နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ပင်နယ်တီနဲ့ ကွာတားဖိုင်နယ် တက်ခဲ့တဲ့ ချဲလ်ဆီး (လိဂ်ဖလား ပွဲပြီးသုံးသပ်ချက်)

ချဲလ်ဆီး ၁-၁ ဆောက်သမ်တန်

(ပင်နယ်တီအဆုံးအဖြတ် ၄-၃ ဂိုးဖြင့် ချဲလ်ဆီးအနိုင်ရ)

လိဂ်ဖလား ၁၆သင်း အဆင့် ရှုံးထွက် ပွဲစဉ်တွေမှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။ အရန် ကစားသမား အများစု ပွဲထုတ်ခဲ့တယ် ဆိုပေမယ့် ချဲလ်ဆီးရဲ့ ကစားသမား အင်အားတောင့်တင်းမှုကို ဆောက်သမ်တန်တို့ ဘယ်လိုမှ မယှဉ်နိုင်ခဲ့ပါဘူး။ ချေပဂိုး ပြန်ရခဲ့လို့သာ သရေ ရလဒ် ရရှိခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာ အခွင့်အရေး အသုံးမချနိုင်ခဲ့ခြင်းများနဲ့ အတူ ဆောက်သမ်တန်တို့ အရေးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။
 

ပွဲစဉ်အကျဉ်း

 
ဒီနေ့ပွဲမှာ ၃-၄-၂-၁ အခြေခံ false nine ကစားကွက်ကို ပွဲထုတ်လာတဲ့ ချဲလ်ဆီး ပွဲအစမှာ ကတည်းက ဂိုးရဖို့ ရုန်းကန်ခဲ့ရပါ တယ်။ ဆောက်သမ်တန်ရဲ့ ခံစစ် စုဖွဲ့မှုနဲ့ ကွင်းလယ်၊ ခံစစ် နားလည်မှု ရှိရှိ ကစားနိုင်ခြင်း ကလည်း အိမ်ရှင် အသင်းကို အခက်အခဲ ဖြစ်စေခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ တိုက်စစ်အထောင်မှာ ကစားရတိုင်း ရုန်းကန်ရလေ့ရှိတဲ့ ကိုင်ဟာဗက်ဇ် တစ်ယောက် ကတော့ ဒီကနေ့ ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ဆောက်သမ်တန် ဂိုးသမား ဖော်စတာ ကာကွယ်မှု ကောင်းနေခဲ့တဲ့ အတွက် ချဲလ်ဆီး နစ်နာခဲ့ရပေမယ့် ပွဲချိန် ၄၄ မိနစ် မှာတော့ မထင်မှတ်ထားတဲ့ အခြေအနေ ကနေ တဆင့် ချဲလ်ဆီးတို့ ဦးဆောင်ဂိုး ရသွားခဲ့တယ်။ ပွဲချိန် တစ်လျှောက် အမှားများ နေခဲ့တဲ့ ဇီယက်ချ်ရဲ့ ထောင့်ကန်ဘော ကနေ ဖန်တီးပေးတာကို ကိုင်ဟာဗက်ဇ်က သေသေသပ်သပ် အဆုံးသတ်ပေးသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း ပြန်စချိန် ၂ မိနစ် အကြာ မှာတင်ပဲ အထနှေးနေတဲ့ ချဲလ်ဆီး နောက်တန်းရဲ့ အမှားကို အခွင့်ကောင်းယူပြီး ချီအဒမ်က ဆောက်သမ်တန် အတွက် ချေပဂိုး ရယူပေးသွားခဲ့ပါတယ်။ စောစောစီးစီး ချေပဂိုးရသွားတဲ့ အတွက် နှစ်သင်းလုံး အမှားမခံဘဲ ကစားခဲ့ကြလို့ ဘောလုံးက ကွင်းလယ် မှာတင်ပဲ အပျက်များနေခဲ့ပါတယ်။ ဒါပေမယ့် ပွဲပြီးဆုံးချိန် အထိ ဂိုးမသွင်းနိုင်ခဲ့လို့ ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပါတယ်။ ချဲလ်ဆီး ဘက်က မေဆန်မောင့် ပင်နယ်တီ လွဲချော်ခဲ့ပေမယ့် ဆောက်သမ်တန် ဘက်က ဝဲလ်ကော့ နဲ့ စမောလ်ဘုန်းတို့ လွဲချော်ခဲ့လို့ ဆောက်သမ်တန်တို့ လိဂ်ဖလား နောက်တစ်ဆင့် တက်ရောက်ခွင့်နဲ့ လွဲချော်သွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ချဲလ်ဆီး ဘက်က မေဆန်မောင့် ပင်နယ်တီ လွဲချော်ခဲ့ပေမယ့် ဆောက်သမ်တန် ဘက်က ဝဲလ်ကော့ နဲ့ စမောလ်ဘုန်းတို့ လွဲချော်ခဲ့လို့ ဆောက်သမ်တန်တို့ လိဂ်ဖလား နောက်တစ်ဆင့် တက်ရောက်ခွင့်နဲ့ လွဲချော်သွားခဲ့ပါတယ်။
၂၀၁၇ ခုနှစ်က နောက်ဆုံး အကြိမ် လိဂ်ဖလား ဗိုလ်လုပွဲ တက်ခဲ့တဲ့ ဆောက်သမ်တန်

နည်းပြနှစ်ဦးရဲ့ အားပြိုင်မှုက တော်တော်လေး ကြည့်ကောင်းခဲ့တာပါ။ ကစားသမား အင်အားကွာခြားမှု ရှိတယ် ဆိုပေမယ့် အရန်ကစားသမား အချို့ကို အသုံးပြုခဲ့တဲ့ ချဲလ်ဆီး နည်းပြ တူချယ်လ်ရဲ့ ဗျူဟာပိုင်း ကလည်း အလုပ် ဖြစ်ခဲ့တာ တွေ့ရပါတယ်။ ကိုဗာချစ်+ဆာအူးလ် အတွဲရဲ့ စွမ်းဆောင်မှုက တဖြည်းဖြည်း နားလည်မှု ရလာပြီလို့ပဲ ဆိုရပါမယ်။ အဓိက အဆုံးအဖြတ်က နှစ်ဖက် အသင်း ဂိုးသမား တွေကြောင့် ဆိုရင် ပိုပြီးမှန်ပါလိမ့်မယ်။ ချဲလ်ဆီး တိုက်စစ်ကို ဦးဆောင် လာတဲ့ ကိုင်ဟာဗက်ဇ်ရဲ့ အနီးအဝေး ကန်ချက်ပေါင်း များစွာကို ဆောက်သမ်တန် ဂိုးသမား ကာကွယ်နိုင်ခဲ့သလို ချဲလ်ဆီး ဂိုးသမား ကီပါ အနေနဲ့လည်း ဂိုးပေးရလုနီးပါး အခြေအနေတွေကို ကာကွယ်ခဲ့ရတာပါ။ ပွဲချိန် အတွင်း အပြန်အလှန် သွင်းဂိုးတွေနဲ့ သရေရလဒ် ထွက်ပေါ်ခဲ့ပေမယ့် ပင်နယ်တီ မှာတော့ ပိုပြီးတည်ငြိမ်တဲ့ ချဲလ်ဆီး အနိုင်ရခဲ့တယ်လို့ ဆိုရပါမယ်။ ဂိုးသမား ကီပါရဲ့ အတည်ငြိမ်ဆုံး ကာကွယ်နိုင်မှု အဆုံးအဖြတ် ဂိုးကန်သွင်းခဲ့တဲ့ ရိစ်ဂျိမ်းစ်ရဲ့ ဂိုးသွင်း သေချာမှုတွေက ချဲလ်ဆီးကို လိဂ်ဖလား ကွာတားဖိုင်နယ် အဆင့်ကို ရောက်အောင် ပို့ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ချဲလ်ဆီး ကတော့ အောက်တိုဘာလ ၃၀ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် နယူးကာဆယ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး ဆောက်သမ်တန် ကတော့ ဝက်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်