နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ စီးရီးအေ အနှစ်ချုပ်

ဒီနှစ် စီးရီးအေ ကိုတော့ မီလန် မြို့ခံ နှစ်သင်းပဲ ကြီးစိုးသွားခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ ရာသီ အစမှာ နာပိုလီတို့ စီးရီး‌အေ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့ပေမယ့် ရာသီ တစ်ဝက် ကျော်လာချိန်မှာတော့ တောက်လျောက် ခြေစွမ်း ကျဆင်းသွားခဲ့လို့ ချန်ပီယံဆု အတွက် မီလန် နှစ်သင်းပဲ နောက်ဆုံး အချိန်ထိ ယှဉ်ပြိုင်ခဲ့ရတာ ဖြစ်ပါတယ်။

အေစီမီလန်တို့ အမှတ်ပေးဇယား အဆင့် ၂ နေရာက မြို့ခံပြိုင်ဘက် အင်တာမီလန်ထက် ၂ မှတ် အသာနဲ့ ၁၁ နှစ်ကြာ ဝေးကွာနေခဲ့တဲ့ စကူဒက်တိုဖလားကို အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပီအိုလီရဲ့ အသင်းဟာ စီးရီးအေ နောက်ဆုံး ၅ ပွဲစလုံး အနိုင်ရပြီး ၁၅ မှတ် ရယူနိုင်ခဲ့ပြီး စုစုပေါင်း ရမှတ် ၈၆ မှတ်နဲ့ အမှတ်ပေးချန်ပီယံဖြစ်ခဲ့ခြင်း ဖြစ်သလို အသင်းရဲ့ သက်တမ်း တစ်လျှောက် ဒုတိယမြောက် ရမှတ် အများဆုံး ရရှိတဲ့ ဘောလုံးရာသီ အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။ အေစီမီလန် အသင်းဟာ ၂၀၁၆ ခုနှစ်က အီတလီစူပါဖလား ရရှိပြီး နောက်ပိုင်း ရက်ပေါင်း ၁၉၇၆ ရက် အကြာ ဆုဖလားတွေနဲ့ ဝေးကွာနေခဲ့ရတာ ဖြစ်ပါတယ်။

ပွဲစဉ် ၃၈ အထိ အေစီမီလန်နဲ့ အင်တာမီလန်တို့ ပြိုင်ဆိုင်ခဲ့ရပြီး အင်တာမီလန်တို့ ဆမ်ဒိုးရီးယားကို ၃-၀ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် အေစီမီလန် ကလည်း ဆာဆူအိုလိုကို ၃ ဂိုးပြတ် နိုင်ခဲ့တာကြောင့် ပီအိုလီရဲ့ အသင်းပဲ စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့တာပါ။ မနှစ်က စီးရီးအေ ချန်ပီယံ ဖြစ်ခဲ့တဲ့ အင်တာမီလန်တို့ အေစီမီလန်ကို အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့ပေမယ့် ဘိုလော့ဂ်နာနဲ့ လက်ကျန်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ခြင်းက အဆုံးအဖြတ် ဖြစ်ခဲ့ပြီး ဒုတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ အင်တာမီလန်တို့ စီးရီးအေ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပေမယ့် အခုနှစ် အီတလီ စူပါဖလား အပြင် ကိုပါအီတလီယာ ဖလား ပြိုင်ပွဲတွေမှာတော့ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
လီဗာပူးလ်
ရီးယဲလ်မက်ဒရစ်
1X2 ရီးယဲလ်မက်ဒရစ် @ 3.20
လီဗာပူးလ် ပထမပိုင်း အာရှ ဟန်းဒီးကပ် -0.50 @ 2.14
ဂိုးပေါ် 3.00 @ 2.31
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

စပယ်လက်တီရဲ့ နာပိုလီ ကလည်း ရာသီ အစမှာ အမှတ်ပေးဇယား ထိပ်ဆုံး အထိ ရောက်ခဲ့ပေမယ့် အရေးပါတဲ့ ပွဲစဉ် တချို့မှာ ရမှတ်တွေ ဆုံးရှုံးခဲ့တာကြောင့် ချန်ပီယံ အေစီမီလန်နဲ့ ၇ မှတ် အကွာ အဆင့် ၃ နေရာနဲ့ ရာသီသိမ်းခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၂ ရာသီ အကြာ ဝေးကွာနေတဲ့ ချန်ပီယံလိဂ် ဝင်ခွင့် ပြန်ရခဲ့တာ ကတော့ စပယ်လက်တီ လက်ထက်မှာ နာပိုလီရဲ့ အပေါင်း လက္ခဏာဆောင်တဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။

စီးရီးအေမှာ ၉ ရာသီ ဆက် အုပ်စိုးခဲ့တဲ့ အီတလီရဲ့ အအောင်မြင်ဆုံး အသင်း ဂျူဗင်တပ်စ် ကတော့ နှစ်ရာသီဆက် အဆင့် ၄ နေရာနဲ့ပဲ ကျေနပ်ခဲ့ရပါတယ်။ မက်စ် အယ်လီဂရီရဲ့ အသင်းက ရာသီအစမှာ ဇယား အလယ်လောက်အထိ ရောက်ရှိခဲ့ပြီး ရုန်းကန်ခဲ့ရပေမယ့် ၁၆ ပွဲဆက် ရှုူံးပွဲ မရှိမှုနဲ့ အတူ ဇယား ထိပ်ပိုင်းကို အမြန်ဆုံး ပြန်လည် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဂျူဗီတို့ စီးရီးအေ အပြင် ကျန် ပြည်တွင်းနဲ့ ပြည်ပ ပြိုင်ပွဲ အားလုံးမှာ ရှုံးထွက်အဆင့် ကနေပဲ ထွက်ခဲ့ရပြီး ဖလား လက်မဲ့ ရာသီ အဖြစ်နဲ့ အဆုံးသတ်ခဲ့ရပါတယ်။

ရောမမြိုခံ နှစ်သင်း ဖြစ်တဲ့ လာဇီယိုနဲ့ ရိုးမား ကတော့ ယူရိုပါလိဂ် ဝင်ခွင့် ကိုယ်စီ ရရှိခဲ့ပြီး ဒီရာသီမှာ သိသိသာသာ ခြေစွမ်း တက်လာခဲ့တဲ့ ဖီအိုရင်တီးနား ကတော့ အတ္တလန္တာကို ကျော်ဖြတ်ပြီး ယူရိုပါကွန်ဖရင့်လိဂ် ဝင်ခွင့် ရရှိခဲ့ပါတယ်။ အတ္တလန္တာ အနေနဲ့ ဥရောပပြိုင်ပွဲ ဝင်ခွင့်ရဖို့ အခွင့်အရေး ရှိခဲ့ပေမယ့် နောက်ဆုံးပွဲမှာ ရှုံးပွဲ ကြုံခဲ့ရတာကြောင့် ၂၀၁၈-၁၉ ဘောလုံးရာသီ နောက်ပိုင်း ပထမဆုံး အကြိမ် ဥရောပပြိုင်ပွဲနဲ့ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

အင်တာမီလန်တို့ စီးရီးအေ ချန်ပီယံဆုနဲ့ လွဲချော်ခဲ့ပေမယ့် အခုနှစ် အီတလီ စူပါဖလား အပြင် ကိုပါအီတလီယာ ဖလား ပြိုင်ပွဲတွေမှာတော့ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။
အေစီမီလန်နဲ့ ၂ မှတ် အကွာ အမှတ်ပေးဇယား အဆင့် ၂ နေရာနဲ့ ရာသီသိမ်းခဲ့ရတဲ့ အင်တာမီလန်

အခုနှစ်မှ တန်းပြန်တက်လာတဲ့ ဗင်နီဇီယာ ကတော့ တစ်ရာသီ အကြာမှာပဲ ကက်ဂလီယာရီ၊ ဂျီနိုအာ တို့နဲ့ အတူ တန်းပြန် ဆင်းခဲ့ရပြီး အမ်ပိုလီနဲ့ ဆယ်လာနီတာနာ ကတော့ စီးရီးအေမှာ ဆက်ကစားခွင့်ရခဲ့ကြပါတယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ စီးရီးအေ ပြိုင်ပွဲရဲ့ အနှစ်ချုပ်နဲ့ ထူးခြားချက် တချို့ကို ဖော်ပြရမယ် ဆိုရင်တော့…

ချန်ပီယံလိဂ် ဝင်ခွင့် – အေစီမီလန်၊ အင်တာမီလန်၊ နာပိုလီ၊ ဂျူဗင်တပ်စ်

ယူရိုပါလိဂ် ဝင်ခွင့်- လာဇီယို၊ ရိုးမား

ယူရိုပါကွန်ဖရင့်လိဂ် ဝင်ခွင့် – ဖီအိုရင်တီးနား

တန်းဆင်း – ကက်ဂလီယာရီ၊ ဂျီနိုအာ၊ ဗင်နီဇီယာ

စီးရီးအေ တစ်နှစ်တာ အကောင်းဆုံး ကစားသမား – ရာဖေးလ် လီယောင်

စီးရီးအေ တစ်နှစ်တာ အကောင်းဆုံး နည်းပြ – စတက်ဖနို ပီအိုလီ

သွင်းဂိုး အများဆုံး ကစားသမား – ကိုင်ရို အင်မိုဘီလီ (၂၇) ဂိုး

အကောင်းဆုံး ဂိုးသမားဆု – မိုက်ခ် မိုက်ဂ်နန် (အေစီမီလန်)

ဂိုးဖန်တီးမှုအများဆုံး – ဒိုမီနီကို ဘာရက်ဒီ (၁၂) ကြိမ်

သွင်းဂိုး+ဖန်တီးမှု အများဆုံး ကစားသမား – ကိုင်ရို အင်မိုဘီလီ (၂၉)

စုစုပေါင်း သွင်းဂိုး အရေအတွက် – (၁၀၈၅) ဂိုး

ရှုံးပွဲ မရှိမှု အရှည်ကြာဆုံး အသင်း – ဂျူဗင်တပ်စ် (၁၆) ပွဲ

နှစ်သင်းပေါင်း သွင်းဂိုး အများဆုံးပွဲ – အူးဒီးနီး ၂-၆ အတ္တလန္တာ၊ အတ္တလန္တာ ၄-၄ တိုရီနို

လာမယ့်ရာသီ တန်းတတ်လာမယ့် အသင်း – လက်ချီ၊ ခရီမွန်နိစ်၊ (ပီဆာနဲ့ မွန်ဇာ Play-Off ဗိုလ်လုပွဲမှာ အနိုင်ရမယ့် အသင်း)


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်