နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဝေးလ်စ် အတွက် ဆိုရင် အမြဲတမ်း အသင့် ရှိနေခဲ့တဲ့ ဘေးလ် (၂၀၂၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ပွဲပြီးသုံးသပ်ချက်)

ဝေးလ်စ် ၂-၁ ဩစတြီးယား

နောက်ထပ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် Play-Off ဆီမီးဖိုင်နယ် ပွဲစဉ် မှာတော့ ဝေးလ်စ်တို့ ဂါရက်သ်ဘေးလ်ရဲ့ တောက်ပမှုနဲ့ အတူ ဩစတြီးယားကို ၂-၁ ရလဒ်နဲ့ အနိုင်ယူပြီး နောက်ဆုံး အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။ ဘေးလ် ကတော့ ကလပ် အသင်းမှာ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရသလောက် လက်ရွေးစင် အသင်း အတွက် ဆိုရင်တော့ ကစားတဲ့ ပွဲတိုင်းမှာ ခြေစွမ်းပြနိုင်ဆဲ ဖြစ်ပြီး အခုပွဲ မှာလည်း ဝေးလ်စ် အတွက် အနိုင်ဂိုး ၂ ဂိုးစလုံးကို သူတစ်ဦးတည်းကပဲ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။


ပွဲစဉ်အကျဉ်း

ဝေးလ်စ်တို့ ပုံမှန် ပွဲထွက်နေကျ ၃-၅-၂ အခင်းအကျင်းနဲ့ပဲ ကစားခဲ့ပြီး တိုက်စစ်မှာ ဒန်ဂျိမ်းစ်နဲ့ ဘေးလ်ကို တွဲပေးခဲ့ပါတယ်။ ကွင်းလယ်မှာ အဲလ်န်၊ ရမ်ဆေး၊ ရောဘတ်စ်၊ ဝီလ်ဆင်နဲ့ နီကို ဝီလီယမ်စ်တို့ ကစားခဲ့ပြီး ခံစစ်နဲ့ ဂိုး မှာတော့ ရွန်ဒွန်၊ ဘန်ဒေးဗီးစ်၊ အမ်ပါဒူနဲ့ ဟန်နက်ဆီတို့ ပွဲထွက်ခဲ့ပါတယ်။ ဩစတြီးယား ကတော့ ၄-၄-၁-၁ နဲ့ ပွဲထွက်ခဲ့ပြီး အာနူတိုဗစ်၊ ဆဘစ်ဇာ တို့ ဦးဆောင်တဲ့ တိုက်စစ်နဲ့ အတူ လိုင်မာ၊ ဘမ်ဂတ်နာ၊ အလာဘာ၊ ဒရာဂိုဗစ်၊ ဆိဒ်ဝဲလ်၊ လိုင်နာ၊ ဟင်တာရက်ဂါ၊ ရှလက်ဂါ၊ လင်ဒ်နာ တို့နဲ့ လူစုံခဲ့ပါတယ်။

ွဲချိန် ၆၄ မိနစ်မှာ မာကယ် ဆဘစ်ဇာရဲ့ ချေပဂိုး ၁ ဂိုး ပြန်ရခဲ့တာက လွဲရင် ဘာမှမတတ်နိုင်ခဲ့လို့ ၂-၁ ရလဒ်နဲ့ပဲ ဝေးလ်စ်ကို အရှုံးပေးခဲ့ရပြီး ကာတာ ကမ္ဘာ့ဖလား ဝင်ခွင့် အိမ်မက်တွေ ရပ်တန့်ခဲ့ရပါတယ်။
ဝေးလ်စ်နဲ့ ထိပ်တိုက် တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၄ ကြိမ်မှာ ၃ ပွဲ ရှုံး၊ ၁ ပွဲ သရေ သာ ကစားနိုင်ခဲ့တဲ့ ဩစတြီးယား

ဝေးလ်စ်တို့ အိမ်ကွင်း အားသာချက် ရှိခဲ့ပေမယ့် တကယ်တမ်း ကစားတဲ့ အချိန်မှာတော့ ဩစတြီးယားကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ရမ်ဆေး၊ အဲလန်၊ ဝီလ်ဆင်တို့ရဲ့ ကွင်းလယ်က ဘောလုံး တောက်လျောက် ထွက်နေခဲ့ပေမယ့် တိုက်စစ်က ဒန်ဂျိမ်းစ် မကြာခဏ အခွင့်အရေးတွေ ဖြုန်းတီးပစ်ခဲ့လို့ ဝေးလ်စ်တို့ ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။ တစ်ဖက် မှာလည်း ဩစတြီးယားတို့ အိမ်ရှင် အသင်းကို အပြန်အလှန် ဖိအားပေးနိုင်ခဲ့ပေမယ့် အာနူတိုဗစ်ရဲ့ အဆုံးသတ် အားနည်းမှုတွေနဲ့ တောင်ပံ နှစ်ဖက်က ဘမ်ဂတ်နာ လိုင်မာ၊ အလာဘာ တို့ရဲ့ ဖြတ်တင်ဘောတွေ တိကျမှု မရှိခဲ့လို့ ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့်လည်း ပွဲချိန် ၂၅ မိနစ် မှာတော့ ဝေးလ်စ်တို့ မထင်မှတ်ပဲ ဦးဆောင်ဂိုး ရသွားခဲ့ပြီး ဒီဂိုး ကိုတော့ အသင်းခေါင်းဆောင် ဘေးလ်က ဖရီးကစ် ကနေ တစ်ဆင့် ဂိုးသမားရဲ့ ဘယ်ဘက် အပေါ်ထောင့်ထဲကို လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဩစတြီးယားတို့ ပြန်ပြီး အသာစီးရလာခဲ့ပေမယ့် ၁-၀ ရလဒ်နဲ့ပဲ ပထမပိုင်း ပြီးဆုံးခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲပြန်စချိန်မှာလည်း ဩစတြီးယားတို့ ဘောလုံး ပိုင်ဆိုင်မှု အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် တကယ်တမ်း ဂိုးထပ်ရသွားခဲ့တာ ကလည်း ဝေးလ်စ် တို့ပဲ ဖြစ်ပါတယ်။ ဒီတစ်ကြိမ် မှာလည်း ဂါရက်သ် ဘေးလ် ကပဲ ဩစတြီးယား နောက်ခံလူတွေ လိုက်လံ တားဆီးနေတဲ့ ကြားက လှလှပပ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဩစတြီးယားတို့ ချေပဂိုးတွေ ပြန်ရဖို့ ကစားသမား အပြောင်းအလဲတွေ ဆက်လက် ပြုလုပ်ခဲ့ပေမယ့် သိပ်တော့ အလုပ်မဖြစ်ခဲ့ပါဘူး။ ပွဲချိန် ၆၄ မိနစ်မှာ မာကယ် ဆဘစ်ဇာရဲ့ ချေပဂိုး ၁ ဂိုး ပြန်ရခဲ့တာက လွဲရင် ဘာမှမတတ်နိုင်ခဲ့လို့ ၂-၁ ရလဒ်နဲ့ပဲ ဝေးလ်စ်ကို အရှုံးပေးခဲ့ရပြီး ကာတာ ကမ္ဘာ့ဖလား ဝင်ခွင့် အိမ်မက်တွေ ရပ်တန့်ခဲ့ရပါတယ်။

ယူအီးအက်ဖ်အေ – ချန်ပီယံလိဂ်
ချဲလ်ဆီး
ရီးယဲလ်မက်ဒရစ်
ဂိုးပေါ် 2.25 @ 1.85
1X2 ချဲလ်ဆီး @ 2.13
ဂိုးပေါင်း 2-3 @ 1.90
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

ဒီပွဲရဲ့ အဓိက ဇာတ်လိုက်ကျော် ကတော့ ဘေးလ် ပါပဲ။ ဝေးလ်စ် အတွက် ဆိုရင် ဘေးလ် က အမြဲတမ်း အသင့် ရှိနေတယ် လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ အကောင်းဆုံး တောင်ပံ ကစားသမား ဖြစ်ခဲ့ဖူးတဲ့ ဘေးလ်ဟာ နောက်ပိုင်း နှစ်တွေမှာ ဘယ်အသင်း ရောက်ရောက် ဒဏ်ရာကြောင့် အရန်ခုံ ထိုင်နေရတာ များသူပါ။ ဒါပေမယ့် ထူးခြားချက်က ဘယ်လိုပဲ ဒဏ်ရာရနေပါစေ။ ဝေးလ်စ် အတွက် ကစားပေးရတဲ့ ပွဲတိုင်း မှာတော့ အမြဲတမ်း ဟီးရိုး ဖြစ်ခဲ့တာချည်းပါပဲ။ အခုလည်း ဘေးလ် အနေနဲ့ ဒဏ်ရာကြောင့် အယ်ကလက်ဆီကို ဒါဘီကို လွဲချော်အပြီး ရက်ပိုင်း အကြာမှာပဲ ဝေးလ်စ် အတွက် ခြေစွမ်းပြပြီး ဂိုးတွေ သွင်းပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့ပွဲမှာ စိတ်ပျက်စရာ ခြေစွမ်းနဲ့ မြင်တွေ့ခဲ့ရသူ ဆိုရင်တော့ ဒန်ဂျိမ်းစ် ကိုပဲ လက်ညွှန်းထိုးရမှာ ဖြစ်ပါတယ်။ တိုက်စစ်မှူး တစ်ဦးမှာ ရှိသင့်တဲ့ အရည်အချင်းတွေ မမြင်ခဲ့ရပဲ အပိုင် အခွင့်အရေးတွေ အကြိမ်ကြိမ် ဖြန်းတီးခဲ့သူလည်း ဖြစ်ပါတယ်။ ဩစတြီးယား ကတော့ ဘောလုံး ပိုင်ဆိုင်မှု အသာရခဲ့တာက လွဲရင် အားရစရာ တိုက်စစ်ဆင်မှု တစ်ကြိမ်တောင် မပြုလုပ်နိုင်ခဲ့ပါဘူး။ ရခဲ့တဲ့ ချေပဂိုး ကလည်း ပြိုင်ဘက် နောက်တန်းနဲ့ ထိပြီး လမ်းကြောင်းပြောင်း ဂိုးဝင်ခဲ့တာ ဖြစ်လို့ ကံကောင်း ထောက်မစွာနဲ့ ရခဲ့တယ် ဆိုပြီးတောင် ပြောလို့ ရပါတယ်။


လာမယ့်ပွဲစဉ်များ

ဒီနိုင်ပွဲကြောင့် ဝေးလ်စ်တို့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် Play-Off ဗိုလ်လုပွဲမှာ စကော့တလန်-ယူကရိန်း ပွဲက အနိုင်ရပြီး တက်လာတဲ့ အသင်းနဲ့ တွေ့ဆုံ ယှဉ်ပြိုင်ရတော့မှာ ဖြစ်ပါတယ်။ ရှုံးနိမ့်ခဲ့တဲ့ ဩစတြီးယား ကတော့ လာမယ့် ဇွန်လ ၄ ရက်နေ့မှ ခရိုအေးရှားနဲ့ နေးရှင်းလိဂ် (A) ပွဲစဉ် ဆက်လက် ကစားရတော့မှာ ဖြစ်ပါတယ်။


 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်