နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဖာနန်ဒက်စ်ရဲ့ သွင်းဂိုးတွေနဲ့ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်း ၅ ကြိမ်ဆက် ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ ပေါ်တူဂီ (၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲပြီးသုံးသပ်ချက်)

ပေါ်တူဂီ ၂-၀ မြောက်မက်ဆီဒိုးနီးယား

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် Play-Off နောက်ဆုံး အဆင့် မှာတော့ ပေါ်တူဂီတို့ မြောက်မက်ဆီဒိုးနီးယားကို ဘရူနိုဖာနန်ဒက်စ်ရဲ့ သွင်းဂိုးတွေနဲ့ အလွယ်တကူ အနိုင်ရခဲ့ပြီး ၂၀၀၀ ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၅ ကြိမ်ဆက် ကစားခွင့်ရသွားခဲ့ပါတယ်။
ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၅ ကြိမ်ဆက် ဝင်ရောက် ကစားခွင့်ရခဲ့တဲ့ တိုက်စစ်မှူးကြီး ခရစ္စတီယာနိုရော်နယ်ဒို ကလည်း ပွဲအပြီး သူ့ရဲ့ အင်စတာဂရမ် ကနေ ကာတာ ကမ္ဘာ့ဖလား ဝင်ခွင့်ရခဲ့ပြီ ဖြစ်ကြောင်း သူတို့ အနေနဲ့ ရှိသင့်တဲ့ နေရာကို ရောက်လာခဲ့ပြီ ဖြစ်ကြောင်း ရေးသား အောင်ပွဲခံသွားခဲ့ပါတယ်။ တနည်းအားဖြင့် ပွဲမစခင် မြောက်မက်ဆီဒိုးနီးယား သမ္မတရဲ့ ပြောစကားတွေကို အလုပ်နဲ့ သက်သေပြပြီး စကားတစ်ခွန်းနဲ့ ပြန်လည် အနိုင်ယူပြလိုက်တာလည်း ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ပရီးမီးယား လိဂ်
ဝူဗာဟမ်တမ်
အက်စတန် ဗီလာ
1X2 သရေ @ 2.96
ဂိုးပေါ် 2.25 @ 2.04
ဂိုးပေါင်း 0-1 @ 2.67
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ဒီနေ့ပွဲမှာ ပေါ်တူဂီတို့ တူရကီနဲ့ ပွဲကထက် လူပိုစုံခဲ့ပြီး နောက်တန်းမှာ ပီပီ၊ ဂျာအို ကန်ဆယ်လို တို့ ပြန်ပါလာခြင်းနဲ့ အတူ မန်းဒက်စ်၊ ပါရဲရား၊ ကွင်းလယ်မှာ ဘာနာဒို ဆေးလ်ဗား၊ မော်တင်ဟို၊ ဘရူနို ဖာနန်ဒက်စ်၊ တိုက်စစ်မှာတော့ ဂျိုတာ၊ အော့တာဗီယိုနဲ့ ခရစ္စတီယာနို ရော်နယ်ဒို တို့ကိုပဲ တွဲဖက် ပွဲထုတ်ခဲ့ပါတယ်။ မြောက်မက်ဆီဒိုးနီးယား ကတော့ သူ့တို့ရဲ့ အကောင်းဆုံး ပွဲထွက်လူစာရင်းနဲ့ပဲ ပေါ်တိုမှာ လာရောက် ရင်ဆိုင်သွားခဲ့ပြီး ထရက်ဂျော့ဗ်စကီးကို တောင်ပံကာ ရစ်တော့ဗ်စကီးကို အထောင်နေရာထား ကစားစေခဲ့ပါတယ်။ ကွင်းလယ်နဲ့ ခံစစ် မှာတော့ အဲလ်မက်စ်၊ အဒီမီ၊ ဘာဒီ၊ မူဆလီယူ၊ အယ်လီယော့စကီးနဲ့ ဒီမီထရစ်ဗ်စကီးပဲ ပါဝင်ခဲ့ပါတယ်။
အဝေးကွင်းမှာ ဆိုရင် စိတ်ဓာတ် အင်အား အပြည့်နဲ့ အားပို စိုက်တတ်တဲ့ မြောက်မက်ဆီဒိုးနီးယားတို့ ဂျာမနီနဲ့ အီတလီကို အနိုင်ယူခဲ့သလိုမျိုး ပေါ်တူဂီကို ဒုက္ခပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် ကစားသမား အင်အားအရရော၊ ခြေစွမ်းအရပါ အပြတ်အသာ သာနေတဲ့ ပေါ်တူဂီကို မြောက်မက်ဆီဒိုးနီးယားတို့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ အဓိက ပေါ်တူဂီ ခံစစ်မှာ ပီပီ ပြန်ပါလာခြင်းက အရင်ပွဲတွေကထက် တည်ငြိမ်သွားစေခဲ့သလို ကန်ဆယ်လို ပါဝင်လာတာကြောင့်လည်း တိုက်စစ်ကို ပိုမို လိုက်ပါ ကစားနိုင်ခဲ့ပါတယ်။ ပေါ်တူဂီ အတွက် သွင်းဂိုးတွေကို တိုက်စစ်မှူးတွေ ဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ဂျိုတာရဲ့ ဖန်တီးမှုတွေ ကနေ ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ် တစ်ဦးတည်းက သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ နှစ်ဖက်အသင်း ကစားသမားတွေ အကြား တင်းမာမှု တချို့ ရှိခဲ့ပေမယ့် နည်းပြကြီး ဖာနန်ဒို ဆန်းတို့စ် အနေနဲ့ လူစားလဲလှယ်မှုတွေ တောက်လျောက် ပြုလုပ်ပြီး အနိုင်ဂိုးတွေကို ထိန်းသွားခဲ့လို့ ၂-၀ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး ပေါ်တူဂီတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပါတယ်။

မြောက်မက်ဆီဒိုးနီယား ကတော့ အကောင်းဆုံး ကြိုးစားခဲ့ပြီး အီတလီ ကိုတောင် ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ ပေါ်တူဂီနဲ့ အတွေ့ မှာတော့ သူတို့ရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပထမဦးဆုံး ဝင်ရောက် ကစားခွင့် အိမ်မက် ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်
ခြေစွမ်းအရရော၊ လူအင်အားအရပါ ပေါ်တူဂီကို မယှဉ်နိုင်ခဲ့လို့ ခြေစစ်ပွဲ နောက်ဆုံး အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတဲ့ မြောက်မက်ဆီဒိုးနီးယား

ပွဲပြီးသုံးသပ်ချက်

ခြေစွမ်းပိုင်းအရတော့ ထူးထူးခြားခြား ပြောစရာ မရှိခဲ့ပါဘူး။ မြောက်မက်ဆီဒိုးနီးယား တို့ ပြီးခဲ့တဲ့ အီတလီနဲ့ ပွဲက ခြေစွမ်း အတိုင်း ကစားသွားခဲ့သလို ပေါ်တူဂီ ကလည်း ပုံမှန် ခြေစွမ်းနဲ့ပဲ ကစားသွားခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် မြောက်မက်ဆီဒိုးနီးယား ခံစစ်က အီတလီရဲ့ ဂိုးပေါက် ကန်ချက် ၃၂ ကြိမ်ကို ပိတ်ဆို့ တားဆီးနိုင်ခဲ့ပေမယ့် ရော်နယ်ဒို ဦးဆောင်တဲ့ ပေါ်တူဂီ တိုက်စစ်ရဲ့ တစ်ဦးချင်း ဖြတ်ကျော်မှုတွေ ကိုတော့ ဘယ်လိုမှ မထိန်းချုပ်နိုင်ခဲ့ပါဘူး။ ဒီနေ့ပွဲမှာ ခရစ္စတီယာနို ရော်နယ်ဒို အနေနဲ့ သူကိုယ်တိုင် ဂိုးမသွင်းနိုင်ခဲ့ပေမယ့်လည်း ဘရူနို ဖာနန်ဒက်စ် သွင်းယူခဲ့တဲ့ ပထမဂိုးကို ပါးပါးနပ်နပ် ဖန်တီးပေးနိုင်ခဲ့ပါတယ်။ပွဲအပြီး မှာတော့ ရော်နယ်ဒို အနေနဲ့ အန်တိုနီ ကာဗာဟယ်၊ ရာဖာရယ် မားကတ်ဇ်၊ လိုသာ မားသီးယက်စ်၊ ဘူဖွန်တို့ ပြီးရင် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၅ ကြိမ်ဆက် ဝင်ရောက် ကစားခွင့်ရခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။ မြောက်မက်ဆီဒိုးနီယား ကတော့ အကောင်းဆုံး ကြိုးစားခဲ့ပြီး အီတလီ ကိုတောင် ကျော်ဖြတ်နိုင်ခဲ့ပေမယ့် ရော်နယ်ဒိုရဲ့ ပေါ်တူဂီနဲ့ အတွေ့ မှာတော့ သူတို့ရဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲကို ပထမဦးဆုံး ဝင်ရောက် ကစားခွင့် အိမ်မက် ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်


လာမယ့်ပွဲစဉ်များ

ပေါ်တူဂီတို့ ဇွန်လ ၃ ရက်နေ့မှာ စပိန်နဲ့ နေးရှင်းလိဂ် (A) အုပ်စု ပွဲစဉ် ကစားဖို့ ရှိပြီး မြောက်မက်ဆီဒိုးနီးယား ကတော့ ဘူလ်ဂေးရီးယားနဲ့ နေးရှင်းလိဂ် (C) ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်