အီတလီ ၀-၁ မြောက်မက်ဆီဒိုးနီးယား
ဥရောပချန်ပီံယံ အီတလီ ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် Play-Off ဆီမီးဖိုင်နယ် ပွဲစဉ်မှာ မြောက်မက်ဆီဒိုးနီးယားကို ၀-၁ ရလဒ်နဲ့ အရှုံးပေးခဲ့ရပြီး ကမ္ဘာ့ဖလားကို ၂ ကြိမ်ဆက် လွဲချော်သွားခဲ့ပါတယ်။ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဂိုးပေါက် ကန်ချက် ၃၂ ကြိမ် အထိ ရှိခဲ့ပေမယ့် လိုအပ်နေတဲ့ သွင်းဂိုးတွေ ရှာဖွေနိုင်ခြင်း မရှိခဲ့သလို ပွဲပြီးခါနီး ပေါ့ဆမှုက အီတလီ အသင်းကို ဆုံးရှုံးမှု ကြီးမားသွားစေခဲ့တာလည်း ဖြစ်ပါတယ်။
ပွဲစဉ်အကျဉ်း
အီတလီတို့ ထုံးစံ အတိုင်း ၄-၃-၃ အခင်းအကျင်းနဲ့ပဲ ပွဲထွက်ခဲ့ပြီး မြောက်မက်ဆီဒိုးနီးယား ကတော့ ၄-၄-၂ နဲ့ ပြန်လည် ရင်ဆိုင်သွားခဲ့ပါတယ်။ အီတလီ တိုက်စစ်မှာ အင်မိုဘီလီ၊ ဘာရက်ဒီ၊ အင်ဆစ်ဂ်ညီတို့ ဦးဆောင်လာခဲ့ပြီး ကွင်းလယ်မှာ ဗာရက်တီ၊ ဂျော်ဂျင်ဟို၊ ဘာရယ်လာ၊ ခံစစ်နဲ့ ဂိုးမှာတော့ ဘက်စတိုနီ၊ မန်စီနီ၊ အီမာဆင်၊ ဖလော်ရန်ဇီ၊ ဒွန်နာရမ်းမား တို့ပဲ ပါဝင်လာခဲ့ပါတယ်။ မြောက်မက်ဆီဒိုးနီးယား ကလည်း ရစ်တော့ဗ်စကီး၊ အလက်ဇန္တား ထရက်ဂျ်ကော့ဗ်စကီး၊ အဒီမီ၊ ချာလီနော့ဗ်၊ အယ်လီယော့စကီး၊ ဒီမီထရစ်ဗ်စကီး စတဲ့ အမာခံကစားသမားတွေ ကိုပဲ ပွဲထုတ်လာခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့ပွဲမှာ ရော်ဘတ်တို မန်ချီနီရဲ့ အသင်းမှာ အိမ်ရှင် အားသာချက် အပြည့်နဲ့ ပွဲစကတည်းက ဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် မြောက်မက်ဆီဒိုးနီးယားရဲ့ ကျစ်လျစ်တဲ့ ခံစစ်ကို ကျော်ဖြတ်ဖို့တော့ တော်တော်လေးကို ခက်ခက်ခဲခဲ့ရပါတယ်။ ဂျော်ဂျင်ဟို၊ ဗာရက်တီ တို့ ကွင်းလယ် ကနေ တောက်လျောက် ဖန်တီးပေးပို့မှုတွေ ပြုလုပ်ပေးခဲ့ပေမယ့် မြောက်မက်ဆီဒိုးနီးယားက တစ်သင်းလုံး ပိတ်ဆို့ ကစားခဲ့သလို ခံစစ်မှူးတွေရဲ့ ဆုံးဖြတ်ချက် မှန်ကန်မှုတွေကြောင့် ဂိုးလွန်ဘောတွေနဲ့သာ အဆုံးသတ်ခဲ့ရပါတယ်။ တစ်ပွဲလုံး အတိုင်းအတာနဲ့ ဘောလုံး ပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်း၊ ဂိုးပေါက် ကန်သွင်းမှု ၃၂ ကြိမ်၊ ထောင့်ကန်ဘော ၁၆ ကြိမ် အထိ ရှိခဲ့ပေမယ့် ဂိုးပေါက် တည့်မှု ကတော့ ၅ ကြိမ်သာ ရှိခဲ့တာ ဖြစ်ပါတယ်။ မြောက်မက်ဆီဒိုးနီးယား ကတော့ တစ်ပွဲလုံး မှာမှ ဂိုးပေါက် ကန်ချက် ၄ ကြိမ်သာ ရှိခဲ့သလို ဂိုးပေါက် တည့်မှု ကလည်း ၂ ကြိမ်သာ ရှိခဲ့ပြီး ထောင့်ကန်ဘောဆို တစ်ကြိမ်မှတောင် မရသွားခဲ့ပါဘူး။ ဒါပေမယ့် အသဲခွဲ ဂိုးကိုတော့ မိနစ် ၉၀ ပြည့်ပြီးလို့ နာကျင်အချိန်ပို ၂ မိနစ် မှာ ထရက်ဂျ်ကော့ဗ်စကီးက ဂိုးဧရိယာ ထိပ်ကနေ မထင်မှတ်ပဲ အပြင်းကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ ပွဲအပြီး မှာတော့ ပထမဆုံး အကြိမ် ကမ္ဘာ့ဖလားမှာ ပါဝင်ခွင့်ရဖို့ အနီးစပ်ဆုံး အနေအထားကို ရောက်သွားခဲ့တဲ့ မြောက်မက်ဆီဒိုးနီးယားတို့ အလွန်အကျွံ အောင်ပွဲ ခံခဲ့ကြပါတယ်။
ပွဲပြီးသုံးသပ်ချက်
အီတလီတို့ ထုံးစံ အတိုင်း ခံစစ် ကောင်းသလောက် တိုက်စစ် ကစားပုံ ညံ့လွန်းလို့ ရှုံးနိမ့်ခဲ့ရတယ် လို့ပဲ ဆိုချင်ပါတယ်။ ဒီပွဲမှာ အီတလီတို့ အခြေအနေ အရပ်ရပ်မှာ အသာရခဲ့ပေမယ့် မြောက်မက်ဆီဒိုးနီးယားလို အသင်းငယ်လေးကို အိမ်ကွင်း ပရိသတ် ရှေ့မှောက်မှာ ရှုံးနိမ့်ခဲ့တာ ကတော့ တော်တော်လေး ရုပ်ပေါက်လွန်းပါတယ်။ အဓိက ကတော့ အုပ်စု အဆင့်မှာ မလိုအပ်ပဲ အမှတ်တွေ ဖြုန်းတီးခဲ့တာရဲ့ အကျိုးဆက်ဖြစ်ပြီး အခုပွဲ မှာလည်း ပြိုင်ဘက်ကို လျှော့တွက်လွန်းခဲ့တာကြောင့် အများ ထင်ကြေးပေးထားတဲ့ အတိုင်း Play-Off ဗိုလ်လုပွဲမှာ ပေါ်တူဂီနဲ့တောင် မကစားလိုက်ရပဲ လက်ပြသွားခဲ့ရတာ ဖြစ်ပါတယ်။ အများစု ပြောသလိုပဲ အီတလီ ကတော့ ရိုလာကိုစတာ စီးရတာ နှစ်သက်ပုံပါပဲ။ ၂၀၁၈ ခုနှစ် ကမ္ဘာ့ဖလား ခြေစစ်ပွဲ မအောင်ခဲ့ပေမယ့် ၂၀၂၀ ယူရို ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက် ယူရို ချန်ပီယံ ဖြစ်ပြီး တစ်နှစ် မပြည့်ခင်မှာပဲ ၂၀၂၂ ကမ္ဘာ့ဖလားကို ထပ်မံ လွဲချော်ခဲ့တဲ့ အတွက် အနိမ့်အမြင့် အတက်အကျ များလွန်းတဲ့ နိုင်ငံလက်ရွေးစင် အသင်းလို့ပဲ သတ်မှတ်ရတော့မှာ ဖြစ်ပါတယ်။
လာမယ့်ပွဲစဉ်များ အနိုင်ရခဲ့တဲ့ မြောက်မက်ဆီဒိုးနီးယားတို့ မတ်လ ၃၀ ရက်နေ့မှာ ပေါ်တူဂီ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် Play-Off ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားဖို့ ရှိပြီး အီတလီ ကတော့ ဇွန်လ ၂ ရက်နေ့မှ အာဂျင်တီးနားနဲ့ နိုင်ငံတကာ ခြေစမ်းပွဲ ကစားဖို့ ရှိနေခဲ့ပါတယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.