နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လန်ဒန်မြေမှာ မန်စီးတီးနဲ့ပဲ လက်တွဲထားသင့်တယ် | ဝက်စ်ဟမ်း – မန်ချက်စတာစီးတီး (လိဂ်ဖလား ပွဲကြိုသုံးသပ်ချက်)

၀က်စ်ဟမ်းယူနိုက်တက် – မန်ချက်စတာစီးတီး

လိဂ်ဖလား ၁၆သင်း အဆင့် ပွဲစဉ်မှာတော့ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းနေတဲ့ ဝက်စ်ဟမ်း ယူနိုက်တက်နဲ့ မန်ချက်စတာစီးတီးတို့ ယှဉ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲအရပ်ရပ်မှာ ရလဒ်ကောင်းနေတဲ့ ဝက်စ်ဟမ်း ်တို့ အိမ်ကွင်းမှာ လက်ခံ ကစားရမှာ ဖြစ်ပေမယ့် ကစားသမား အင်အား အပြင် အဖက်အဖက်က အသာရနေတဲ့ မန်ချက်စတာစီးတီးကို ခက်ခက်ခဲခဲရင်ဆိုင်ကစားရဖို့ ရှိနေပါတယ်။

ပြိုင်ပွဲစုံ နောက်ဆုံး ၅ပွဲမှာ ရှုံးပွဲ ၁ပွဲတည်းသာ ရှိထားတဲ့ ဝက်စ်ဟမ်းရဲ့ ကစားပုံက တော်တော်လေးကို တည် ငြိမ်လွန်းပါတယ်။ နည်းပြ မိုရက်စ်ရဲ့ နည်းဗျူဟာတွေနဲ့ အတူ ခံစစ် တိုက်စစ်မျှတမှုနဲ့ အတူ နောက်ဆုံး ၅ပွဲမှာ ပေးဂိုး ၂ဂိုးပဲ ပေးထားရတာ တွေ့ရပါတယ်။ ပရီးမီးယားလိဂ် မှာလည်း အဆင့်-၄ နေရာ အထိ တက်လှမ်းထားနိုင်ခဲ့ပြီး လက်ရှိ ပြိုင်ဘက် အဖြစ် ရင်ဆိုင်ရမယ့် မန်ချက်စတာစီးတီးနဲ့ ၃မှတ်အကွာမှာ ရပ်တည်နေတဲ့ အထိကို ဝက်စ်ဟမ်းတို့ ပုံစံ ကောင်းရနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လိဂ်ဖလား ၃၂ သင်း အဆင့်မှာ မန်ချက်စတာယူနိုက်တက်ကို ကျော်ဖြတ်ခဲ့တဲ့ ဝက်စ်ဟမ်း အတွက် ဒီပွဲစဉ်က အရေးပါဆုံး ပွဲတစ်ပွဲလို့ ဆိုရမှာ ဖြစ်ပါတယ်။ အနိုင်ရခဲ့မယ် ဆိုရင် မန်ချက်စတာ အခြေစိုက် အသင်း နှစ်သင်းလုံး ကိုကျော်ဖြတ်နိုင်ခဲ့တဲ့ အသင်း ဖြစ်လာမှာပါ။ နောက်ဆုံး ၅ ပွဲမှာ ပေးဂိုး၂ ဂိုးတည်းသာ ရှိထားခြင်း၊ တိုက်စစ် က ၈ ဂိုး အထိ ရယူထားနိုင်ခြင်းတွေက အသင်းရဲ့ ပုံရိပ်ကောင်းကို ထင်သာမြင်သာစေပါတယ်။ ဗလာဒီမာ ဆိုဖယ် ကြံ့ခိုင်မှု မပြည့်ဝတာ ကလွဲလို့ ကျန်ကစားသမား အားလုံးပွဲ ကစားဖို့ အသင့်ဖြစ်နေတာက ဝက်စ်ဟမ်း အတွက် အားသာချက်တစ်ခု လို့ဆိုရမှာပါ။ တိုက်စစ်မှာ ခြေစွမ်းပြနေတဲ့ အန်တိုနီယို၊ ဘိုဝမ်၊ လန်ဇီနီတို့ကိုပဲ အသုံးပြုဖို့ ရှိနေတဲ့ ဝက်စ်ဟမ်း အတွက် နောက်တစ်ဆင့် တက်ရောက်ခွင့် မျှော်လင့်ချက်က အနည်းငယ်သာ ရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

 
မန်ချက်စတာစီးတီး ကတော့ ပွဲကြပ် အလွန်ကာလမှာ ပုံစံကောင်း ပြန်ပြီး ရနေတယ်လို့ ဆိုရမှာပါ။ ပီအက်စ်ဂျီ ကို ချန်ပီယံလိဂ်မှာ အရေးနိမ့်ခဲ့ပြီး လီဗာပူးကို ပရီးမီးယားလိဂ်မှာ သရေထပ်ကျခဲ့တဲ့ မန်ချက်စတာစီးတီးတို့ ၃ ပွဲ ဆက် အနိုင်ရရှိထားပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေ ၁ပွဲရှုံး ဆိုတဲ့ ရလဒ်က အထင်ကြီးစရာ အခြေအနေ တစ်ခု လို့ ဆိုရမှာပါ။ ကွင်းလယ် ကစားသမား ဒီလက်ဖ်၊ တိုက်စစ်မှူး ဖာရန်တောရက်စ်တို့ ဒဏ်ရာပြဿနာကြောင့် မပါဝင်နိုင်တဲ့ အခြေအနေနဲ့ စတာလင်း၊ မန်ဒီတို့ ကြံ့ခိုင်မှု မပြည့်ဝခြင်း ကတော့ မန်ချက်စတာစီးတီး အတွက် ခေါင်းခဲစရာ အခြေအနေတစ်ခု အဖြစ် ရှိနေပါတယ်။ ဒါပေမဲ့ ကစားသမား အင်အား တောင့်တင်းတဲ့ အသင်းအတွက် အစားထိုးနိုင်မယ့် ကစားသမား အင်အား ရှိနေတာက အိမ်ရှင် ဝက်စ်ဟမ်း အတွက် အထိုက်အလျောက် ဖိအား ရှိစေ မှာတော့ အသေအချာပါပဲ။ ဥရောပ ပွဲစဉ်တွေ အသီးသီး ကစားရဖို့ ရှိနေတဲ့ နှစ်သင်း ဖြစ်လို့ သာမန် တွေ့ဆုံမှုထက် ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်ဖို့ ရှိနေပါတယ်။ မန်စီးတီး အတွက် လိဂ်ဖလား ၃၂ သင်း အဆင့်မှာ ဝိုင်ကမ်ဘီကို ၆-၁နဲ့ အနိုင်ရခဲ့တဲ့ ပွဲတုန်း ကလိုမျိုးတော့ လွယ်ကူဖို့ မရှိပါဘူး။ တိုက်စစ်မှာ ဂါဘရီရယ် ဂျီဆက်စ်၊ ဂရယ်လစ်ချ်၊ မာရက်ဇ် တို့ကို ပွဲထွက် ကစားသမား အဖြစ် အသုံးပြုဖို့ ရှိနေပြီး ခံစစ်ပိုင်း မှာတော့ အရံကစားသမားတွေ ဖြစ်တဲ့ နသန်အက်ကီ၊ ဂျွန်စတုန်း၊ ဇင်ချန်ကိုတို့ အစုအဖွဲ့နဲ့ ပွဲထွက်လာဖို့ရှိနေတယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြီးခဲ့တဲ့ လိဂ်ဖလား ၃၂ သင်း အဆင့်မှာ မန်ချက်စတာယူနိုက်တက်ကို ကျော်ဖြတ်ခဲ့တဲ့ ဝက်စ်ဟမ်း အတွက် ဒီပွဲစဉ်က အရေးပါဆုံး ပွဲတစ်ပွဲလို့ ဆိုရမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲစုံမှာ တောက်လျောက် ရလဒ်တွေ ကောင်းနေတဲ့ ဝက်စ်ဟမ်း

အစဉ်အလာ ပြိုင်ဘက်ကောင်းတွေ ဖြစ်ပြီး ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ နောက်ဆုံး ၁၀၆ ကြိမ်မှာ ဝက်စ်ဟမ်း ယူနိုက်တက်က ၃၃ ကြိမ်၊ ၁၇ ကြိမ် သရေကျထားပြီး မန်ချက်စတာစီးတီးက ၅၆ ကြိမ် အနိုင် ရရှိထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက နောက်ဆုံး ထိပ်တိုက်တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာတော့ မန်စီးတီးက ၂ ဂိုး ၁ ဂိုး ဆိုတဲ့ ရလဒ်နဲ့ အိမ်ကွင်းမှာ အနိုင်ရရှိထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

1X2 ရဲ့ပေါက်ကြေးအရ အိမ်ရှင်အသင်း အတွက် ၇.၀၀ ဆ၊ ဧည့်သည် အတွက် ၁.၄၅ ဆ၊ သရေရလဒ် အတွက် ၄.၅၀ ဆ ကြေးဖွင့်ထားပါတယ်။ အဓိက ကစားသမားတွေ အားလုံး ပါဝင်လာမယ့်ပွဲ ဖြစ်လို့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပွဲစဉ် ဖြစ်လာနိုင်ပေမယ့် မန်ချက်စတာစီးတီး အတွက် ကတော့ ခက်ခဲတဲ့ ပွဲစဉ် ဖြစ်လာနိုင်ဖို့တော့ မရှိပါဘူး။ ဝက်စ်ဟမ်း ယူနိုက်တက် ကလည်း ခံစစ်ပိုင်းကို ဦးစားပေးပြီး အန်တိုနီယို၊ လန်ဇီနီတို့ရဲ့ တိုးအားတွေနဲ့ တန်ပြန် တိုက်စစ်ပဲ အသုံးပြုဖို့ ရှိတဲ့အတွက် အပြန်အလှန် သွင်းဂိုးတွေ ကိုတော့ မြင်တွေ့ရဖို့ ရှိနေပါတယ်။ အခြေအနေ အရပ်ရပ် အရ ဝက်စ်ဟမ်းကို ငြင်းပယ်ပြီး မန်ချက်စတာစီးတီး ဘက်မှာ ဂိုးအများနဲ့ ရပ်တည်တာ အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်ပါလိမ့်မယ်။

ခန့်မှန်းရလဒ်(၁-၃)
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်