန်မြူးနစ်က နစ်ကလပ်စ် ဇူလာ၊ ဖရိုင်းဘတ်က နီကို ရှလော့တာ ဘက်ခ်၊ ကွင်းလယ် အတွက် ကိုလုံးက အော့ဇ်ကန်၊ တိုက်စစ် အတွက် ဆဲလ်ဘတ်က အဒီရီမီ၊ မန်စီးတီးက ဂျေဒန် ဘရက်ဖ်နဲ့ ဂိုး အတွက် မာကယ် လော့ကာ တို့ကို ခေါ်ယူထားပါတယ်။


တစ်ရာသီလုပ်ခ ယူရို ၄ သန်းနဲ့ ဂျာမန်မြေမှာ ပြန်လည်ခြေချဖို့ နီးစပ်နေတဲ့ ဂေါ့ဇီ

ရာသီသစ် အတွက် ကြိုတင် ပြင်ဆင်မှုတွေ ဆက်တိုက် ပြုလုပ်နေတဲ့ ယူရိုပါလိဂ် ချန်ပီယံ ဖရန့်ဖတ် အသင်း ကလည်း ဂျာမနီ လက်ရွေးစင်ဟောင်း မာရီယို ဂေါ့ဇီကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။ လက်ရှိမှာ အသင်း တာဝန်ရှိသူတွေ အနေနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်လျက် ရှိပြီး အသင်း ပိုင်ရှင်တွေရဲ့ သဘောတူညီမှု ရရှိတာနဲ့ ဖရန့်ဖတ်တို့ ဂေါ့ဇီကို တစ်နှစ်လုပ်ခ ယူရို ၄ သန်းနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပါတယ်။

ဂေါ့ဇီကို ပေါ်တူဂီ ကလပ် ဘင်ဖီကာနဲ့ ဒေးဗစ်ဘက်ခမ်း ပူးတွဲတည်ထောင်ထားတဲ့ အင်တာ မီယာမီ အသင်းကလည်း စိတ်ဝင်စားနေပေမယ့် ကစားသမား ကတော့ ချန်ပီယံလိဂ် ကစားချင်တာကြောင့် ဖရန့်ဖတ် ကိုပဲ ရွေးချယ်ဖို့ များနေတာ ဖြစ်ပါတယ်။ ဘင်ဖီကာ အသင်း ဟာလည်း ချန်ပီယံလိဂ် ကစားရဖို့ ရှိပေမယ့် ပလေးအော့ဖ် အဆင့်က စကန်ရမှာ ဖြစ်သလို အင်တာ မီယာမီကို ပြောင်းဖို့ ကလည်း အသက်အရွယ်အရ စောနေသေးတာကြောင့် ဖရန့်ဖတ်တို့ အခြေအနေ ကောင်းနေတယ်လို့ ပြောလို့ ရပါတယ်။ အကယ်၍ ဂေါ့ဇီ အနေနဲ့ ဘွန်ဒက်စ်လီဂါ ကလပ်ဆီ ပြန်လည် ပြောင်းရွှေ့ဖြစ်ခဲ့မယ် ဆိုရင်တော့ ကီဗင် ထရပ် လိုပဲ ဖရန့်ဖတ်ရဲ့ လုပ်ခလစာ အများဆုံး ကစားသမား ဖြစ်လာဖို့ ရှိနေတာပါ။

ဂေါ့ဇီဟာ ပြီးခဲ့တဲ့ ရာသီက ပီအက်စ်ဗွီ အင်ဟိုဗင် အသင်း အတွက် ပြိုင်ပွဲစုံ ၅၂ ပွဲ ကစားခဲ့ပြီး ၁၂ ဂိုး သွင်းကာ၊ ၁၁ ဂိုး ဖန်တီးပေးနိုင်ခဲ့တာကြောင့် ဥရောပကလပ်တွေရဲ့ တဖန် ပြန်ပြီး မျက်စိကျခြင်း ခံနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဂေါ့ဇီဟာ ဘွန်ဒက်စ်လီဂါ ထိပ်သီးတွေ ဖြစ်တဲ့ ဒေါ့မန်နဲ့ ဘေယန်မြူးနစ် တို့မှာ ပြည်တွင်းပြည်ပ ဆုဖလား အောင်မြင်မှု များစွာ ရခဲ့သလို ဂျာမနီ လက်ရွေးစင် အသင်းနဲ့လည်း ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ထားခဲ့ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်