နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အိမ်ကွင်း စွမ်းဆောင်ရည် ကောင်းတဲ့ ဆီနီဂေါ နဲ့ပဲ အရဲစွန့်ချင်တယ် | ဆီနီဂေါ – အီဂျစ် (၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်)

ဆီနီဂေါ – အီဂျစ်

ကမ္ဘာ့ဖလား ခြေစစ်ပွဲ အာဖရိကဇုန် ဒုတိယအကျော့ နောက်ထပ် ပွဲစဉ် တစ်ပွဲ အဖြစ် ဆီနီဂေါတို့ အီဂျစ်ကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာ ဖြစ်ပါတယ်။ ပထမအကျော့ ကိုင်ရိုမှာ ၁-၀ ရလဒ် ထွက်ပေါ်ထားခဲ့လို့ အီဂျစ်တို့ အနည်းငယ် အသာရနေတယ် ဆိုပေမယ့် ဆီနီဂေါ ကလည်း ခြေစစ်ပွဲ အောင်မြင်ရေး မျှော်လင့်ချက် အပြည့်အဝ ရှိနေသေးလို့ ကျိန်းသေပေါက် အားစိုက်လာကြဦးမှာ သေချာပါတယ်။ ဒါ့အပြင် လက်ရှိ အာဖရိကရဲ့ အကောင်းဆုံး နှစ်သင်း ထိပ်တိုက်တွေ့ဆုံမှု ဖြစ်နေတာကြောင့်လည်း ပရိသတ် အကြိုက် ပွဲကောင်း တစ်ပွဲ ဖြစ်လာဖို့လည်း ရှိနေတာပါ။

ဆီနီဂေါတို့ ပထမအကျော့တုန်းက အဝေးကွင်းမှာ တစ်ဂိုးတည်းနဲ့ ကပ်ပြီး ရှုံးနိမ့်ခဲ့ပေမယ့် ခြေစွမ်းပိုင်းအရတော့ အီဂျစ်ထက် ပိုကောင်းခဲ့တယ်လို့ ပြောလို့ ရပါတယ်။ ဘောလုံး ပိုင်ဆိုင်မှု၊ ပေးပို့မှု၊ ဂိုးပေါက် ခြိမ်းခြောက်မှု အပိုင်းတွေမှာ အသာရခဲ့ပြီး ပွဲချိန် ၄ မိနစ်မှာ မထင်မှတ်ပဲ ပေးလိုက်ရတဲ့ ဂိုးကြောင့်သာ ဆီနီဂေါတို့ ဒုတိယအကျော့မှာ လိုအပ်တာထက် ပိုပြီး အားစိုက် ရုန်းကန်ရဖို့ ရှိလာခဲ့တာပါ။ ပြီးခဲ့တဲ့ ပွဲရလဒ်တွေ ပြန်ကြည့်မယ် ဆိုရင် အီဂျစ်နဲ့ ပွဲက လွဲလို့ အုပ်စု အဆင့်မှာ ဆီနီဂေါတို့ ရှုံးပွဲ လုံးဝ မရှိခဲ့သလို ပြိုင်ပွဲစုံ အိမ်ကွင်း နောက်ဆုံး ၁၁ ပွဲဆက် မရှုံးအောင် စွမ်းဆောင်ထားပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ကြိမ် အောင်မြင်ဖူးတဲ့ အာဖရိက လက်ရှိ ချန်ပီယံ ဆီနီဂေါတို့ လက်ရှိမှာ အကောင်းဆုံး စုဖွဲ့မှု တစ်ခုကို ပိုင်ဆိုင်ထားပြီး ခံစစ်၊ ကွင်းလယ်၊ တိုက်စစ် အမျှတဆုံး ကစားထားနိုင်တဲ့ အသင်း ဖြစ်ပါတယ်။ ဒါပေမယ့် နည်းပြ ဆစ်ဆီရဲ့ အသင်းက အီဂျစ်ရဲ့ မာကျော ကျစ်လျစ်တဲ့ ခံစစ်ကို ဘယ်လို ပုံစံနဲ့ ကျော်ဖြတ်မလဲ ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အခုပွဲမှာလည်း ဆီနီဂေါတို့ ၄-၃-၃ အခင်းအကျင်းနဲ့ပဲ ပွဲထွက်လာဖွယ် ရှိနေပြီး မာနေး၊ ဒီဒီဟျူ၊ ဆား ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ မန်ဒီ၊ ကိုယာတေး၊ ဂေးရ်၊ ဒီရယ်လို၊ ကူလီဘာလီ၊ အက်ဒ်ဝက် မန်ဒီ တို့ ပါဝင်လာဖွယ် ရှိနေပါတယ်။

ပထမအကျော့ အိမ်ကွင်းမှာ အဖိုးတန် သွင်းဂိုး ၁ ဂိုး ရခဲ့လို့ အီဂျစ်တို့ ကမ္ဘာ့ဖလား ကစားခွင့်နဲ့ လက်တစ်ကမ်း အကွာကို ရောက်နေခဲ့တယ်လို့ ဆိုရပါမယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၇ ပွဲမှာ ရှုံးပွဲ ၁ ပွဲသာ ရှိထားတဲ့ အီဂျစ်

ပထမအကျော့ အိမ်ကွင်းမှာ အဖိုးတန် သွင်းဂိုး ၁ ဂိုး ရခဲ့လို့ အီဂျစ်တို့ ကမ္ဘာ့ဖလား ကစားခွင့်နဲ့ လက်တစ်ကမ်း အကွာကို ရောက်နေခဲ့တယ်လို့ ဆိုရပါမယ်။ ဒါကြောင့် အဝေးကွင်း ပွဲစဉ်မှာ အတတ်နိုင်ဆုံး ဂိုးမပေးရဖို့နဲ့ အနိမ့်ဆုံး သရေ ကစားဖို့ မျှော်လင့်ထားပါလိမ့်မယ်။ အီဂျစ်ရဲ့ အားသာချက်က နာမည်ကြီး ကစားသမား ဆိုလို့ မိုဟာမက်ဆာလာ၊ အယ်နီနီနဲ့ ထရက်ဇီဂတ် တို့လောက်ပဲ ပါဝင်သလို ပွဲတိုင်းကို အားရစရာ ခြေစွမ်းမျိုးနဲ့ မကစားနိုင်ပေမယ့် အသင်းလိုက် စုဖွဲ့မှု ကောင်းကောင်းနဲ့ ပြိုင်ဘက်တွေကို အနိုင်ယူ ကျော်ဖြတ်လေ့ ရှိတာ ဖြစ်ပါတယ်။ အခုပွဲ မှာလည်း ကားလို့စ် ကွီးရော့ဇ်ရဲ့ အသင်းက ခံစစ်ကို အခိုင်အမာ တည်ဆောက်လာပြီး တန်ပြန် တိုက်စစ်ကိုပဲ အားပြု ကစားမယ့် သဘော ရှိပါတယ်။ ကစားကွက် အခင်းအကျင်းနဲ့ ပွဲထွက်လူစာရင်း ကတော့ ပထမအကျော့က အတိုင်း အပြောင်းအလဲ မရှိ မြင်တွေ့ရဖို့ များနေပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပရီးမီးယား လိဂ်
လိဒ် ယူနိုက်တက်
ဆောက်သမ်တမ်
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ပြီးခဲ့တဲ့ ထိပ်တိုက်တွေ့ဆုံမှု ၁၄ ကြိမ်မှာ အီဂျစ်တို့ ၇ ကြိမ် အနိုင်ရခဲ့ပြီး ဆီနီဂေါ ကတော့ ၅ ကြိမ် ပြန်လည် အနိုင်ရထားပါတယ်။ သရေကတော့ ၂ ပွဲသာ ရှိထားခဲ့ပြီး တွေ့ဆုံချိန်တိုင်းမှာ ပြတ်သားတဲ့ ရလဒ် ထွက်ပေါ်ခဲ့တယ်လို့ ပြောလို့ ရပါတယ်။ ပြီးခဲ့တဲ့ အာဖရိကနိုင်ငံများဖလား ဗိုလ်လုပွဲ မှာတော့ အီဂျစ်နဲ့ ဆီနီဂေါတို့ အချိန်ပို၊ ပင်နယ်တီတွေ အထိ ရောက်ခဲ့ပြီး ပင်နယ်တီ မှာတော့ ဆီနီဂေါက ၄-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံး အဆင့် ပထမအကျော့ ပွဲစဉ် မှာတော့ အီဂျစ်တို့ ၁-၀ ရလဒ်နဲ့ ကပ်ပြီး အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ


SBOTOP ရဲ့ 1×2 မှာ အိမ်ရှင် ဆီနီဂေါ အတွက် ၁.၉၀ ဆ၊ အီဂျစ် အတွက် ၄.၂၀ ဆ၊ သရေ အတွက် ၂.၈၂ ဆ ကြေးဖွင့်လှစ်ပေးထားပါတယ်။ လက်ရှိ အာဖရိကရဲ့ အကောင်းဆုံး နှစ်သင်း တိုက်တိုက်ဆိုင်ဆိုင် တွေ့ဆုံနေတာ ဖြစ်သလို တစ်သင်းတည်းကပဲ ကာတာ သွားခွင့် လက်မှတ် ပိုင်ဆိုင်ရမှာ ဖြစ်လို့ ဗိုလ်လုပွဲ တမျှ အားစိုက် ကစားလာကြဦးမှာ သေချာပါတယ်။ လက်ရှိ ခြေစွမ်းပိုင်း အရတော့ ပွဲအဖြေပြောင်းလဲနိုင်တဲ့ ကစားသမား အများစု ပါဝင်နေတဲ့ ဆီနီဂေါ ကိုပဲ သဘောကျနေပါတယ်။ ပွဲအစအဆုံး ဆီနီဂေါ ကပဲ တစ်ဖက်သတ် တိုက်ဖို့ များပါတယ်။ အီဂျစ်ရဲ့ ခံစစ် ကလည်း တောင့်တင်းတာကြောင့် သွင်းဂိုး အနည်းဘက်ကို ဦးတည်နိုင်ပါတယ်။ ဆီနီဂေါတို့ တစ်ဂိုး အသာလောက် နဲ့ပဲ ကပ်နိုင်သွားဖို့ များပြီး အချိန်ပို၊ ပင်နယ်တီ အထိ ရောက်သွားနိုင်ပါတယ်။

ခန့်မှန်းရလဒ် (၁-၀)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်