နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

တော့တင်ဟမ်ဟော့စပါး – ဘရိုက်တန် | ပရီးမီးယားလိဂ် ပွဲစဉ် ၃၃ (ပွဲကြိုသုံးသပ်ချက်)

တော့တင်ဟမ်ဟော့စပါး – ဘရိုက်တန်

အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃၃ ရဲ့ အစောဆုံး ပွဲစဉ် အဖြစ် တော့တင်ဟမ်ဟော့စပါးနဲ့ ဘရိုက်တန်တို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် တိုက်ပွဲ ဝင်နေတဲ့ အာဆင်နယ်ကို အနိုင်ယူထားတဲ့ ဘရိုက်တန်တို့ ဒီတစ်ပတ် မှာရော နောက်ထပ် လန်ဒန် မြို့ခံ အသင်း တစ်သင်း ဖြစ်တဲ့ တော့တင်ဟမ်ဟော့စပါးကို ခက်ခဲစေနိုင်ဦးမလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

အန်တိုနီယို ကွန်တီရဲ့ တော့တင်ဟမ်ဟော့စပါး ကတော့ ခြေစွမ်းပိုင်း ယိမ်းယိုင်ခဲ့သမျှ အရေးကြီးတဲ့ အချိန်ရောက်မှ ရလဒ်ကောင်းတွေ တောက်လျောက် ပြန်ပြီး ရှာတွေ့နေတယ်လို့ပဲ ဆိုရပါမယ်။ ပရီးမီးယားလိဂ် ပွဲစဉ် ၂၉ မှာ ယူနိုက်တက်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ၄ ပွဲဆက် ဂိုးပြတ်တွေချည်း အနိုင်ရထားပါတယ်။ ဘရိုက်တန်ကို ၀-၂၊ ဝက်စ်ဟမ်းကို ၃-၁၊ နယူးကာဆယ်ကို ၅-၁၊ အက်စတွန်ဗီလာကို ၀-၄ ရလဒ်တွေနဲ့ အနိုင်ရထားတဲ့ စပါးရဲ့ ခြေစွမ်းက တော်တော်လေး အားရစရာ ကောင်းနေပါတယ်။ တိုက်စစ်မှာ ဆွန်၊ ကိန်း၊ ကူလူဆက်ဗ်စကီးတို့ ဂိုးမြူးနေခြင်းနဲ့ အတူ နောက်ဆုံး ၅ ပွဲမှာ တိုက်စစ်က ၁၆ ဂိုး ရရှိထားပြီး ခံစစ် ကတော့ ၅ ဂိုးပဲ ပြန်ပေးထားရပါတယ်။ လက်တလော စပါးတို့ အမှတ်ပေးဇယား အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး အာဆင်နယ်ကို ၃ မှတ် ဖြတ်ထားပေမယ့် တစ်ပွဲ ပိုကစားထားတာကြောင့် ချန်ပီယံလိဂ် ဝင်ခွင့် အတွက် လုံးဝ စိတ်ချရတဲ့ အခြေအနေတော့ မဟုတ်သေးပါဘူး။ စပါးရဲ့ ဒီရာသီ အိမ်ကွင်း စွမ်းဆောင်ရည်ကို ပြန်ကြည့်မယ် ဆိုရင် ၁၅ ပွဲ ကစားထားရာမှာ ၁၀ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၄ ပွဲ ရှုံးထားပါတယ်။ ဒီနှစ် ပရီးမီးယားလိဂ်မှာ လစ်ဗာပူးလ်၊ မန်စီးတီးနဲ့ အာဆင်နယ် တို့ ပြီးရင် စပါးဟာ အိမ်ကွင်း စွမ်းဆောင်ရည် အကောင်းဆုံး အသင်း အဖြစ် သတ်မှတ်လို့ ရနေပါတယ်။ အခုလာမယ့် ပွဲကိုတော့ ကွင်းလယ်က ဒိုဟာတီ ဒူးဒဏ်ရာကြောင့် လွဲချော်ဖို့ ရှိနေပြီး ကျန်အဓိက ကစားသမား အားလုံး ကတော့ ပွဲထွက်ကစားနိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ရမှတ်တွေ ပြန်ရခဲ့ခြင်းနဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာ အထိ ပြန်လည် တက်လှမ်းထားနိုင်ခဲ့ပြီး အဆင့် ၉ နေရာက ခရစ္စတယ်ပဲလေ့စ်နဲ့လည်း ၃ မှတ်သာ ကွာဟပါတော့တယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတဲ့ ဘရိုက်တန်

ဖြစ်နိုင်ဖွယ်လူစာရင်း – လိုရစ်၊ ဒိုင်ယာ၊ ဒေးဗီးစ်၊ ရိုမဲယို၊ ရက်ဂီလောင်း၊ အီမာဆင်၊ ဘန်တန်ကာ၊ ဟွိုက်ဘက်ယက်ဂျ်၊ ဆွန်၊ ကူလူဆက်ဗ်စကီး၊ ကိန်း

ဘရိုက်တန် ကတော့ တောက်လျောက် ရှုံးပွဲတွေ ဆက်နေခဲ့ပေမယ့် နောက်ဆုံး ၂ ပွဲမှာ နော့ဝှစ်ချ်စီးတီးကို သရေ၊ အာဆင်နယ်ကို အနိုင်ကစားပြီး ရလဒ်ဆိုးတွေ အောက်ကနေ ပြန်လည် ရုန်းထွက်ထားနိုင်ခဲ့ပါတယ်။ ရမှတ်တွေ ပြန်ရခဲ့ခြင်းနဲ့ အတူ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာ အထိ ပြန်လည် တက်လှမ်းထားနိုင်ခဲ့ပြီး အဆင့် ၉ နေရာက ခရစ္စတယ်ပဲလေ့စ်နဲ့လည်း ၃ မှတ်သာ ကွာဟပါတော့တယ်။ ဂရေဟမ် ပေါ်တာရဲ့ အသင်း ဒီရာသီ အဓိက ရည်ရွယ်ချက်က အဆင့် ၁၀ အတွင်း ဝင်ဖို့ ဖြစ်လို့ လက်ကျန် ပွဲစဉ်တွေကို ကျိန်းသေပေါက် အားစိုက်ဖို့ ရှိနေပြီး အာဆင်နယ်ကို အန်းမရိတ်စ်မှာ နိုင်လိုက်တာကြောင့်လည်း ကျိန်းသေပေါက် စိတ်ဓာတ်ပိုင်း မြင့်တက်နေပါလိမ့်မယ်။ အာဆင်နယ်နဲ့ ပွဲမှာ တစ်ဂိုးသွင်းပြီး တစ်ဂိုး ဖန်တီးခဲ့တဲ့ တောင်ပံ ကစားသမား မွယ်ပူ ကတော့ စပါးကို အနိုင်ကစားမယ်လို့ ကြုံးဝါးထားပြီး အလုပ်နဲ့ သက်သေပြနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာပါ။ ထူးထူးခြားခြား ဘရိုက်တန်ကို ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည် ကောင်းတဲ့ အသင်း အဖြစ် သတ်မှတ်လို့ ရပြီး ၅ ပွဲနိုင်၊ ၇ ပွဲသရေ၊ ၃ ပွဲ ရှုံး ရလဒ် ရရှိအောင် စွမ်းဆောင်ထားခဲ့ပါတယ်။ လက်တလော အသင်းမှာ မိုဒါ တစ်ဦးတည်း ဒဏ်ရာ ပြသနာ ရှိနေပြီး အဓိက နောက်ခံလူ တစ်ဦး ဖြစ်တဲ့ အဒမ် ဝက်ဘ်စတား ကတော့ ပြန်လည် ပါဝင်လာနိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

ပရီးမီးယား လိဂ်
ခရစ္စတယ်ပဲလေ့စ်
လက်စတာ စီးတီး
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ဖြစ်နိုင်ဖွယ်လူစာရင်း – ဆန်းချက်ဇ်၊ ဗဲလ်မန်း၊ ဒန့်ခ်၊ ဝက်ဘ်စတား၊ လမ့်ပ်တေး၊ ဘစ်ဆူးမား၊ မွယ်ပူ၊ ကူကာရယ်လာ၊ မက်အဲလစ်စတား၊ ထရော့ဆက်ဒ်၊ မူပေး


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြိုင်ပွဲစုံ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၁၂ ကြိမ်မှာ စပါးတို့ ၉ ကြိမ်နိုင်ပြီး ဘရိုက်တန် ကတော့ ၂ ကြိမ်သာ ပြန်လည် အနိုင်ရထားပါတယ်။ ထူးခြားချက်က သရေပွဲ ၁ ပွဲသာ ရှိထားပြီး ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံချိန်တိုင်းမှာ ပြတ်သား ရလဒ် ထွက်ပေါ်လေ့ ရှိတာ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ် နောက်ဆုံး ၅ ပွဲ တွေ့ဆုံမှု မှာတော့ စပါးက ၃ ပွဲနိုင်ပြီး ဘရိုက်တန်က ၂ ပွဲ အနိုင်ရထားပါတယ်။ ဒီရာသီ ပထမအကျော့ ပွဲစဉ် မှာတော့ စပါးတို့ ဘရိုက်တန် ကွင်းမှာ ၂ ဂိုးပြတ် အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOPရဲ့ 1X2 မှာ တော့တင်ဟမ်ဟော့စပါး အတွက် ၁.၅၃ ဆ၊ ဘရိုက်တန် အတွက် ၅.၈၀ ဆ၊ သရေ အတွက် ၄.၁၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ စပါးတို့ အကောင်းဆုံး ပုံစံ ရနေပြီး ဘရိုက်တန် ကလည်း အာဆင်နယ်ကို နိုင်လိုက်လို့ ယုံကြည်မှု ပြန်ရနေပါတယ်။ ဘရိုက်တန်ဟာ တောင့်တင်းပြီး အဝေးကွင်း စွမ်းဆောင်ရည်လည်း မဆိုးပေမယ့် အိမ်ကွင်း နောက်ဆုံး ၃ ပွဲဆက် ဂိုးပြတ် အနိုင်ရထားတဲ့ စပါး ကို အသာရဖို့ မလွယ်နိုင်ပါဘူး။ ဆွန်၊ ကိန်း ဦးဆောင်တဲ့ ဂိုးမြူး တိုက်စစ်နဲ့ အတူ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အားအင် အပြည့်နဲ့ လျှောက်လှမ်းနေတဲ့ စပါးကိုပဲ ယုံကြည်ထားတာက အမှန်ကန်ဆုံး ဖြစ်ပါလိမ့်မယ်။ အခန့်မသင့်ရင် ဂိုးတောင် ပြတ်သွားနိုင်ပါတယ်။ ဒါပေမယ့် ဂိုးပေါင်းထက် အရနည်းပေမယ့် စိတ်ချရနိုင်တဲ့ ၁.၅၃ ဆ ကိုပဲ မျှော်လင့်ပြီး စပါး ကိုပဲ ရွေးချယ်ထားချင်ပါတယ်။

ခန့်မှန်းရလဒ် (၃-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်