နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ရိုးမားတို့ အတ္တလန္တာကို အသာမရခဲ့တာ ကြာပါပြီ – စီးရီးအေ ပွဲကြိုသုံးသပ်ချက်

ရိုးမား –  အတ္တလန္တာ

ရိုးမားနဲ့ အတ္တလန္တာ တို့ရဲ့ တွေ့ဆုံမှုကိုတော့ အခုတစ်ပတ် စီးရီးအေ ပွဲစဉ် ၃၂ နဲ့ အကောင်းဆုံး ပွဲအဖြစ် သတ်မှတ်ချင်ပါတယ်။ ချန်ပီယံလိဂ် ဝင်ခွင့်အတွက် တိုက်ပွဲဝင်နေတဲ့ အသင်းနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပြီး ပြတ်သားရလဒ် တစ်ခုကို မျှော်လင့်လာကြမှာ ဖြစ်လို့ ရေကုန်ရေခမ်း ကစားကြမယ့် သဘောရှိပါတယ်။

ရိုးမားတို့ ယူရိုပါလိဂ်မှာ အောင်မြင်မှုရဖို့ အတိုင်းအတာ တစ်ခုအထိ အာရုံစိုက်ခဲ့လို့ စီးရီးအေမှာ ရလဒ်တွေ ဆိုးခဲ့ပါတယ်။ နာပိုလီကို ရှုံးနိမ့်ခဲ့တာနဲ့ ဆာဆူအိုလိုနဲ့ သရေကျခဲ့တာဟာ လက်ခံလို့ရပေမယ့် တန်းဆင်းဇုန်ထဲက ပါးမား၊ တိုရီနိုတို့လို အသင်းတွေကို ရှုံးနိမ့်ခဲ့တာကတော့ အခြေအနေဆိုးလွန်းပါတယ်။ လက်ရှိ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေတဲ့ ရိုးမားတို့ ချန်ပီယံလိဂ် ဝင်ခွင့် မျှော်လင့်ချက် ထားနေပေမယ့် အဆင့် ၄ နေရာက အသင်းနဲ့ ၈ မှတ်အထိ ကွာဟနေလို့ ဖြစ်နိုင်ချေတော့ နည်းနေပါတယ်။ ဒါပေမယ့်လည်း အနိမ့်ဆုံးတော့ ယူရိုပါလိဂ် ဝင်ခွင့်ရနိုင်လို့ တတ်နိုင်သမျှ ရမှတ်တွေ ရှာဖွေဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ အခုပွဲဟာ ရိုးမားအတွက် အဆုံးအဖြတ် တစ်ခုလို ဖြစ်သွားနိုင်ပြီး အကယ်၍သာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာစာ မျှော်လင့်ချက်ကို လုံးဝစွန့်လွှတ်ရဖို့ အခြေအနေအထိ ဖြစ်သွားနိုင်ပါတယ်။ အခုပွဲမှာတော့ ရိုးမားက စပင်နက်ဇ်ဇိုလာ၊ ကမ်ဘယ်လာ၊ ဇန်နီယိုလို၊ ခရစ္စစမောလင်းတို့ ဒဏ်ရာရနေလို့ ပါဝင်လာနိုင်မှာ မဟုတ်ပဲ ကွင်းလယ်က ဒီဝါးရား ဟာလည်း ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မှာ ဖြစ်ပါတယ်။

ရိုးမားတို့ ယူရိုပါလိဂ်မှာ အောင်မြင်မှုရဖို့ အတိုင်းအတာ တစ်ခုအထိ အာရုံစိုက်ခဲ့လို့ စီးရီးအေမှာ ရလဒ်တွေ ဆိုးခဲ့ပါတယ်။
ရာသီအကုန်မှာ ဥရောပဝင်ခွင့်ရရှိရေး အားစိုက်ကစားနေတဲ့ ရိုးမား

အတ္တလန္တာတို့ စီးရီးအေ လက်ကျန်ပွဲစဉ်တွေကို အကောင်းဆုံးပုံစံနဲ့ ဖြတ်သန်းနေပြီး နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၁၀ ပွဲမှာ အင်တာမီလန် တစ်သင်းတည်းကို ရှုံးနိမ့်ထားပြီး ကျန်ပွဲစဉ် ၉ ပွဲစလုံး အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာလည်း ရော်နယ်ဒိုမပါတဲ့ ဂျူဗင်တပ်စ်ကို မယ်လင်နော့ဗ်စကီးရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၃ နေရာအထိ ရောက်ရှိလာခဲ့ပါတယ်။ မူရီရယ်၊ ပက်ဆီနာ၊ ဇာပါတာ၊ ပါဆာလစ်၊ အီလီချစ်ခ်၊ မယ်လင်နော့ဗ်စကီးတို့ ရှိနေတဲ့ တိုက်စစ်စုဖွဲ့မှုက တော်တော်လေးထက်မြတ်နေပြီး နောက်ဆုံး ၅ ပွဲမှာ ၁ ပွဲ ပျမ်းမျှ ၂ ဂိုးနဲ့ အထက် သွင်းယူထားခဲ့ပါတယ်။ တစ်ရာသီလုံး အတိုင်းအတာနဲ့ ဆိုရင်လည်း ၃၁ ပွဲကစားပြီးချိန်မှာ သွင်းဂိုး ၇၂ ဂိုးအထိ ရရှိထားလို့ တစ်ပွဲကို ၂.၃ ဂိုးနှုန်း သွင်းယူထားနိုင်ပြီး ဒီရာသီ စီးရီးအေ မှာလည်း တိုက်စစ် အကောင်းဆုံး အသင်းဖြစ်နေပါတယ်။ တိုက်စစ် ထက်မြတ်သလို ခံစစ်ကလည်း ပေးဂိုး အနည်းဆုံး ၅ သင်းထဲမှာ ပါဝင်နေခဲ့တဲ့ အတ္တလန္တာတို့ အခုပွဲမှာလည်း အိမ်ရှင် ရိုးမားကို ကျိန်းသေပေါက် ခက်ခဲစေဦးမှာပါ။ လက်ရှိ အသင်းမှာ ဟိတ်ဘိုးဝါး တစ်ဦးတည်း ဒဏ်ရာပြသနာကြောင့် ပါဝင်ကစားနိုင်မှာ မဟုတ်ပါဘူး။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

အတ္တလန္တာတို့ ၂၀၁၇ ခုနှစ်နောက်ပိုင်း ရိုးမားနဲ့ တွေ့ဆုံခဲ့တဲ့ ၆ ပွဲမှာ ရှုံးပွဲ တစ်ပွဲမှ မရှိခဲ့ပဲ ၄ ပွဲနိုင်ပြီး ၂ ပွဲသရေကျထားပါတယ်။ ဒီရာသီ ပထမအကျော့ တွေ့ဆုံမှုမှာလည်း ဇာပါတာ၊ ရော်ဘင်ဂိုဆန်စ်၊ မူရီရယ်၊ အီလီချစ်ခ် တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ၄-၁ ရလဒ်နဲ့ အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ရိုးမား – အတ္တလန္တာ အချိန်ပြည့် 1X2 ဧည့်သည် @ 1.96
ဧပြီလ ၂၂ ရက်, ည ၁၁:၀၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၃.၇၅ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၁.၉၀ ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၈၀ ဆ ကြေးဖွင့်ပေးထားပါတယ်။ နှစ်သင်းစလုံး တိုက်စစ် ထက်မြတ်နေပေမယ့် အတ္တလန္တာ က ဂိုးသွင်းယူရာမှာ ပိုသေချာပြီး အသင်းလိုက် ကစားပုံ ဟန်ချက်ညီနေပါတယ်။ ၂၀၁၇ ခုနှစ်နောက်ပိုင်း အတ္တလန္တာကို အသာမရတော့ ရိုးမားတို့ ဒီတစ်ကြိမ်မှာလည်း အိမ်ကွင်းမှာပေမယ့် အနိုင်ယူနိုင်စွမ်းမရှိသေးတာ သေချာနေပါတယ်။ အတ္တလန္တာတို့ ၃ မှတ်အပြည့်ရမယ့် ပွဲပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်