နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

လီဝမ်ဒေါစကီး၊ ဇီလင်းစကီး တို့ရဲ့ ဒုတိယပိုင်း သွင်းဂိုးတွေနဲ့ ခြေစစ်ပွဲ အောင်မြင်ခဲ့တဲ့ ပိုလန် (၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲပြီးသုံးသပ်ချက်)

ပိုလန် ၂-၀ ဆွီဒင်

ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် Play-Off ဗိုလ်လုပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားသွားခဲ့ပြီး ပိုလန်တို့ ဆွီဒင်ကို အိမ်ကွင်းမှာ ၂-၀ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဆွီဒင်တို့ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ် အပိုင်း မှာတော့ လီဝမ်ဒေါစကီး ဦးဆောင်တဲ့ တိုက်စစ်က ပိုပြီး သေချာခဲ့တာကြောင့် ပိုလန်ကြောင့် ၂ ဂိုး ဂိုးမရှိ ရလဒ်နဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်သွားခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ပိုလန်တို့ ၄-၁-၄-၁ အခင်းအကျင်းနဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ရောဘတ် လီဝမ်ဒေါစကီးကို အထောင်ထားခဲ့ပါတယ်။ ဇီမန်းစကီးနဲ့ ဇီလင်းစကီးတို့ကို တောင်ပံတွေမှာ ကစားစေခဲ့ပြီး ကွင်းလယ်မှာ ဂိုရဲလ်စကီး၊ မိုဒါ၊ ဘီလစ်ခ်၊ ခံစစ်မှာတော့ ဘက်ဒ်နာရက်ခ်၊ ဂလစ်ခ်၊ ဘီရက်စ်ဇင်စကီး၊ ကတ်ရှ်၊ ဂိုးမှာတော့ ရှက်ဇီနီပဲ ပွဲထွက်လာခဲ့ပါတယ်။ ဆွီဒင် ကတော့ ထုံးစံ အတိုင်း ၄-၄-၂ နဲ့ပဲ ရင်ဆိုင်ခဲ့ပြီး တိုက်စစ်မှာ အီဆက်ခ်နဲ့ အတူ ပြီးခဲ့တဲ့ပွဲတုန်းက အနိုင်ဂိုး သွင်းပေးခဲ့တဲ့ ကွေဆင်ကို တွဲဖက် ပွဲထုတ်လာပါတယ်။ ကွင်းလယ်နဲ့ ခံစစ်မှာ ဖော့စ်ဘက်ဂျ်၊ အိုလ်ဆင်၊ ကူလူဆက်ဗ်စကီး၊ ကားလ်စတောင်းမ်၊ ဒန်နီရဲလ်ဆင်၊ အော်ဂတ်တင်ဆင်၊ လင်ဒီလော့ဖ်၊ ခရက်ဖ်နဲ့ ဂိုးမှာတော့ ရော်ဘင် အိုလ်ဆင်ပဲ ပါဝင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလား ကစားခွင့်နဲ့ ၉ ကြိမ်မြောက် လွဲချော်ခဲ့တဲ့ ဆွီဒင်
ကမ္ဘာ့ဖလား ကစားခွင့်နဲ့ ၉ ကြိမ်မြောက် လွဲချော်ခဲ့တဲ့ ဆွီဒင်

ခြေစွမ်း သိပ်မကွာတဲ့ အသင်းတွေ ဖြစ်လို့ ပွဲစကတည်းက အပြန်အလှန် တိုက်စစ်ဆင်မှုတွေနဲ့ ကြည့်ကောင်းခဲ့ပါတယ်။ ဆွီဒင်တို့ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် ပိုလန် တို့ကလည်း ဘောလုံးရရင် ရသလို အခွင့်အရေးတွေ ဖန်တီးဖို့ ကြိုးပမ်းခဲ့ပါတယ်။ ပထမပိုင်းမှာတော့ နှစ်သင်းလုံး ဂိုးမသွင်းနိုင်ခဲ့လို့ ၀-၀ ရလဒ်ထွက်ပေါ်နေခဲ့ပြီး ဒုတိယပိုင်း ပွဲပြန်စချိန် မှာတော့ ဆွီဒင်တို့ ပိုလန် ဘက်ကို ပိုပြီး ဖိကစားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဦးဆောင်ဂိုး ရသွားခဲ့တာက အိမ်ရှင် ပိုလန်တို့ပဲ ဖြစ်ပြီး အသင်းခေါင်းဆောင် ရောဘတ်လီဝမ်ဒေါစကီး က ပင်နယ်တီ ကတစ်ဆင့် သွင်းယူခဲ့တာ ဖြစ်ပါတယ်။ ဦးဆောင်ဂိုး ပေးလိုက်ရပြီးနောက် ဆွီဒင်တို့ အီလန်ဂါ၊ ဆဗန်ဘက်ဂျ် တို့ကို ထည့်ပြီး ချေပဂိုးရဖို့ တိုက်စစ်မြှင့်ခဲ့ပါတယ်။ ဂိုးရလိုစိတ်နဲ့ တိုက်စစ်က အလွံအကျွံ လိုက်ပါမိခဲ့တဲ့ ဆွီဒင်တို့ ၇၂ မိနစ်မှာ ဒုတိယဂိုး ထပ်ပေးခဲ့ရပါတယ်။ နောက်ခံလူ ဒန်နီရယ်ဆင် ရဲ့ အမှားကနေ ဇီလင်းစကီးက တစ်ကိုယ်တော် လွတ်လွတ်ကျွတ်ကျွတ် ဆွဲပြေးပြီး ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် နှစ်သင်းလုံး ဂိုးထပ်မသွင်းနိုင်တော့လို့ ၂-၀ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပြီး ပိုလန်တို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်သွားခဲ့ပါတယ်။ ပိုလန်တို့ သမိုင်းတစ်လျှောက် ကမ္ဘာ့ဖလား ပြိုင်ပွဲကို ၈ ကြိမ်မြောက် ကစားခွင့်ရခဲ့ပြီး ဆွီဒင် ကတော့ နောက်ဆုံး ၄ ကြိမ်မှာ ၃ ကြိမ်အထိ လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
မန်ချက်စတာစီးတီး
အက်တလက်တီကို
ဂိုးပေါ် 2.75 @ 2.00
1X2 မန်ချက်စတာစီးတီး @ 1.40
ဂိုးပေါင်း 2-3 @ 1.97
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

ခြေစစ်ပွဲ Play-Off ဆီမီးဖိုင်နယ်မှာ ချက်ကို ခက်ခက်ခဲခဲ ကျော်ဖြတ်လာရပြီး နောက်ဆုံး အဆင့် ရောက်မှ ရှုံးပွဲနဲ့ အတူ ကမ္ဘာ့ဖလား ကိုပါ လွဲချော်ခဲ့ရတဲ့ ဆွီဒင်ရဲ့ အဖြစ် ကတော့ စိတ်မကောင်းစရာပါပဲ။ ပိုလန် ကတော့ Play-Off ပွဲစဉ် ရေးဆွဲမှု အရ ပွဲချောင်ခဲ့သလို ယူကရိန်း အရေးကြောင့် ရုရှားနဲ့ ကစားဖို့ မလိုခဲ့လို့ ကံကောင်းခဲ့ပြီး နောက်ဆုံး အဆင့်မှာ အိမ်ကွင်း အားသာချက်ပါ ရှိခဲ့တာ ဖြစ်ပါတယ်။ နှစ်သင်းလုံး အပြည့်အဝ ပေးဆပ် ကစားခဲ့ကြပေမယ့် မစ်ချ်နီဝစ်ချ်ရဲ့ နည်းဗျူဟာက ဆွီဒင် နည်းပြ ရန်းအန်ဒါဆင်ရဲ့ ဗျူဟာထက် ပိုပြီး အလုပ်ဖြစ်ခဲ့တယ်လို့ ဆိုနိုင်ပြီး ပိုလန် ကစားသမားတွေလည်း တော်တော်လေး အမှားနည်းခဲ့လို့ နိုင်ပွဲ ရခဲ့တာ ဖြစ်ပါတယ်။ အဓိက ပိုလန် ခံစစ်က ဂလစ်ခ်၊ ဘက်ဒ်နာရက်ခ်၊ ဘရက်စ်ဇင်စကီးတို့ ဆွီဒင် တိုက်စစ်က အီဆက်ခ်၊ ကွေဆင် တို့ကို ထိန်းချုပ်ထားနိုင်ခဲ့သလို အီလန်ဂါ၊ ဇလာတန်တို့ ဝင်ရောက်လာချိန် မှာလည်း အတည်ငြိမ်ဆုံး ခုခံသွားနိုင်ခဲ့လို့ ဆွီဒင်တို့ ဂိုးတွေနဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။

လာမယ့်ပွဲစဉ်များ ပိုလန်တို့ ဇွန်လ ၄ ရက်နေ့မှာ နေးရှင်းလိဂ် (A) အုပ်စု ပွဲစဉ် ကစားဖို့ ရှိပြီး ဆွီဒင် ကတော့ ဇွန်လ ၃ ရက်နေ့မှာ ဆလိုဗေးနီးယားနဲ့ နေးရှင်းလိဂ် (B) ကစားရမှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်