နိုင်ဂျီးရီးယား – ဂါနာ
မတ်လ ၂၉ ရက်နေ့ ညမှာတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံး အဆင့် ဒုတိယအကျော့ ပွဲစဉ်တွေ ဆက်လက် ယှဉ်ပြိုင်ကစားဖို့ ရှိပြီး နိုင်ဂျီးရီးယား ဂါနာကို အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။ ပထမအကျော့ ဂါနာ အသင်းရဲ့ အိမ်ကွင်းမှာ ဂိုးမရှိ သရေရလဒ် ထွက်ပေါ်ထားခဲ့လို့ နှစ်သင်းစလုံး အတွက် ကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်ရေး အခွင့်အရေး ဆတူ ရှိနေပြီး ဘယ်အသင်းက ကာတာ သွားခွင့် လက်မှတ် ပိုင်ဆိုင်သွားမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အာဖရိကရဲ့ အအောင်မြင်ဆုံး အသင်း ဖြစ်ခဲ့တဲ့ နိုင်ဂျီးရီးယားတို့ အိမ်ကွင်း အားသာချက်နဲ့ အတူ ဂါနာကို အနိုင်ယူပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ၇ ကြိမ်မြောက် အောင်မြင်ဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အာဖရိကနိုင်ငံများဖလားမှာ ၁၆ သင်း အဆင့်နဲ့ပဲ ကျေနပ်ထားခဲ့ရတဲ့ နိုင်ဂျီးရီးယားတို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အုပ်စု အဆင့် မှာတော့ ရှုံးပွဲ ၁ ပွဲသာ ရှိခဲ့ပါတယ်။ အုပ်စု ပွဲစဉ် ၆ ပွဲ ကစားခဲ့ရာမှာ ၄ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံး၊ ရမှတ် ၁၃ မှတ် ရရှိခဲ့ပြီး အုပ်စုဗိုလ် အဖြစ်နဲ့ ဒီအဆင့်ကို တက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်က ကစားခဲ့တဲ့ Play-Off နောက်ဆုံး အဆင့် ပထမအကျော့ ပွဲစဉ် မှာတော့ ဂါနာကို အဝေးကွင်းမှာ ခြေရည်တူ ယှဉ်ပြိုင်ပြီး ဂိုးမရှိ သရေ ရလဒ် ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပါတယ်။ အော့ဆီမန်၊ အီရန်နာချို၊ ချူကွီဇီ တို့လို ကစားသမားတွေ ပိုင်ဆိုင်ထားပေမယ့် နောက်ဆုံး ၂ ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့တာ ကတော့ နိုင်ဂျီးရီးယားတို့ တိုက်စစ်ပိုင်း အားနည်းချက်ကို ထောက်ပြနေသလိုပါပဲ။ အခုပွဲကိုတော့ ဒူးဒဏ်ရာ ရထားတဲ့ လက်စတာစီးတီး ကွင်းလယ်လူ ဝီလ်ဖရိုင်း အန်ဒီဒီ ကလွဲလို့ နိုင်ဂျီးရီးယားတို့ အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်နိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ နည်းပြ အီဂါဗိုဝမ် အနေနဲ့ သူ့စိတ်ကြိုက် ၄-၂-၃-၁ အခင်းအကျင်းကိုပဲ အသုံးပြုလာဖွယ် ရှိပြီး အဓိက ကစားသမားတွေ ဖြစ်တဲ့ အော့ဆီမန်၊ အီရန်နာချို၊ ချူကွီဇီ၊ ဆီမွန်၊ အာရီဘို၊ ဆာနူဆီ၊ ဘယ်လိုဂန်၊ အက်ကောင်း၊ အေနာ၊ အင်နိုးဆန့်၊ ယူဇိုဟိုတို့နဲ့ပဲ ပွဲထွက်လာဖွယ် ရှိနေပါတယ်။
ဂါနာ ကတော့ ဥရောပ အခြေစိုက် ကစားသမားတွေ အများစုနဲ့ ဖွဲ့စည်းထားပေမယ့် ခြေစွမ်းပိုင်း အားရစရာ မရှိသေးသလို ရလဒ်တွေလည်း တောက်လျောက် ဆိုးရွားနေတဲ့ အသင်း ဖြစ်ပါတယ်။ အာဖရိကဖလားမှာ အုပ်စု အဆင့်နဲ့ပဲ လက်ပြထားခဲ့ရသလို ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲ ရှုံး၊ ၂ ပွဲသရေ ကျထားတဲ့ အထိ အခြေအနေဆိုးနေတာ ဖြစ်ပါတယ်။ ဂါနာဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၃ ကြိမ်ဆက် အောင်မြင်ခဲ့ဖူးပြီး ၂၀၀၆ မှာ ၁၆ သင်းအဆင့်၊ ၂၀၁၀ မှာ ကွာတားဖိုင်နယ်၊ ၂၀၁၄ မှာ အုပ်စု အဆင့်တွေအထိ ရောက်ရှိခဲ့ဖူးတဲ့ အာဖရိက အသင်း ဖြစ်ပါတယ်။ ၂၀၁၈ ရုရှား ကမ္ဘာ့ဖလား ကိုတော့ ခြေစစ်ပွဲ အောင်မြင်ခဲ့ခြင်း မရှိခဲ့ပဲ ၂၀၂၂ ကမ္ဘာ့ဖလားမှာ တကျော့ပြန် ကစားခွင့်ရဖို့ အနီးစပ်ဆုံး အခြေအနေကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ပထမအကျော့ အိမ်ကွင်း အားသာချက်ကို အသုံးမချနိုင်ခဲ့တဲ့ ဂါနာတို့ ဒုတိယအကျော့ အဝေးကွင်း ပွဲစဉ်မှာ ကျိန်းသေပေါက် ရုန်းကန်ရဖွယ် ရှိနေပြီး ဒီခြေစွမ်း အတိုင်း ဆိုရင်တော့ နိုင်ဂျီးရီးယားကို ကျော်ဖြတ်ဖို့ တော်တော်လေး ခက်ခဲနေဦးမှာ သေချာပါတယ်။ သောမက်စ် ပါတေး ရှိနေတဲ့ ကွင်းလယ်နဲ့ အမာတေး ဦးဆောင်တဲ့ ခံစစ်က လုပ်အားနှုန်း ကောင်းနေပေမယ့် ဂျောဒန် အာယူး၊ အဖီနာ ဂရန် တို့ ဦးဆောင်နေတဲ့ တိုက်စစ်ပိုင်း ကတော့ အဆုံးသတ် အားနည်းလွန်းနေပါတယ်။ နည်းပြ အော့တိုအက်ဒို အနေနဲ့ ပြီးခဲ့တဲ့ ပွဲက လူစာရင်း၊ ကစားကွက် နဲ့ပဲ နိုင်ဂျီးရီးယားကို ရင်ဆိုင်သွားဖွယ် ရှိနေပြီး Final Third အားနည်းချက် ကိုတော့ ဘယ်လို ပြင်ဆင်လာမလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ဒီနှစ်သင်း ကတော့ သမိုင်းတစ်လျှောက် ၅၇ ကြိမ် ထိပ်တိုက်တွေ့ဆုံ ကစားထားခဲ့ပြီး ဂါနာက ၂၅ ကြိမ်နိုင်ကာ နိုင်ဂျီးရီးယား ကတော့ ၁၂ ကြိမ် ပြန်လည် အနိုင်ရထားခဲ့ပါတယ်။ အကြိမ် ၂၀ ကတော့ သရေ ရလဒ် ထွက်ပေါ်ထားခဲ့ပြီး နောက်ဆုံး တွေ့ဆုံမှု ၂ ကြိမ်စလုံး မိနစ် ၉၀ အတွင်း သရေရလဒ် ထွက်ပေါ်ထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာ အကြံပြုချက်များ
SBOTOP ရဲ့ 1X2 မှာ အိမ်ရှင် နိုင်ဂျီးရီးယား အတွက် ၂.၁၉ ဆ၊ ဂါနာ အတွက် ၃.၃၀ ဆ၊ သရေ အတွက် ၄.၉၀ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ နှစ်သင်းလုံးရဲ့ လက်ရှိ ခြေစွမ်းက အားရစရာ မရှိပါဘူး။ နိုင်ဂျီးရီးယားတို့ နောက်ဆုံး ၂ ပွဲဆက် ဂိုးမသွင်းနိုင်ခဲ့သလို ဂါနာ ကလည်း နောက်ဆုံး ၅ ပွဲဆက် နိုင်ပွဲ ပျောက်ထားခဲ့ပါတယ်။ ခြေစစ်ပွဲ အောင်မြင်ရေး အဆုံးအဖြတ် ဖြစ်လို့ အကြိတ်အနယ် ကစားကြမှာ မှန်ပေမယ့် Final Third ကစားပုံ အားရစရာ မရှိလို့ အပြန်အလှန် သွင်းဂိုးတွေ မြင်တွေ့ရနိုင်ချေ နည်းပါတယ်။ မိနစ် ၉၀ အတွင်း သရေပဲ မျှော်လင့်ထားပြီး ဂိုးပေါင်း အောက်ကို ရွေးချယ်ထားချင်ပါတယ်။
ခန့်မှန်းရလဒ် (၁-၁)
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.