ပါးမား – အတ္တလန္တာ
အင်တာမီလန်တို့ စောစောစီးစီး ချန်ပီယံ ဖြစ်သွားခဲ့သလို ပါးမားနဲ့ ခရိုတိုနီတို့က တန်းဆင်းသွားလို့ စီးရီးအေ က ရင်ခုန်စရာ မရှိတော့ဘူးလို့ ထင်လိုက်ရင် မှားသွားပါလိမ့်မယ်။ ချန်ပီယံလိဂ် ဝင်ခွင့်နဲ့ တန်းမဆင်းရရေး တစ်နေရာ အတွက် စိတ်လှုပ်ရှားစရာ အမှတ်လုပွဲတွေ ကစားဖို့ ကျန်နေပါသေးတယ်။ အခုပွဲမှာတော့ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် တိုက်ပွဲဝင်နေတဲ့ အတ္တလန္တာတို့ တန်းဆင်းသွားရတဲ့ အသင်းနဲ့ တွေ့ဆုံနေလို့ မခက်ခဲနိုင်ပေမယ့် ဂုဏ်သိက္ခာအရ လက်ကျန်ပွဲတွေမှာ အားထည့်ကစားလာနိုင်တဲ့ ပါးမားကို လျှော့တွက်လို့တော့ မရပါဘူး။
ပါးမားတို့ လက်ရှိအချိန်ထိ ၃၄ ပွဲ ကစားပြီးချိန်မှာ အမှတ် ၂၀ သာ ရရှိခဲ့လို့ စီးရီးအေ မှာ ၃ ရာသီ ဖြတ်သန်းပြီး တန်းဆင်း သွားခဲ့ရပါပြီ။ တစ်ချိန်က စီးရီးအေ ရဲ့ နာမည်ကြီးအသင်း တစ်သင်း ဖြစ်ခဲ့ပေမယ့် ၂၀၁၅ ခုနှစ်မှာ ငွေကြေးပြသနာကြောင့် အောက်တန်းဆင်း ကစားခဲ့ရတဲ့ ပါးမားတို့ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ စီးရီးအေ ကိုပြန်လည် တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်ရာသီမှာ အဆင့် ၁၄ နဲ့ ၁၁ နေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် လက်ရှိရာသီ မှာတော့ နိုင်ပွဲ ၃ ပွဲသာရထားပြီး ၁၁ ပွဲသရေ၊ ပွဲ ၂၀ ရှုံးထားခဲ့လို့ ရာသီမကုန်ခင်မှာပဲ ခရိုတိုနီနဲ့ အတူ တန်းဆင်းသွားခဲ့ရတာ ဖြစ်ပါတယ်။ ပါးမားတို့ အမှတ်လိုအပ်ချက် အတွက် ပြီးခဲ့တဲ့ပွဲတွေမှာ အားစိုက်ရုန်းခဲ့ပေမယ့် ကစားသမား အင်အား မလုံလောက်မှုနဲ့ အတူ နောက်ဆုံး ၇ ပွဲမှာ ဘင်နီဗန်တို တစ်သင်းတည်းကို သရေကစားနိုင်ခဲ့ပြီး ကျန်ပွဲတွေအားလုံး ကိုတော့ ရှုံးနိမ့်ခဲ့ပါတယ်။ အခုပွဲအပါအဝင် လက်ကျန် ၄ ပွဲမှာ လာဇီယို၊ ဆာဆူအိုလို၊ ဆမ်ဒိုးရီးယားတို့နဲ့ ကစားရဦးမှာ ဖြစ်လို့ ပါးမားတို့ အမှတ် ထပ်ရဖို့ မဖြစ်နိုင်တော့ပါဘူး။ တစ်ရာသီလုံး ပေးဂိုး ၇၁ ဂိုး အထိ ရှိထားခဲ့ပြီး အခုနှစ် စီးရီးအေရဲ့ ဒုတိယမြောက် ပေးဂိုး အများဆုံးအသင်း ဖြစ်တဲ့ ပါးမားတို့ အတ္တလန္တာရဲ့ တိုက်စစ်ကို ထိန်းချုပ်နိုင်ဖို့ တော်တော်လေးကို ခက်ခဲနေဦးမှာပါ။
အတ္တလန္တာ တို့ လက်ရှိ စီးရီးအေမှာ ဂျူဗင်တပ်စ်၊ အေစီမီလန်တို့ကို ရမှတ်တူ ဂိုးကွာခြားအသာနဲ့ အဆင့် ၂ နေရာ ကနေ ဦးဆောင်ထားပါတယ်။ ဂျူဗင်တပ်စ်နဲ့ အေစီမီလန်တို့ ထိပ်တိုက်တွေ့ဆုံမှုကို အတ္တလန္တာတို့ အခွင့်ကောင်းယူရမှာ ဖြစ်လို့ တန်းဆင်းသွားတဲ့ ပါးမားကို ဂိုးပြတ်နှိပ်ကွပ်ဖို့ မျှော်လင့်နေပါလိမ့်မယ်။ ဂတ်စပီရီနီရဲ့ အသင်းက ရာသီအစမှာ ရုန်းကန်ခဲ့ရပေမယ့် နောက်ပိုင်းမှာ ရလဒ်တွေ တောက်လျောက်ကောင်းခဲ့လို့ ဒီအဆင့်အထိ ပြန်လည် ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ခြေချော်လို့တော့ မရပါသေးဘူး။ လက်ရှိမှာ အဆင့် ၅ နေရာ နာပိုလီနဲ့ ၂ မှတ်ပဲ ကွာသလို တစ်ပွဲလျော့ ကစားထားတဲ့ အဆင့် ၆ နေရာက လာဇီယိုနဲ့လည်း ၅ မှတ်သာ ကွာဟနေလို့ လက်ကျန်ပွဲတွေမှာ တတ်နိုင်သလောက် အမှတ်ရဖို့ အားစိုက်ကစားရဦးမှာ ဖြစ်ပါတယ်။ မနှစ်ကလိုပဲ ဒီနှစ်မှာ စီးရီးအေ ရဲ့ တိုက်စစ် အကောင်းဆုံးအသင်း ဖြစ်နေတဲ့ အတ္တလန္တာတို့ နောက်ဆုံး ၅ ပွဲမှာ ၁၁ ဂိုးအထိ ရထားလို့ ပေါက်ပြဲနေတဲ့ ပါးမားရဲ့ ခံစစ်ကို ကျိန်းသေပါက် ဂိုးမိုးရွာနိုင်တဲ့ ခြေစွမ်းရှိနေပါတယ်။ အခုပွဲမှာတော့ အတ္တလန္တာတိုက်စစ်မှာ ဒူဗန်ဇာပါတာ၊ မယ်လင်နော့ဗ်စကီး၊ ပက်ဆီနာတို့ ဦးဆောင်လာနိုင်ပြီး ဂိုဆန်စ်၊ ဖရီအူလာ၊ ဒီရွန်း တို့လို အမာခံကစားသမားတွေ ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့ ရှိပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
ပါးမားနဲ့ အတ္တလန္တာတို့ရဲ့ နောက်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ၁၃ ကြိမ်မှာ အတ္တလန္တာတို့က ၈ ကြိမ်အထိ အနိုင်ရခဲ့ပြီး ပါးမား ကတော့ ၃ ကြိမ်ပဲ ပြန်လည် အနိုင်ရခဲ့ပါတယ်။ ပါးမား အိမ်ကွင်းမှာ ကစားခဲ့တဲ့ စီးရီးအေ နောက်ဆုံး ၃ ပွဲမှာ အတ္တလန္တာတို့ ၂ ပွဲ နိုင်ပြီး၊ ၁ ပွဲသရေကျထားပါတယ်။ နောက်ဆုံး ၅ ပွဲမှာ အတ္တလန္တာတို့ ပါးမားကို အနည်းဆုံး ၂ ဂိုးနဲ့ အထက် သွင်းနိုင်ခဲ့ပြီး နှစ်သင်းပေါင်း သွင်းဂိုးကလည်း ၃ ဂိုးနဲ့အထက်မှာ ရှိခဲ့ပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များး
1×2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁၃.၀၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁.၂၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၇.၀၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ ပါးမားမှာ ဘာမျှော်လင့်ချက်မှ မရှိတော့ပေမယ့် အတ္တလန္တာ ကတော့ နိုင်ပွဲရဖို့ လိုအပ်နေတယ်။ လက်ရှိ ခြေစွမ်းအရဆိုရင် ဘယ်လိုနေနေ ပါးမားခံစစ်က အတ္တလန္တာ တိုက်စစ်ကို ခံကစားနိုင်ဖို့ မရှိဘူး။ အတ္တလန္တာ အနိုင်သေချာတယ်။ သွင်းဂိုးလည်း များမယ်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.