နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘွန်ဒက်စ်လီဂါ နောက်ဆုံးရ သတင်းများ (၁၇/ ၆/၂၀၂၂)

အခုတစ်ခါ မှာတော့ ဇွန်လ ၁၇ ရက်နေ့ မနက်ပိုင်း အထိ နောက်ဆုံး ရရှိထားသမျှ စိတ်ဝင်စားစရာ ဘွန်ဒက်စ်လီဂါ သတင်းတွေကို စုစည်း ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။


ဘေယန်မြူးနစ်ကို ၃ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ မာနေး

လစ်ဗာပူးလ် တိုက်စစ်မှူး ဆာဒီယို မာနေး ကတော့ ဘေယန်မြူးနစ် အသင်းကို ၃ နှစ် စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေး အရ သဘောတူညီမှု ရရှိထားသလို ကလပ် နှစ်ခု အကြား ဆွေးနွေးမှု ကလည်း နောက်ဆုံး အဆင့် ရောက်နေပြီလို့ အပြောင်းအရွှေ့ ကျွမ်းကျင်သူ ဖာဘရီစီယို ရိုမာနိုက ဆိုပါတယ်။ အသက် ၃၀ အရွယ် ဆီနီဂေါ တိုက်စစ်မှူးဟာ မဖြစ်မနေ အသင်းပြောင်းချင်နေပေမယ့် ဘွန်ဒက်စ်လီဂါ ချန်ပီယံရဲ့ ကမ်းလှမ်းမှု ၂ ကြိမ်စလုံး ကိုတော့ လစ်ဗာပူးလ် ဘက်က ပယ်ချထားခဲ့တာ ဖြစ်ပါတယ်။

မာနေးဟာ လစ်ဗာပူးလ်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာ ကျန်ရှိပြီး အကယ်၍ အသင်း ဘက်က လက်မလွှတ်ခဲ့ရင်တော့ လာမယ့် ရာသီကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရရှိမှာ ဖြစ်ပါတယ်။ ဘေယန်မြူးနစ်ဟာ မာနေး အတွက် ပေါင် သန်း ၂၀ ဝန်းကျင်လောက်သာ အသုံးပြုချင်ပေမယ့် လစ်ဗာပူးလ် ဘက်ကတော့ ကစားသမားရဲ့ တန်ကြေးကို ပေါင် ၄၂ သန်း သတ်မှတ်ထားပါတယ်။

နောက်ဆုံးရ သတင်းတွေ မှာတော့ ဘေယန်မြူးနစ် အနေနဲ့ မာနေးကို ပေါင် ၃၄.၆ သန်းနဲ့ တတိယအကြိမ် ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြထားပြီး လစ်ဗာပူးလ် လိုချင်တဲ့ ပမာဏ ထက် နည်းနေသေးပေမယ့် အပြောင်းအရွှေ့ ဖြစ်မြောက်သွားဖွယ် ရှိနေတယ်လို့လည်း သုံးသပ်ကြပါတယ်။ နည်းပြ ကလော့ပ် ကတော့ ကလပ် အသင်း နှစ်ခု အကြား သဘောတူညီချက် ရရင် ကန့်ကွက်သွားမှာ မဟုတ်ကြောင်း ပြောကြားထားပြီး မာနေးရဲ့ အပြောင်းအရွှေ့ ကိစ္စကို ခပ်မြန်မြန် အပြီးသတ်ချင်နေတယ်လို့လည်း သိရပါတယ်။
ဝုဖ်ဘတ် ကွင်းလယ်လူ ရှလက်ဂါကို ခေါ်ယူနိုင်တော့မယ့် လိုက်ပ်ဇစ်

ဂျေလိဂ်
ကာဝါစကီ ဖရန့်တေးလ်
ကွန်စာဒိုးလ် စပ်ပိုရို
1X2 ကွန်စာဒိုးလ် စပ်ပိုရို @ 4.90
ကာဝါစကီ ဖရန့်တေးလ် အာရှ အကျောပေး -1.25 @ 2.42
ဂိုး‌အောက် 2.50 @ 2.33
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

နောက်ထပ် ဘွန်ဒက်စ်လီဂါ အသင်းကြီး တစ်သင်း ဖြစ်တဲ့ လိုက်ပ်ဇစ် ကတော့ ဝုဖ်ဘတ် ကွင်းလယ်လူ ရှာဗာ ရှလက်ဂါကို အပြီးသတ် ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ လိုက်ပ်ဇစ်တို့ ရှလက်ဂါကို ဘေယန်မြူးနစ် အသင်းထံ လက်လွှတ်ရဖွယ် ရှိနေတဲ့ ကွန်ရက်ဒ် လိုင်မာ နေရာမှာ အစားထိုးဖို့ ရည်ရွယ်ထားတာ ဖြစ်ပြီး အသက် ၂၄ နှစ် အရွယ် ဩစတြီးယား ကွင်းလယ်လူ အတွက် ယူရို ၁၂ သန်းခန့် ပေးချေရဖွယ် ရှိနေပါတယ်။

ဒါ့အပြင် မကြာခင်မှာ တိုင်လာ အဒမ်နဲ့ ဟိုင်ဒါရာ တို့ နှစ်ဦးထဲက တစ်ဦး ထွက်ခွာဖွယ် ရှိနေသေးတာကြောင့် ရှလက်ဂါကို အရ ခေါ်ယူပေးဖို့ အသင်း တာဝန်ရှိသူတွေကို နည်းပြ တက်ဒက်စကို ကိုယ်တိုင် တောင်းဆိုထားခဲ့တယ်လို့ သိရပါတယ်။

ရှလက်ဂါဟာ ဝုဖ်ဘတ်နဲ့ စာချူပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိပြီး ကလပ် ဘက်က စာချုပ် သက်တမ်းတိုးဖို့ ညှိနှိုင်းနေပေမယ့် ကစားသမား ကတော့ လိုက်ပ်ဇစ်ကို ပြောင်းရွှေ့ဖို့ စိတ်အား ထက်သန်နေခဲ့တာလည်း ဖြစ်ပါတယ်။ ဩစတြီးယား ကွင်းလယ် ကစားသမားဟာ ပြီးခဲ့တဲ့ ရာသီက ဝုဖ်ဘတ် အတွက် ဘွန်ဒက်စ်လီဂါ ၁၄ ပွဲသာ ကစားပေးနိုင်ခဲ့ပြီး ဒဏ်ရာပြသနာတွေနဲ့ ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။


လီဝမ်ဒေါစကီးကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ချဲလ်ဆီးလည်း ပါဝင်လာ

ရောဘတ်လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အသင်းတွေထဲမှာ ပရီးမီးယားလိဂ် ထိပ်သီး ချဲလ်ဆီး အသင်းလည်း ပါဝင်လာခဲ့ပြီလို့ သိရပါတယ်။ ဘွန်ဒက်စ်လီဂါ ချန်ပီယံ အသင်း ကနေ ထွက်ခွာတော့မယ်လို့ အတည်ပြု ပြောကြားထားတဲ့ လီဝမ်ဒေါစကီးကို ဘာစီလိုနာ၊ ပီအက်စ်ဂျီနဲ့ ယူနိုက်တက် တို့ကလည်း ခေါ်ယူချင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေသလို အခုဆိုရင် တိုက်စစ်မှူး လိုအပ်နေတဲ့ ချဲလ်ဆီး လည်း ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

အားလုံးထဲကမှ ဘာစီလိုနာ ကတော့ လီဝမ်ဒေါစကီးကို ခေါ်ယူနိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်ပြီး ကတ်တာလန် ကလပ် ဟာ ယူရို သန်း ၃၂+ အပိုဆုကြေး ယူရို ၅ သန်းနဲ့ ပထမတစ်ကြိမ် ကမ်းလှမ်းထားခဲ့ပြီးပါပြီ။ ဒါပေမယ့် ဘေယန်မြူးနစ် ဘက်က ပယ်ချထားပြီး သတင်းတွေ အရ ဆိုရင် ယူရို သန်း ၄၀ နဲ့ ထပ်မံ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

လက်ရှိမှာ ဘေယန်မြူးနစ်တို့ လစ်ဗာပူးလ် တိုက်စစ်မှူး ဆာဒီယို မားနေးကို ကြိုးပမ်းနေတာကြောင့် ဘာစီလိုနာ ဘက်က လီဝမ်ဒေါစကီးကို ခေါ်ယူနိုင်ရေး ပိုမို အားစိုက်လာခဲ့တာ ဖြစ်ပါတယ်။ ၃၃ နှစ် အရွယ် ပိုလန် တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ ရာသီက ဘွန်ဒက်စ်လီဂါမှာ ဘေယန်မြူးနစ် အတွက် ၃၄ ပွဲ ကစားခဲ့ရာမှာ ၃၅ ဂိုး သွင်းယူနိုင်ခဲ့ပြီး ၁၀ နှစ် ဆက်တိုက် အမှတ်ပေးချန်ပီယံဆုလည်း ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်