နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

၃ ပွဲဆက် အနိုင် နဲ့အတူ အဆင့် ၅ နေရာ အထိ ပြန်လည် တက်လှမ်းနိုင်ခဲ့တဲ့ ဖရန့်ဖတ် (ဘွန်ဒက်စ်လီဂါ ပွဲပြီးသုံးသပ်ချက်)

ဖရန့်ဖတ် ၁ – ၀ မိန့်ဇ်

ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ထိပ်ပိုင်းကို တက်ခွင့်ရဖို့ အတွက် အားပြိုင်ခဲ့ကြတဲ့ ပွဲစဉ်ဖြစ်လို့ ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့ပါတယ်။ အိမ်ရှင် ဖရန့်ဖတ်ရဲ့ အကောင်းဆုံး ပုံစံကို မြင်တွေ့ခဲ့ရသလို ခံစစ်၊ တိုက်စစ်လည်း တော်တော်လေးကို တည်ငြိမ်ခဲ့ပြီး မိန့်ဇ် အနေနဲ့ ရမှတ်တူ၊ ခြေရည်တူ အသင်း တစ်သင်းကို အကောင်းဆုံး ရင်ဆိုင်ပြီးမှ တစ်ဂိုးအကွာနဲ့ ကပ်ပြီး အရေးနိမ့်ခဲ့တာကတော့ နစ်နာခဲ့တယ်လို့ပဲ ဆိုရမှာပါ။


ပွဲစဉ်အကျဉ်း

ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ထိပ်ပိုင်းကို တက်ခွင့်ရရေး အတွက် နှစ်သင်းလုံးက နိုင်ပွဲ လိုအပ်နေခဲ့တာပါ။ အမှတ်တူ အနေအထား အသင်းတွေ ဖြစ်လို့ ပြိုင်ဆိုင်မှု ပိုပြီး ပြင်းထန်ခဲ့ပါတယ်။ ကစားသမား အင်အားအရ အသာရခဲ့တဲ့ ဖရန့်ဖတ်တို့ အိမ်ကွင်းမှာ အမှားအယွင်း မရှိခဲ့ဘူးလို့ပဲ ဆိုရမှာပါ။ ဘော်ရီ၊ ကာမာဒါ၊ လင်ဒ်စတောင်း၊ ကော့စ်တစ်၊ ဟိုင်တင်ဂါ၊ ဟာဆီဘီတို့နဲ့ ဖရန့်ဖတ်တို့ လူစုံခဲ့ပါတယ်။ ၃-၅-၂ နဲ့ ပွဲထွက်လာတဲ့ မိန့်ဇ် မှာတော့ ကာရီကိုးလ်၊ နီယာခီတီ၊ ဝီဒ်နာ၊ ဘာရီရို၊ လီဂျေဆောင်တို့ ပါဝင်လာခဲ့တာပါ။ ပွဲအစ ကတည်းက ဖရန့်ဖတ်ရဲ့ တစ်ဖက်သတ် ဖိအားပေး ကစားမှုတွေက မိန့်ဇ် နောက်တန်းကို အလုပ်ရှုပ်စေခဲ့ပါတယ်။ ပွဲအစ ၁၂ မိနစ်မှာတင် ထောင့်ကန်ဘော ၃ ကြိမ် ရတဲ့အထိ ဖရန့်ဖတ်တို့ ဖိအားပေးခဲ့ပြီး ဂိုးရလုနီးပါး အခြေအနေတွေကို ပိုင်ဆိုင်ခဲ့ပါတယ်။ မိန့်ဇ်ရဲ့ တန်ပြန် တိုက်စစ် ကစားပုံက သိပ်ပြီး အလုပ် မဖြစ်ခဲ့ပေမယ့် ဖရန့်ဖတ်ရဲ့ အဝေး ကန်ချက်တွေ ကတော့ တော်တော်လေးကို ထိရောက်ခဲ့တယ်လို့ ဆိုရမှာပါ။ ပွဲချိန် ၃၄ မိနစ်မှာတော့ တန်ပြန် တိုက်စစ် ကနေတဆင့် ဖရန့်ဖတ်တို့ ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။ မိန့်ဇ် တိုက်စစ် ကစားသမားတွေရဲ့ အမှားကနေ တဆင့် ရရှိခဲ့တာကို တန်ပြန် တိုက်စစ်ကနေ ဂိုးရယူခဲ့တာလည်း ဖြစ်ပါတယ်။ ဘော်ရီက တစ်ကိုယ်တော် ထိုးဖောက်ပြီး တစ်ဆင့် ဖန်တီးပေးတာကို လင်ဒ်စတောင်းက ဂိုး အဖြစ် ပြောင်းလဲပေးခဲ့တာပါ။ ဂိုးပေးလိုက်ရပြီး နောက်ပိုင်းကျမှသာ မိန့်ဇ်တို့ ခံစစ်ကို ပိုပြီး အလေးပေးလာခဲ့ပါတယ်။ ဒုတိယပိုင်း မှာတော့ မိန့်ဇ်တို့ အခွင့်အရေး ပြန်ရခဲ့ပါတယ်။ ဒါပေမဲ့ ဖရန့်ဖတ် နောက်ခံလူ ဟာဆီဘီရဲ့ အတည်ငြိမ်ဆုံး ကစားပုံကြောင့် ချေပဂိုး ပြန်ရဖို့ တော်တော်လေးကို ခက်ခဲခဲ့တာပါ။ ဘောလုံးပိုင်ဆိုင်မှု ၅၂-၄၈ အရ ကွာဟချက် သိပ်မရှိခဲ့ပေမယ့် နောက်ပိုင်း ပွဲချိန်တွေမှာ မိန့်ဇ် တိုက်စစ်ရဲ့ ခြိမ်းခြောက်နိုင်မှုက အရေအတွက် ပိုများခဲ့ပါတယ်။ ဂိုးပေါက်ကန်သွင်းမှု ၁၁ ကြိမ်မှာ ၅ ကြိမ်အထိ ဂိုးပေါက်တည့်ခဲ့ပေမယ့် ဟာဆီဘီ၊ ကီဗင်ထရက်ပ် တို့ကြောင့် မိန့်ဇ်တို့ ချေပဂိုးမရခဲ့တာပါ။ ပွဲပြီးဆုံးတဲ့ အချိန်အထိ အပြန်အလှန် တိုက်စစ်ဆင်မှုတွေနဲ့ အခွင့်အရေး ကိုယ်စီ ရရှိခဲ့ကြပေမယ့် အသုံးမချနိုင်ခဲ့လို့ ပွဲအပြီးမှာ ဖရန့်ဖတ်တို့ ၁-၀ ဂိုးနဲ့ အနိုင် ရရှိသွားခဲ့ပါတယ်။

ဘန်ဒက် လီဂါ
ဘိုင်ယန်မြူးနစ်
မွန်ချန်ဂလာဘတ်ချ်
1X2 မွန်ချန်ဂလာဘတ်ချ် @ 10.50
မွန်ချန်ဂလာဘတ်ချ် အာရှ ဟန်းဒီးကပ် +1.75 @ 2.21
ဂိုးပေါ် 3.75 @ 1.92
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်သည့်အချိန်တွင် မှန်ကန်မှု ရှိပါသည်။

ပွဲပြီးသုံးသပ်ချက်

အမှတ်တူ၊ ခြေရည်တူ အသင်းနှစ်သင်းရဲ့ အားပြိုင်မှုကို မြင်တွေ့ခဲ့ရပါတယ်။ တကယ်တမ်း မှာတော့ ဖရန့်ဖတ်ရဲ့ ကစားသမား အင်အားစုဖွဲ့မှုက မိန့်ဇ် တို့ထက် အသာရခဲ့ပါတယ်။ အိမ်ကွင်း အားသာချက် အပြည့်ရှိသလို အခွင့်အရေး များစွာ ရရှိခဲ့ခြင်း နဲ့အတူ အနိုင်ရခဲ့တာပါ။ ဒါပေမဲ့ မိန့်ဇ်ရဲ့ အဝေးကန်ချက်တွေနဲ့ အခွင့်အရေးရရှိမှု အပိုင်းတွေကလည်း ချေပဂိုး ဖြစ်သွားနိုင်တဲ့အထိ သေချာခဲ့ပါတယ်။ ဖရန့်ဖတ် ဂိုးသမား ကီဗင်ထရက်ပ်နဲ့ ဂျပန်နောက်ခံလူ ဟာဆီဘီတို့ အမှားနည်းခဲ့လို့ ဖရန့်ဖတ်တို့ နစ်နာခဲ့ရတာပါ။ ပွဲအစ ကတည်းက တိုက်စစ်ဖွင့်၊ တောင်ပံ တိုက်စစ် အားသာချက်တွေ ယူနိုင်ခဲ့တဲ့ ဖရန့်ဖတ် အတွက်ကတော့ ထိုက်တန်တဲ့ နိုင်ပွဲ ဖြစ်ခဲ့ပါတယ်။ ရှုံးပွဲ တွေ့ခဲ့တဲ့ မိန့်ဇ် အသင်း ကတော့ ၇ ပွဲမြောက် ဘွန်ဒက်စ်လီဂါ အရှုံးရလဒ် နဲ့အတူ အဆင့် ၈ နေရာမှာပဲ ဆက်လက် ရပ်တည် နေခဲ့ရတာလည်း ဖြစ်ပါတယ်။


လာမယ့်ပွဲစဉ်များ

ဘွန်ဒက်စ်လီဂါ အနေနဲ့ ရာသီဝက် ပွဲစဉ်များ ပြီးဆုံးခဲ့ပြီး ဖြစ်ပြီး ဒုတိယအကျော့ ပွဲစဉ်တွေကို ၂၀၂၂ ဇန်နဝါရီ ၉ ရက်နေ့မှာ ပြန်ပြီး ကျင်းပဖို့ ရှိနေတာပါ။ ဖရန့်ဖတ် အနေနဲ့ ဒုတိယအကျော့ အဖွင့် ပွဲစဉ်အဖြစ် ဒေါ့မန် အသင်းကို ရင်ဆိုင်ရဖို့ ရှိနေပြီး မိန့်ဇ် ကတော့ လိုက်ပ်ဇစ်ရဲ့ အိမ်ကွင်းမှာ သွားကစားရဖို့ ရှိနေခဲ့ပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်