နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အကျိုးအမြတ် အတွက် ဒေါ့မန်နဲ့ ဂိုးပေါ် ကိုပဲ ရွေးချယ်သင့်တယ် | အော့စ်ဘာ့ဂ် – ဒေါ့မန် (ဘွန်ဒက်စ်လီဂါ ပွဲကြိုသုံးသပ်ချက်)

အော့စ်ဘာ့ဂ် – ဒေါ့မန်

အခုတစ်ပတ် ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂၄ ရဲ့ နောက်ဆုံး ပွဲစဉ် အဖြစ် အော့စ်ဘာ့ဂ်နဲ့ ဒေါ့မန်တို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲ တစ်ခုတည်းကို အာရုံစိုက်ရတော့မယ့် ဒေါ့မန်တို့ အများစု ခန့်မှန်းထားတဲ့ အတိုင်း အော့စ်ဘာ့ဂ် အိမ်ကွင်းမှာ ရလဒ်ကောင်း ရှာဖွေနိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါ တန်းဆင်းဇုန်ထဲက အော့စ်ဘာ့ဂ်တို့ နောက်ဆုံး ကစားခဲ့တဲ့ ၈ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရှိခဲ့တဲ့ အထိ ရုန်းကန်နေရပါတယ်။ အော့စ်ဘာ့ဂ်တို့ ဒီရာသီ ဘွန်ဒက်စ်လီဂါ မှာ ၅ ပွဲသာ အနိုင်ရထားခဲ့ပြီး အဲ့ထဲကမှ ၄ ပွဲက အိမ်ကွင်းမှာ အနိုင်ရထားတာ ဖြစ်ပါတယ်။ အော့စ်ဘာ့ဂ်တို့ ထူးထူးခြားခြား အိမ်ကွင်းမှာ ဘေယန်မြူးနစ်၊ မိုချင်ဂလတ်ဘတ်၊ ယူအွန်းဘာလင် တို့ကို အနိုင်ကစားထားပြီး လိုက်ပ်ဇစ် ကိုတော့ သရေကျထားပါတယ်။ လက်ရှိ အဆင့် ၁၆ နေရာမှာ ရပ်တည်နေပေမယ့် အဆင့် ၁၄ နေရာက အာမီးနီးယားနဲ့ ၄ မှတ်သာ ကွာဟလို့ အော့စ်ဘာ့ဂ်ရဲ့ တန်းဆင်းဇုန် ရုန်းအားကို မြင်တွေ့ရဖို့ ရှိပါတယ်။ အခုလာမယ့် ပွဲကိုတော့ အန်ဒရီဟန်း၊ စထရိုဘီ၊ ဂမ်မီ၊ ဝင်သာ၊ ဇီကီရီတို့ လွဲချော်ဖို့ ရှိနေပြီး ဂရီဂေါရစ်၊ ဒေါ့ရှ်၊ မိုင်ယာ၊ ဖရမ်းဘာဂါ၊ လာဂို၊ ဗားဂတ်စ်၊ အောက်စဖို့ဒ်၊ ဂီကီဝစ်ဇ် တို့ကိုတော့ ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။

ချန်ပီယံလိဂ် ရော၊ ယူရိုပါလိဂ် ကနေပါ လက်ပြနှုတ်ဆက်ထားရတဲ့ ဒေါ့မန်တို့ ရာသီကုန်အထိ ဘွန်ဒက်စ်လီဂါ တစ်ခုတည်း ကိုပဲ အပြည့်အဝ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။ ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို မျှော်လင့်လို့ ရနိုင်သေးပေမယ့် လက်ကျန် ပွဲစဉ်တွေ အားလုံးမှာ ရလဒ်ကောင်းဖို့ လိုအပ်သလို ဘေယန်မြူးနစ် ခြေချော်မှလည်း ချန်ပီယံ ဖြစ်နိုင်မှာပါ။ ဒါပေမယ့် အဆင့် ၃ နေရာက လေဗာကူဆင်ကို ၈ မှတ် ဖြတ်ထားနိုင်လို့ ဖိအားတော့ မရှိပါဘူး။ လေဗာကူဆင်ကို အိမ်ကွင်းမှာ မထင်မှတ်ပဲ ဂိုးပြတ် အရေးနိမ့်ခဲ့ပေမယ့် ပြီးခဲ့တဲ့ နှစ်ပွဲ မှာတော့ ယူအွန်းဘာလင်ကို ၀-၃၊ မိုချင်ဂလတ်ဘတ် ကို ၆-၀ ဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ရထားခဲ့ပါတယ်။ ဘွန်ဒက်စ်လီဂါအဝေးကွင်း ၁၁ ပွဲ ကစားထားချိန်မှာ ၆ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၄ ပွဲရှုံး ဆိုတဲ့ ရလဒ်က ဒေါ့မန်လို အသင်း အတွက် အားရစရာ အခြေအနေတော့ မဟုတ်ပါဘူး။ အဓိက တိုက်စစ်မှူး အာလင်းဟာလန်း ဒဏ်ရာက ပြန်လည် သက်သာလာပေမယ့် အရန်လူစာရင်းမှာပဲ ပါဝင်လာဖွယ် ရှိနေပြီး ခံစစ်က အာကန်ဂျီနဲ့ ဇာဂါဒူ အပြင် လူငယ် တိုက်စစ်မှူး ရေနာ ကတော့ ကျိန်းသေပေါက် လွဲချော်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ ပွဲထွက်လူစာရင်း မှာတော့ မယ်လန်၊ ဘရန့်တ်၊ မာကိုရိုက်စ်၊ ဘယ်လင်ဂမ်၊ ဟာဇက်၊ ချန်၊ ဟမ်းမဲလ်၊ ဂွာရဲရိုး၊ မြူနီယာ၊ ကိုဘယ် တို့ပါဝင်လာနိုင်ပါတယ်။

လာလီဂါ
ဘာစီလိုနာ
ဘီလ်ဘာအို
နောက်ဆုံးကြေးများအား ကြည့်ရှုရန်

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

နောက်ဆုံး ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ၂၂ ကြိမ်မှာ အော့စ်ဘာ့ဂ်တို့ ၃ ကြိမ်သာ အနိုင်ရခဲ့ပြီး ဒေါ့မန် ကတော့ ၁၄ ကြိမ်အထိ အနိုင်ရခဲ့တာ တွေ့ရပါတယ်။ ဒါ့ပေမယ့် အော့စ်ဘာ့ဂ် အိမ်ကွင်းမှာ နောက်ဆုံး ကစားထားတဲ့ ၃ ပွဲမှာ ဒေါ့မန်တို့ ၁ ပွဲသာ အနိုင်ရခဲ့ပြီး ၂ ပွဲ ရှုံးထားခဲ့ပါတယ်။ ဒီရာသီ ဘွန်ဒက်စ်လီဂါပထမအကျော့ ပွဲစဉ် မှာတော့ ဒေါ့မန်တို့ ၂-၁ ရလဒ်နဲ့ အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာ အကြံပြုချက်များ

SBOTOP 1X2 မှာတော့ အော့စ်ဘာ့ဂ် အတွက် ၄.၁၀ ဆ၊ သရေ အတွက် ၄.၁၀ ဆ၊ ဒေါ့မန် အတွက် ၁.၇၂ ဆ ဖွင့်လှစ်ပေးထားပါတယ်။ အော့စ်ဘာ့ဂ်ဟာ ဒေါ့မန်ကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရချိန်တိုင်းမှာ ခက်ခဲစေခဲ့တဲ့ အသင်း ဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းနဲ့ စုဖွဲ့မှု ကွာဟချက် မြင့်မားနေပေမယ့် အော့စ်ဘာ့ဂ်ရဲ့ တန်းဆင်းဇုန် ရုန်းအားကြောင့် ဒေါ့မန်တို့ ခက်ခက်ခဲခဲ ကစားရဦးမယ့် သဘော ရှိပါတယ်။ ဒေါ့မန်ရဲ့ အဓိက နောက်ခံလူတွေ ဒဏ်ရာရနေတာက အော့စ်ဘာ့ဂ် အတွက် အခွင့်ကောင်း ဖြစ်လာနိုင်ပြီး အပြန်အလှန် သွင်းဂိုးတွေ ရှိလာနိုင်ပါတယ်။ ဒါကြောင့် ဒေါ့မန်နဲ့ အတူ ဂိုးပေါ်ကို တွဲဖက် ရွေးချယ်သင့်ပါတယ်။

ခန့်မှန်းရလဒ် (၁-၂)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်