ဆွီဒင် ၀-၀ ချက်
(အချိန်ပိုမှာ ၁-၀နဲ့ ဆွီဒင် အနိုင်ရ)
ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် Play-Off ဆီမီးဖိုင်နယ် နောက်ဆုံး ပွဲစဉ် မှာတော့ ဆွီဒင်နဲ့ ချက်တို့ အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြပြီး မိနစ် ၉၀ အတွင်း ပွဲအဖြေ မပေါ်ခဲ့တာကြောင့် အချိန်ပို အထိ ဆက်ကစားခဲ့ကြရပါတယ်။ အချိန်ပို မှာတော့ ဆွီဒင်တို့ လူစားဝင် ကစားသမား ကွေဆင်ရဲ့ သွင်းဂိုးနဲ့ ချက်ကို အနိုင်ရခဲ့ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် Play-Off ဗိုလ်လုပွဲကို တက်လှမ်းသွားခဲ့ပါတယ်။
ပွဲစဉ်အကျဉ်း
ဆွီဒင်က ၄-၄-၂နဲ့ ပွဲထွက်လာခဲ့ပြီး ချက် ကတော့ ၄-၂-၃-၁ အခင်းအကျင်းနဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။ ဒီနေ့ပွဲမှာ ဂျိန်းအန်ဒါဆင်ရဲ့ အသင်းက အီဆက်ခ်၊ ကူလူဆက်ဗ်စကီး၊ အိုလ်ဆင်၊ ဖော့စ်ဘက်ဂျ်၊ လင်ဒီလော့ဖ်၊ ဒန်နီရဲလ်ဆင် တို့နဲ့ လူစုံခဲ့ပြီး ချက်ကတော့ ပက်ထရစ် ရှစ်ခ် ဒဏ်ရာရနေခဲ့လို့ ကွတ်ရှ်တာ ကို အထောင် တိုက်စစ် နေရာမှာ ပွဲထွက်စေခဲ့ပါတယ်။ ကွင်းလယ်နဲ့ ခံစစ် မှာတော့ သောမက်စ် ဆိုရှက်ခ်၊ ဂျန့်တို၊ ဘာရက်ဇ်၊ ဟိုလက်စ်၊ ဇီမာ တို့ ပါဝင်လာခဲ့ပါတယ်။
ခံစစ် ကစားပုံ ကျစ်လျစ်တဲ့ အသင်းတွေ ပီပီ ပွဲစကတည်းက ကစားကွက် တည်မရအောင် မာမာထန်ထန် တုန့်ပြန် ကစားသွားခဲ့ကြပါတယ်။ ဆွီဒင်တို့ ချက်ရဲ့ တိုက်စစ် လမ်းကြောင်းတွေကို ဖျက်တောက်နိုင်ခဲ့သလို ချက် ခံစစ် ကလည်း အမှားနည်းလွန်းခဲ့တာကြောင့် နှစ်သင်းလုံး ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ မပြုလုပ်နိုင်ခဲ့ကြပါဘူး။ ကွင်းလယ်နဲ့ ဂိုးဧရိယာထိပ် မှာပဲ ဘောလုံး အပျက် များနေခဲ့မှုနဲ့ အတူ မိနစ် ၉၀ ပြည့်ခဲ့လို့ အချိန်ပို မိနစ် ၃၀ ဆက်ပြီး ကစားခဲ့ရပါတယ်။ အချိန်ပို မှာတော့ ချက်တို့ ကစားအား သိသိသာသာ ကျဆင်းသွားခဲ့လို့ ဆွီဒင်တို့ တောက်လျောက် တရစပ် တိုက်စစ်ဆင်နိုင်ခဲ့ပြီး မိနစ် ၁၁၀ မှာတော့ တစ်လုံးတည်းသော အနိုင်ဂိုး ရရှိသွားခဲ့ပါတယ်။ ဒီဂိုး ကိုတော့ ဒုတိယပိုင်းမှ လူစားဝင်လာတဲ့ တိုက်စစ်မှူး ကွေဆင်က အီဆက်ခ်ရဲ့ ဖန်တီးပေးမှုက အမှားအယွင်း မရှိ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ လက်ကျန် မိနစ်တွေမှာ ချေပဂိုး ပြန်ရဖို့ ချက်တို့ အားစိုက်ခဲ့သေးပေမယ့် ဆွီဒင် ဘက်က ဟဲလန်ဒါ၊ အီလန်ဂါ တို့ထည့်ပြီး ပွဲထိန်းသွားခဲ့လို့ ၁-၀ ရလဒ်နဲ့ပဲ ပြီးဆုံးခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
ဒီပွဲ ကတော့ Play-Off ဆီမီးဖိုင်နယ် ပွဲစဉ် အားလုံးထဲ ကမှ ပရိသတ် စိတ်ဝင်စားမှု အနည်းဆုံး ပွဲဖြစ်ပါတယ်။ တကယ်တမ်း ကစားတဲ့ အချိန် မှာလည်း ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပေမယ့် နှစ်သင်းလုံးရဲ့ ခြေစွမ်းပိုင်း ကတော့ အားရစရာ မရှိခဲ့ပါဘူး။ ချက်ရဲ့ တောင့်တင်းတဲ့ ခံစစ်ကို ဆွီဒင် တိုက်စစ်က အီဆက်ခ်၊ ကူလူဆက်ဗ်စကီး တို့ ကျော်ဖြတ်ဖို့ မလွယ်ကူခဲ့သလို ချက်ကလည်း ခံစစ်ကောင်းရုံသာ ကောင်းပြီး ပက်ထရစ် ရှစ်ခ် မပါတဲ့ တိုက်စစ်က လုံးဝကို သေနေခဲ့တာပါ။ နောက်ဆုံး မှာတော့ ဆွီဒင် အတွက် ဇလာတန် မပါလည်း ဖြစ်ပေမယ့် ချက် အတွက် ကတော့ ရှစ်ခ် မပါနိုင်ခြင်းက သိသာတဲ့ အားနည်းချက် ဖြစ်ခဲ့တယ်လို့ပဲ ဆိုရမှာ ဖြစ်ပါတယ်။ ဒီရလဒ်ကြောင့် ဆွီဒင်တို့ အသင်း သမိုင်းတစ်လျှောက် ၁၃ ကြိမ်မြောက် ကမ္ဘာ့ဖလား ကစားခွင့်ရဖို့ နီးစပ်သွားခဲ့ပေမယ့် ချက် အတွက် ကတော့ ၁၀ ကြိမ်မြောက် ကမ္ဘာ့ဖလား ကစားခွင့်နဲ့ လွဲချော်သွားခဲ့ရတာ ဖြစ်ပါတယ်။
လာမယ့်ပွဲစဉ်များ
ဆွီဒင်တို့ မတ်လ ၃၀ ရက်နေ့မှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် Play-Off နောက်ဆုံး အဆင့် ပွဲစဉ် အဖြစ် ပိုလန်နဲ့ ရင်ဆိုင်ရဖို့ ရှိပြီး ချက် ကတော့ ဇွန်လမှ နေးရှင်းလိဂ် (A) ပွဲစဉ်တွေ ဆက်လက် ကစားရမှာ ဖြစ်ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.