နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဂျူဗီကို အချိန်ပို ဂိုးတွေနဲ့ အနိုင်ယူပြီး ၁၁ နှစ်ကျော် အကြာမှ ကိုပါအီတလီယာ ချန်ပီယံဆုကို ပြန်လည် ကိုင်မြှောက်နိုင်ခဲ့တဲ့ အင်တာမီလန်

ဂျူဗင်တပ်စ် ၂-၄ အင်တာမီလန် (အချိန်ပို)

မနေ့ညက ကစားသွားတဲ့ ကိုပါအီတလီယာ ဗိုလ်လုပွဲ မှာတော့ အင်တာမီလန်တို့ အိုင်ဗန် ပါရီဆစ်ရဲ့ အချိန်ပို သွင်းဂိုးတွေနဲ့ ဂျူဗင်တပ်စ်ကို အနိုင်ယူပြီး ၂၀၁၁ ခုနှစ် နောက်ပိုင်း ပထမဦးဆုံး အကြိမ် ချန်ပီယံ ပြန်ဖြစ်ခဲ့ပါတယ်။ ဒီရာသီမှာ ပြိုင်ပွဲစုံမှာ ရုန်းကန်နေရတဲ့ ဂျူဗင်တပ်စ်တို့ အီတလီ စူပါဖလား ဗိုလ်လုပွဲမှာ အင်တာမီလန်ကို ရှုံးပြီးနောက် ကိုပါအီတလီယာ ဗိုလ်လုပွဲ မှာပါ ထပ်မံ အရှုံးပေးခဲ့ရတာကြောင့် ဖလား လက်မဲ့ ရာသီ အဖြစ်နဲ့ အဆုံးသတ်ခဲ့ရပြီလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဒီနေ့ပွဲမှာ နှစ်သင်းလုံး အတောင့်တင်းဆုံး လူစာရင်း ကိုယ်စီနဲ့ ပွဲထွက်လာခဲ့ကြပြီး ဂျူဗင်တပ်စ်က ၄-၄-၂၊ အင်တာမီလန်က ၃-၅-၂ အခင်းအကျင်းတွေနဲ့ ရင်ဆိုင်သွားခဲ့ကြပါတယ်။ ဂျူဗီ ဘက်မှာ ဗလာဟိုဗစ်နဲ့ ပေါ်လို ဒီဘာလား တို့ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ ဇာကာရီယာ၊ ရာဘီယော့တ်၊ ဘာနက်ဒက်ရှီ၊ ကွာဒွာဒို၊ ခီလီနီ၊ ဒီလစ်ဂျ်၊ အဲလက်စ် ဆန်ဒရို၊ ဒန်နီလို၊ ပီရင်တို့ ပါဝင်လာခဲ့ပြီး အင်တာမီလန် ကတော့ မာတီနက်ဇ်၊ ဒီဂျက်ကို၊ ဘာရယ်လာ၊ ဘရိုဇိုဗစ်၊ ချလနောဂလူ၊ ဒါမီရန်၊ ပါရီဆစ်၊ ဒီဘရစ်ဂျ်၊ ရှက်ခရီနီယာ၊ အမ်ဘရိုစီယို၊ ဟန်ဒန်နိုဗစ် တို့ကို ပွဲထုတ်ခဲ့ပါတယ်။

ဒီရာသီမှာ ပြိုင်ပွဲစုံမှာ ရုန်းကန်နေရတဲ့ ဂျူဗင်တပ်စ်တို့ အီတလီ စူပါဖလား ဗိုလ်လုပွဲမှာ အင်တာမီလန်ကို ရှုံးပြီးနောက် ကိုပါအီတလီယာ ဗိုလ်လုပွဲ မှာပါ ထပ်မံ အရှုံးပေးခဲ့ရတာကြောင့် ဖလား လက်မဲ့ ရာသီ အဖြစ်နဲ့ အဆုံးသတ်ခဲ့ရပြီလည်း ဖြစ်ပါတယ်။
၂၀၁၁-၂၀၁၂ ဘောလုံးရာသီ နောက်ပိုင်း ပထမဆုံး အကြိမ် ဖလားလက်မဲ့ ရာသီ အဖြစ်နဲ့ အဆုံးသတ်ရတော့မယ့် ဂျူဗင်တပ်စ်

ပွဲစကတည်းက အပြန်အလှန် တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ကြပြီး ခြေစွမ်းကွာဟချက် ကြီးကြီးမားမား မရှိခဲ့ပေမယ့် အင်တာမီလန်ရဲ့ တောင်ပံက ပိုမို ထိထိရောက်ရောက် ကစားနိုင်ခဲ့လို့ ဂျူဗင်တပ်စ် နောက်တန်းက ခက်ခက်ခဲခဲ ထိန်းချုပ်ခဲ့ရပါတယ်။ အင်တာမီလန် အတွက် အဖွင့်ဂိုး ကိုတော့ ဘရိုဇိုဗစ်ရဲ့ ဖန်တီးပေးမှု ကနေ ဘာရယ်လာ က သွင်းယူပေးခဲ့ပြီး ပထမပိုင်း အပြီး မှာတော့ အင်ဇာဂီရဲ့ အသင်းက ၁-၀ ရလဒ်နဲ့ ဦးဆောင်နေခဲ့ပါတယ်။ ဒုတိယပိုင်း ပြန်လည် စတင်ချိန်မှာတော့ ဆန်ဒရို၊ ဗလာဟိုဗစ် တို့ရဲ့ သွင်းဂိုးတွေနဲ့ ဂျူဗင်တပ်စ်တို့ ၂ မိနစ် အတွင်း ၂ ဂိုး ပြန်ရခဲ့ပြီး ပွဲကို ပြန်လည် ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲ့နောက် အင်တာမီလန် တို့ ကော်ရီယာ၊ ဒမ်ဖရီးစ်၊ ဒီမာကို တို့ထည့်ပြီး တိုက်စစ်မြှင့်ခဲ့သလို ဂျူဗင်တပ်စ် ကလည်း လိုကတ်တယ်လီနဲ့ ဘိုနူချီကို ထည့်ပြီး အနိုင်ဂိုးကို ထိန်းဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အင်ဇာဂီရဲ့ လူစားလဲမှု မှန်ကန်ခဲ့ပြီး ဒီမာကို၊ ကော်ရီယာ တို့ ဂျူဗီ နောက်တန်းကို တောက်လျောက် အလုပ်ရှုပ်စေခဲ့ပါတယ်။ ပွဲချိန်ကြာလာတာနဲ့ အမျှ ဂျူဗီ ခံစစ်မှူးတွေ အမှားများလာခဲ့ပြီး မိနစ် ၈၀ မှာတော့ မာတီနက်ဇ်ကို ဘိုနူချီ ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့လို့ အင်တာမီလန်တို့ ပင်နယ်တီ ရခဲ့ပါတယ်။ ပင်နယ်တီ ကိုတော့ ချလနောဂလူ က ဂိုးသမားရဲ့ ဘယ်ဘက် အပေါ်ထောင့်ထဲကို အားပြင်းပြင်းနဲ့ ကန်သွင်းသွားခဲ့ပြီး အင်တာမီလန် အတွက် ချေပဂိုး အဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ အဲ့နောက် မိနစ် ၉၀ ပြည့်ချိန်မှာ ၂-၂ ရလဒ် ထွက်ပေါ်နေခဲ့လို့ အချိန်ပို ဆက်ကစားခဲ့ရပြီး အင်တာမီလန်တို့ပဲ ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ပွဲချိန် ၉၆ မိနစ်မှာ ဒမ်ဖရီးစ် ကို ဒီလစ်ဂျ် ဖျက်ထုတ်ပုံ ကြမ်းခဲ့ပြန်တာကြောင့် ကွင်းလယ်ဒိုင်က VAR ကြည့်ပြီး အင်တာမီလန်ကို ပင်နယ်တီ ထပ်ပေးခဲ့ပါတယ်။ ပင်နယ်တီ ကိုတော့ ပါရီဆစ်က ကန်သွင်းပြီး ပွဲချိန် ၁၀၂ မိနစ် မှာလည်း ပါရီဆစ် ကပဲ အင်တာမီလန် အတွက် အနိုင်သေချာစေမယ့် ဂိုးကို ရယူပေးခဲ့တာကြောင့် အင်တာမီလန်တို့ ၂-၄ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။


ပွဲပြီးသုံးသပ်ချက်

ပရီးမီးယား လိဂ်
ဝက်စ်ဟမ်း ယူနိုက်တက်
မန်ချက်စတာစီးတီး
1X2 ဝက်စ်ဟမ်း ယူနိုက်တက် @ 4.90
ဂိုးပေါ် 3.25 @ 2.16
ပထမပိုင်း ဂိုးပေါ် 1.50 @ 2.38
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဂျူဗင်တပ်စ်တို့ ဒီပွဲ မတိုင်ခင် ဇန်နဝါရီလက ကစားခဲ့တဲ့ အီတလီ စူပါဖလား ဗိုလ်လုပွဲမှာ အင်တာမီလန်ကို အရှုံးပေးခဲ့ရသလို စီးရီးအေ ပွဲစဉ် ၃၁ မှာလည်း ၀-၁ ရလဒ်နဲ့ ကပ်ပြီး ရှုံးထားခဲ့တာပါ။ မက်စ် အယ်လီဂရီရဲ့ အသင်း အနေနဲ့ အခုနှစ် စီးရီးအေမှာ ရုန်းကန်နေရသလို ပြည်တွင်း အဓိက ပြိုင်ပွဲ ၂ ခုရဲ့ ဗိုလ်လုပွဲတွေ ကစားခွင့်ရခဲ့ပေမယ့်လည်း ချန်ပီယံဆုတွေနဲ့တော့ ကပ်လွဲထားခဲ့ရပြီ ဖြစ်ပါတယ်။ အဆိုးဆုံး ကတော့ အိုးလေးဒီတို့ ၂၀၁၁-၂၀၁၂ ဘောလုံးရာသီ နောက်ပိုင်း ပထမဦးဆုံး အကြိမ် အဖြစ် ဖလားလက်မဲ့ ရာသီ တစ်ခု ဖြတ်သန်းရတော့မှာ ဖြစ်ပြီး အမြင့်ဆုံး အောင်မြှင်မှု ဆိုလို့ ချန်ပီယံလိဂ် ဝင်ခွင့်ပဲ ရရှိခဲ့ပါတယ်။ ဂျူဗင်တပ်စ်နဲ့ ပြောင်းပြန် အင်တာမီလန် ကတော့ ၁၀ နှစ်ကျော်ကြာ ဝေးကွာနေတဲ့ ဆုဖလားတွေကို တစ်ခုပြီး တစ်ခု ပြန်လည် သိမ်းပိုက်နေခဲ့ပြီး မြို့ခံပြိုင်ဘက် အေစီမီလန်နဲ့ အပြိုင် စီးရီးအေ ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ အခြေအနေ ကောင်းနေဆဲ ဖြစ်ပါတယ်။ အင်တာမီလန် အနေနဲ့ ကိုပါအီတလီယာ ဖလားကို ၁၁ နှစ် အကြာမှ ပြန်လည် ကိုင်မြှောက်နိုင်ခဲ့ခြင်း ဖြစ်ပြီး အကယ်၍ စကူဒက်တို ချန်ပီယံဆုပါ ထပ်ရခဲ့မယ် ဆိုရင်တော့ နီရာဇူရီတို့ တစ်ရာသီ အတွင်း ဆုဖလား ၃ လုံး ပိုင်ဆိုင်နိုင်တော့မှာလည်း ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဂျူဗင်တပ်စ်တို့ မေ ၁၆ ရက်နေ့မှာ လာဇီယိုနဲ့ ဆက်လက် ယှဉ်ပြိုင်ကစားရဖို့ ရှိပြီး အင်တာမီလန် ကတော့ စီးရီးအေ ချန်ပီယံဆု အတွက် အရေးကြီးတဲ့ ပွဲစဉ် အဖြစ် ကယ်ဂလီယာရီကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်