နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

လက်ကျန် ဖလားတစ်လုံး မျှော်လင့်ချက်ပါ ရိုက်ချိုး ဖျက်ဆီးခံလိုက်ရတဲ့ လစ်ဗာပူးလ် – ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

လစ်ဗာပူးလ် ၀ – ၀(နှစ်ကျော့ပေါင်းရလဒ် ၁ – ၃) ရီးရဲယ်မက်ဒရစ်

မနေ့ညက ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ လစ်ဗာဗူးလ်နဲ့ ရီးရဲယ်မက်ဒရစ် တို့ရဲ့ ပွဲစဉ် မှာတော့ ဂိုးမရှိသရေ ရလဒ်နဲ့ ပြီးဆုံးခဲ့ပြီး နှစ်ကျော့ပေါင်း ၁-၃နဲ့ ရီးရဲယ်မက်ဒရစ်တို့ ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။ ဇီဒန်းရဲ့ ရီးရဲယ်မက်ဒရစ် ကတော့ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် အအောင်မြင်ဆုံး အဖြစ် ဆီမီးဖိုင်နယ်ကို ၁၄ ကြိမ်မြောက် ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။

ကလော့ပ်ဟာ ဒီနေ့ပွဲမှာ ဆာလာ၊ ဖေမီနို၊ မာနေးတို့ တိုက်စစ်အတွဲကို ပြန်လည် အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဖာဘင်ဟို၊ ဝစ်ဂျ်နယ်ဒမ် မီလ်နာတို့ကို တွဲဖက်စေခဲ့ပါတယ်။ ဇီဒန်းရဲ့ ရီးရဲယ်မက်ဒရစ် ကတော့ ပထမအကျော့ လူစာရင်းကို ညာနောက်ခံလူ တစ်နေရာသာ အပြောင်းအလဲ လုပ်ခဲ့ပြီး ဗယ်ဗာဒီကို နောက်တန်းမှာ ကစားစေခဲ့တာ ဖြစ်ပါတယ်။ နောက်တစ်ဆင့် တက်ဖို့ အနည်းဆုံး သွင်းဂိုး ၂ ဂိုး ရရှိဖို့ လိုအပ်နေတဲ့ လစ်ဗာပူးလ် တို့ ပွဲအစပိုင်းမှာ ကတည်းက တိုက်စစ်ဖွင့် ကစားစေခဲ့ပေမယ့် ရီးရဲယ်မက်ဒရစ် ဂိုးသမား သီဘောက် ကော့တွိုက်စ်ရဲ့ ကာကွယ်မှုတွေကြောင့် ဂိုးမရခဲ့တာ ဖြစ်ပါတယ်။ ရီးရဲယ်မက်ဒရစ် ကလည်း လစ်ဗာပူးလ် နောက်တန်းရဲ့ အားနည်းချက် တချို့ကို အခွင့်ကောင်းယူဖို့ ကြိုးစားခဲ့ပေမယ့် ကာရင် ဘင်ဇီမာရဲ့ ကန်ချက် တိုင်ထိထွက်ခဲ့လို့ လစ်ဗာပူးလ်တို့ သက်သာခဲ့ရတာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ လစ်ဗာပူးလ်တို့ လိုအပ်နေတဲ့ သွင်းဂိုးတွေအတွက် တိုက်စစ်မြှင့်တဲ့ အနေနဲ့ သီယာဂို အယ်ကန်တာယာနဲ့ ဒီယိုဂို ဂျော့တာတို့ ထည့်ခဲ့ပါတယ်။ နောက်ဆုံးမိနစ်အထိ လစ်ဗာပူးလ်တို့ ကြိုးစား ကစားသွားခဲ့ပေမယ့် ရီးရဲယ်မက်ဒရစ် ကွင်းလယ်ကစားသမားတွေရဲ့ ပုံစံကောင်းတစ်ခုကို မကျော်ဖြတ် နိုင်ခဲ့တာကြောင့် သွင်းဂိုး တစ်ဂိုးတောင် မရခဲ့ပဲ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ကနေ လက်ပြ နှုတ်ဆက်သွားရတာ ဖြစ်ပါတယ်။

ဖလားလက်မဲ့ ရာသီကို ဖြတ်သန်းရတော့မယ့် လစ်ဗာပူးလ်တို့ လက်ကျန် မျှော်လင့်ချက် တစ်ခုအဖြစ် လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရရေး ပရီးမီးယားလိဂ် မှာ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။ လာမယ
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၄ နေရာက အသင်းနဲ့ ၃ မှတ်ကွာဟနေဆဲ လစ်ဗာပူးလ်

 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ဇီဒန်းရဲ့ ရီးရဲယ်မက်ဒရစ် ကွင်းလယ်က ကတ်စီမီယိုနဲ့ တိုနီခရူးစ်ရဲ့ တည်ငြိမ်မှုနဲ့အတူ လစ်ဗာပူးလ် တိုက်စစ်ကို ပုံဖော်လို့ မရအောင်ကို တားဆီးသွားနိုင်ခဲ့ပါတယ်။ အခုပွဲမှာ လစ်ဗာပူးလ်ရဲ့ တိုက်စစ်ကစားပုံက ပထမအကျော့ထက် ပိုပြီး ကောင်းမွန်ခဲ့ပြီး ဧရိယာထဲမှာ အပိုင်ကန်ချက်တွေနဲ့အတူ အခွင့်အရေး တော်တော်များများ ဖန်တီးနိုင်ခဲ့ပေမယ့် ရီးရဲယ်မက်ဒရစ် ဂိုးသမား ကော့တွိုက်စ်ရဲ့ လက်စွမ်းပြမှုတွေကြောင့် သွင်းဂိုးတွေ အဖြစ် မပြောင်းလဲနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရီးရဲယ်မက်ဒရစ်တို့ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ၁၄ ကြိမ်မြောက် ဆီမီးဖိုင်နယ် အဆင့်ကို တက်လှမ်းသွားခဲ့ပြီး တစ်ဖက်က ၈ ကြိမ်မြောက် တက်ရောက်လာတဲ့ တူဟယ်ရဲ့ ချဲလ်ဆီးနဲ့ ကစားရတော့မှာ ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

ဖလားလက်မဲ့ ရာသီကို ဖြတ်သန်းရတော့မယ့် လစ်ဗာပူးလ်တို့ လက်ကျန် မျှော်လင့်ချက် တစ်ခုအဖြစ် လာမယ့်ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရရေး ပရီးမီးယားလိဂ် မှာ အာရုံစိုက်ရတော့မှာ ဖြစ်ပါတယ်။ လာမယ့် ဧပြီလ ၂၀ ရက်နေ့ မှာတော့ လစ်ဗာပူးလ်တို့ လိဒ်စ်ယူနိုက်တက် အိမ်ကွင်း အဲလန်ရုတ်ဒ်မှာ သွားရောက်ကစားဖို့ ရှိပါတယ်။ ရီးရဲယ်မက်ဒရစ် ကတော့ လာမယ့် တနင်္လာနေ့မှာ ဂီတာဖေးနဲ့ လာလီဂါ ပွဲစဉ် ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်