နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပိုပြီး စိတ်ချရတဲ့ အိမ်ရှင်နဲ့ သွင်းဂိုး အနည်းကို ရွေးချယ်ထားချင်တယ် | ဖရန့်ဖတ် -ယူနီယံဘာလင်(ဘွန်ဒက်စ်လီဂါ ပွဲကြိုသုံးသပ်ချက်)

ဖရန့်ဖတ် – ယူနီယံဘာလင်

ဥရောပပြိုင်ပွဲ ကိုယ်စီ ကစားထားရလို့ ပွဲပန်းနေပေမယ့် ဘွန်ဒက်စ်လီဂါ နိုင်ပွဲဆက်ရေး အားစိုက်ရဦးမယ့် ဖရန့်ဖတ်နဲ့ ယူနီယံဘာလင် တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ကလည်း အကြိတ်အနယ်ရှိတဲ့ ပွဲကောင်း တစ်ပွဲ ဖြစ်လာနိုင်ပါတယ်။အစဉ်အလာမှာ ဖရန့်ဖတ်တို့ သာခဲ့ပေမယ့် လက်ရှိ ခြေစွမ်းအရတော့ ယူနီယံဘာလင်က အနည်းငယ် ပိုတည်ငြိမ်နေလို့ အနိုင်/အရှုံး ခန့်မှန်းရခက်တဲ့ ပွဲဆိုရင်လည်း မမှားပါဘူး။
ရာသီ အစမှာ သရေပွဲနဲ့ ရှုံးပွဲတွေ များခဲ့တဲ့ ဖရန့်ဖတ်တို့ နောက်ပိုင်း ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ အပါအဝင် ပြိုင်ပွဲစုံ အရပ်ရပ်မှာ ခြေစွမ်းပိုင်း ပြန်လည် တိုးတက်လာပြီး ရလဒ်တွေလည်း ကောင်းနေပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲဆက် ရှုံးပွဲ မရှိထားသလို ၃ ပွဲ နိုင်၊ ၂ ပွဲ သရေ ရလဒ် ပိုင်ဆိုင်ထားတာကို ကြည့်ခြင်းအားဖြင့် အိုလီဗာ ဂလက်စနာရဲ့ အသင်းက တစ်ပွဲထက် တစ်ပွဲ ခြေစွမ်း တည်ငြိမ်လာတယ်လို့ ပြောနိုင်ပါတယ်။ တောင်ပံ ကစားသမား ဖိလစ် ကော့စတစ်နဲ့ အတူ လူငယ် ကစားသမားတွေ ဖြစ်တဲ့ လင်းစတောင်းမ်၊ ကာမာဒါ၊ ဆိုးဝ် တို့ ခြေစွမ်းပြနေတဲ့ အတွက် ဖရန့်ဖတ်တို့ ရလဒ်တွေ တောက်လျောက် ပြန်ကောင်းလာတာ ဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၁၁ နေရာ အထိကို ပြန်ပြီး တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံး ၅ ပွဲမှာ ၅ ဂိုး ပေးထားရတဲ့ ခံစစ် အားနည်းချက် ကိုတော့ မဖြစ်မနေ ပြင်ဆင်ဖို့ လိုအပ်ပါလိမ့်မယ်။ သတင်းတွေ အရတော့ ဖရန့်ဖတ်တို့ တင်ပါးစုံ ဒဏ်ရာရထားတဲ့ ဘယ်တောင်ပံ ကစားသမား လန့်ဇ် ကလွဲလို့ လူစာရင်း အပြည့် ပွဲထွက်နိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။

ယူနီယံဘာလင် ကတော့ ဒီရာသီမှာ တောက်လျောက် ပုံံစံကောင်း ရနေပြီး ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၁၂ ပွဲ ကစားပြီးချိန် အထိ ရှုံးပွဲ ၂ ပွဲသာ ရှိထားတာ တွေ့ရပါတယ်။ ဘေယန်မြူးနစ်နဲ့ ဒေါ့မန်ကို ရှုံးနိမ့်ထားခဲ့ပြီး ကျန်ပွဲစဉ်တွေ မှာတော့ ၅ ပွဲ နိုင်ပြီး ၅ ပွဲ သရေကျထားပါတယ်။ ယူရိုပါကွန်ဖရင့်လိဂ်လည်း ကစားနေရပေမယ့် အတတ်နိုင်ဆုံး ပုံမှန် ခြေစွမ်း ထိန်းထားနိုင်တဲ့ ယူနီယံဘာလင် အနေနဲ့ နောက်ဆုံး ကစားခဲ့တဲ့ ဘာလင်ဒါဘီ မှာလည်း ၂ ဂိုးပြတ် အနိုင်ရထားပါတယ်။ တစ်ချက် ရှိတာက အဝေးကွင်း စွမ်းဆောင်ရည် ဖြစ်ပြီး ရှုံးပွဲ ၁ ပွဲသာ ရှိထားပေမယ့် ၁ ပွဲနိုင်၊ ၃ ပွဲ သရေ ဆိုတာ ကတော့ အားရစရာ အခြေအနေလို့ ပြောလို့ မရပါဘူး။ ပွဲဆက် တောက်လျောက် ကစားနေရတာကြောင့် ကစားသမားတွေရဲ့ ပွဲပန်းနေမှု ကလည်း အခုပွဲ ရလဒ်ကို သက်ရောက်မှု ရှိလာနိုင်တဲ့ အတွက် ဧည့်သည် အသင်းကို သိပ်ပြီး သဘော မတွေ့တာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အနိမ့်ဆုံး သရေ တစ်မှတ် ရအောင် ကစားမယ့် ယူနီယံဘာလင်ကြောင့် ပရိသတ်အကြိုက် ပွဲကောင်း တစ်ပွဲတော့ ဖြစ်လာဦးမှာ သေချာပါတယ်။


ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဘွန်ဒက်စ်လီဂါ နောက်ဆုံး တွေ့ဆုံမှု ၄ ကြိမ် မှာတော့ ဖရန့်ဖတ်တို့ ၂ ကြိမ်နိုင်ပြီး ယူနီယံဘာလင်က ၁ ကြိမ် ပြန်လည် အနိုင်ရထားပါတယ်။ မနှစ်က ဖရန့်ဖတ်ကွင်းမှာ ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် မှာတော့ ဖရန့်ဖတ်တို့ တိုက်စစ် အစွမ်းပြပြီး ၅-၂ ရလဒ်နဲ့ အပြတ်အသတ် အနိုင်ရထားခဲ့ပါတယ်။


လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဖရန့်ဖတ် – ယူနီယံဘာလင်1X2 ဖရန့်ဖတ် @ ၂.၄၄ ဆ
နိုဝင်ဘာလ ၂၈ ရက်၊ ည ၉:၀၀ နာရီ ( GMT+ ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရ အိမ်ရှင်အတွက် ၂.၄၄ ဆ၊ သရေအတွက် ၃.၃၅ ဆ၊ ဧည်သည့်အတွက် ၂.၇၇ ဆ ကြေးဖွင့်ထားပါတယ်။ နှစ်သင်းလုံး ပွဲပန်းနေလို့ လူစာရင်း ပိုတောင့်တဲ့ အသင်းက အားသာချက် ရှိသွားနိုင်ပါတယ်။ စာရေးသူ ကတော့ ယူနီယံဘာလင်ရဲ့ တိုက်စစ်ထက် ဖရန့်ဖတ်ရဲ့ လုပ်အားနှုန်း ကောင်းတဲ့ တောင်ပံနဲ့ တိုက်စစ်ကို ပိုပြီး သဘောကျနေလို့ ဒီပွဲ မှာလည်း အိမ်ရှင် အသင်း ဘက်မှာပဲ ရပ်တည်ချင်ပါတယ်။ အကြိတ်အနယ် ရှိနိုင်ပေမယ့် နှစ်သင်းပေါင်း သွင်းဂိုး ၃ ဂိုးနဲ့ အထက် မြင်တွေ့ရဖို့တော့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ဖရန့်ဖတ်တို့ တစ်ဂိုး အသာလောက်နဲ့ ကပ်နိုင်သွားမယ့် အနေအထား ဖြစ်ပါတယ်။
ခန့်မှန်းရလဒ် (၂-၁)

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်