နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အန်းမရိတ်စ်မှာ အရန် ကစားသမားတွေနဲ့ ဂန်းနားတို့ အမှားအယွင်း အနိုင်ရခဲ့တဲ့ပွဲ (လိဂ်ဖလား ပွဲပြီးသုံးသပ်ချက်)

အာဆင်နယ် ၂-၀ လိဒ်စ်ယူနိုက်တက်

လိဂ်ဖလား ၁၆သင်း အဆင့် ရှုံးထွက်ပွဲစဉ် အဖြစ် အာဆင်နယ်နဲ့ လိဒ်စ်ယူနိုက်တက်တို့ ယှဉ်ပြိုင် ကစားခဲ့ရာ မှာတော့ လူငယ်ကစားသမား အများစုကို ပွဲထုတ်လာတဲ့ အာဆင်နယ်တို့ ၂-၀ ရလဒ်နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ လိုအပ်ချက် များစွာ ရှိနေတဲ့ လိဒ်စ်ယူနိုက်တက်ဟာ အာဆင်နယ်ကို ဖိအားပေးမှု အချို့ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းမှာ ပေးခဲ့ရတဲ့ ဂိုး တွေကြောင့် အခုလို ရှုံးပွဲ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ 
 

ပွဲစဉ်အကျဉ်း

 

 
ဒီနေ့ပွဲမှာ ကို အခြေခံ ပွဲထွက်လာတဲ့ အာဆင်နယ်ရဲ့ လူစာရင်းမှာ လူငယ် ကစားသမား အများစု ပါဝင်လာခဲ့ပြီး စီနီယာ ကစားသမား ဆိုလို့ ဘန်လန်နို၊ ချိန်ဘာ၊ ကိုလာစီနက်၊ လာကာဇက်၊ ပီပီတို့ပဲ ပါဝင်ခဲ့တာပါ။ ဧည့်သည်လိဒ်စ် ယူ နိုက်တက်အသင်းကတော့ ဒဏ်ရာရနေတဲ့ ဘန်းဖို့ဒ်ကလွဲပြီး ဖီးလစ်၊ ရိုဒရီဂို၊ ဒန်နီရယ်ဂျိမ်းစ်၊ ဒါလက်စ်တို့နဲ့ လူစုံခဲ့ပါတယ်။ ပထပိုင်းတစ်ပိုင်းလုံး အမှားစောင့်ကစားခဲ့တဲ့အတွက် ဂိုးရဖို့ရုန်းကန်ခဲ့ရသလို နှစ်ဖက်ဂိုးသမားတွေရဲ့ လက်စွမ်းပြ ကာကွယ် မှုတွေကြောင့် ပထမပိုင်းမှာ ဂိုးရဖို့ ခက်ခဲခဲ့ကြပါတယ်။ အာဆင်နယ် ကလည်း အားသာချက်ရှိတဲ့ တောင်ပံ တိုက်စစ်တွေ ကနေ ဂိုးရဖို့ အားစိုက်ခဲ့သလို လိဒ်စ်ယူနိုက်တက်ရဲ့ တန်ပြန် တိုက်စစ် ကစားပုံ ကလည်း ထိရောက်ခဲ့ပါတယ်။ ဒါပေမဲ့ ပထမပိုင်း ပြီးတဲ့ အထိ ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်နေခဲ့ပြီး ဒုတိယပိုင်းရောက်မှ ဂိုးရလုနီးပါး အခြေ အနေတချို့ အာဆင်နယ်တို့ ရရှိခဲ့ပြီး ပွဲ ချိန် ၅၅မိနစ်မှာ ချိန်ဘာက ဦးဆောင်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။ ဂိုးပေးလိုက် ရတာကြောင့် လိဒ်စ်ယူနိုက်တက်တို့ ခံစစ်ကို အကောင်းဆုံး ပြင်ဆင်ပြီး ချေပဂိုးရဖို့ အားစိုက်ခဲ့ပေမယ့် တကယ်တမ်း မှာတော့ မလွယ်ကူခဲ့ပါဘူး။ ဘောလုံးပိုင်ဆိုင်မှု ၄၄၅၆ ရာခိုင်နှုန်း အထိ ပိုင်ဆိုင်ခဲ့တဲ့ လိဒ်စ်ယူနိုက်တက်ရဲ့ ပုံစံကောင်းကို မြင်တွေ့ခွင့်ရခဲ့ပေမယ့် တကယ်တမ်း ဂိုးရသွားတာက အာဆင်နယ်ပဲ ဖြစ်နေခဲ့ပါတယ်။ လူငယ် တိုက်စစ် ကစားသမား အန်ကီတီယာက အသင်းဖော ်ပီပီရဲ့ ဖန်တီပေးမှု ကနေ ဂိုးအဖြစ် ရယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်း ပွဲချိန်တွေ မှာတော့ အာဆင်နယ် ကလည်း ပွဲကို ထိန်းကစားခဲ့သလို လိဒ်စ် ကလည်း လိုအပ်ချက် တွေရှိခဲ့လို့ ပွဲအပြီး မှာတော့ အာဆင်နယ်တို့ ၂-၀နဲ့ အနိုင်ရပြီး လိဂ်ဖလား ကွာတားဖိုင်နယ် အဆင့်ကို တက်ရောက် သွားနိုင်ခဲ့ပါတယ်။ 
 

ပွဲပြီးသုံးသပ်ချက်

လိဒ်စ်ယူနိုက်တက် က တော့ ခြေစွမ်းနဲ့ ကစားအားအရ အသင်းတိုင်းကို ရင်ပေါင်တန်း ယှဉ်ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ် အားနည်းမှုများက လိဂ်ဖလား ၁၆သင်း အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
ပြိုင်ပွဲစုံ နောက်ဆုံး ၉ ပွဲမှာ နိုင်ပွဲ ၁ ပွဲသာ ရှိထားတဲ့ လိဒ်စ်ယူနိုက်တက်

ဒီပွဲစဉ် ကတော့ နည်းပြ နှစ်ဦးရဲ့ ဗျူဟာပိုင်းထက် ကစားသမား အင်အား တောင့်တင်းမှု အပိုင်းက အဆုံးအဖြတ် ပေးခဲ့တဲ့ ပွဲစဉ် တစ်ပွဲလို့ပဲ ဆိုရမှာပါ။ နည်းပြ အတွေ့အကြုံအရ လိဒ်စ်ယူနိုက်တက် နည်းပြက သာလွန်တယ် ဆိုပေမယ့် ဘမ်းဖို့ဒ်ရဲ့ နေရာ အစားထိုးဖို့ လောက်လောက်လားလား တိုက်စစ်မှူး မရှိတာက အသင်းရဲ့တိုက်စစ်ကို အသက်မဲ့နေစေခဲ့ပါတယ်။ အာဆင်နယ်က တော့ လိဂ်ဖလား ရှုံးထွက် ပွဲစဉ်တွေ ကစားတိုင်း အလုပ်ဖြစ်လေ့ ရှိတဲ့ လူငယ်ကစားသမားတွေနဲ့ပဲ ကွာတားဖိုင်နယ်အဆင့်ကို အမှား အယွင်းမရှိ တက်ရောက်သွားနိုင်ခဲ့တယ်လို့ပဲ ဆိုရမှာပါ။  အာဆင်နယ်ရဲ့ လူငယ်ကစားသမား အားလုံး အရောင်ထွက်ခဲ့တဲ့ ပွဲလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ ကွာတား ဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့တဲ့ အာဆင်နယ် ကတော့ ပြိုင်ပွဲစုံ နောက်ဆုံး ၅ပွဲမှာ ရှုံးပွဲ လုံးဝ မရှိခဲ့တဲ့ အတွက် ရလဒ်ကောင်း ပိုင်ဆိုင်နေခဲ့ပြီလို့ပဲ သတ်မှတ်လို့ ရနေပါပြီ။ လိဒ်စ်ယူနိုက်တက် ကတော့ ခြေစွမ်းနဲ့ ကစားအားအရ အသင်းတိုင်းကို ရင်ပေါင်တန်း ယှဉ်ကစားနိုင်ခဲ့ပေမယ့် အဆုံးသတ် အားနည်းမှုများက လိဂ်ဖလား ၁၆သင်း အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရတာလည်း ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အာဆင်နယ် ကတော့ အောက်တိုဘာ ၃၀ရက်မှာ ပရီးမီးယားလိဂ် ပွဲစဉ် အဖြစ် လက်စတာစီးတီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး လိဒ်စ်ယူနိုက်တက် ကတော့ အောက်တိုဘာ ၃၁ရက်နေ့မှာ နောဝစ်ချ်နဲ့ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်