နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အစကောင်းခဲ့လို့ အနှောင်းသေချာသွားတဲ့ ပိုချက်တီနိုနဲ့ ပါရီသားများ – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

ပီအက်စ်ဂျီ ၀ – ၁ ဘေယန်မြူးနစ်

(နှစ်ကျော့ပေါင်းရလဒ် ၃ – ၃)
 
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပထမနေ့ ပွဲစဉ်တွေထဲက စိတ်ဝင်တစား စောင့်ကြည့်ခဲ့ရတဲ့ ပီအက်ဂျီနဲ့ ဘေယန်မြူးနစ်တို့ရဲ့ ပွဲမှာတော့ ဧည့်သည်တို့ ၀-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့် နောက်တစ်ဆင့် တက်ဖို့ မလုံလောက်ခဲ့ပါဘူး။ ဘေယန်မြူးနစ်တို့ ပထမအကျော့တုန်းက ဂျာမန်မြေမှာ ၂-၃ နဲ့ ရှုံးနိမ့်ထားလို့ ဒီနေ့မှာ အနိုင်ရခဲ့ပေမယ့်လည်း အဝေးဂိုးစည်းမျဉ်းအရ ချန်ပီယံလိဂ်ကို လက်ပြ နှုတ်ဆက်ခဲ့ရတာ ဖြစ်ပါတယ်။

ဘေယန်မြူးနစ်တို့ ပထမအကျော့တုန်းက ဂျာမန်မြေမှာ ၂-၃ နဲ့ ရှုံးနိမ့်ထားလို့ ဒီနေ့မှာ အနိုင်ရခဲ့ပေမယ့်လည်း အဝေးဂိုး စည်းမျဉ်းအရ ချန်ပီယံလိဂ်ကို လက်ပြ နှုတ်ဆက်ခဲ့ရတာ ဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါကိုပဲ အပြည့်အဝ အာရုံစိုက်ရတော့မယ့် ဘေယန်မြူးနစ်

ဒီနေ့ပွဲမှာတော့ ပိုချက်တီနို ရဲ့ အသင်းက ၄-၂-၃-၁ ကစားကွက်ကို အသုံးပြုပြီး တိုက်စစ်မှာ အန်ဘာပေကို အထောင်ထားပြီး အနောက်မှာ နေမာ၊ ဒရက်စ်လာ၊ ဒီမာရီယာ၊ ကွင်းလယ်မှာ ဂူရီ၊ ပယ်ရီဒက်စ်၊ နောက်တန်းမှာ ဒက်ဂ်ဘာ၊ ပရဲရား၊ ကင်ဘန်ပေ၊ ဒိုင်ယာလို၊ ဂိုးမှာတော့ ကိုင်လာနားဗက်နဲ့ပဲ ပွဲထွက်လာပါတယ်။ ဘေယန်မြူးနစ် နည်းပြ ဟန်ဆီဖလစ်ခါ ကတော့ တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီး မကစားနိုင်သေးလို့ ချူပိုမော့တင်းကိုပဲ အသုံးပြုလာပြီး ကိုမန်၊ မူလာ၊ ဆာနေးတို့နဲ့ တိုက်စစ်ကို အားဖြည့်ခဲ့ပါတယ်။ ကွင်းလယ်မှာလည်း ဂိုရက်ဇ်ကာ ဒဏ်ရာရနေလို့ အလာဘာနဲ့ ကင်မစ်ခ် ကို တွဲပေးပြီး နောက်တန်းမှာ အဲလ်ဖွန်ဆိုဒေးဗီးစ်၊ ဟာနန်ဒက်ဇ်၊ ဘိုတန်းနဲ့ ပါဗက်၊ ဂိုးမှာတော့ နော်အာပဲ ပါဝင်လာပါတယ်။ ပထမအကျော့တုန်း ကလိုပဲ ဘေယန်မြူးနစ်တို့ ပီအက်စ်ဂျီကို ဘောလုံးပိုင်ဆိုင်မှု အသာစီးယူ ကစားနိုင်ခဲ့ပေမယ့် တကယ်တမ်း လျင်လျင်မြန်မြန် ထိထိရောက်ရောက် တိုက်စစ်ဆင်နိုင်ခဲ့တာ ကတော့ အိမ်ရှင် ပီအက်စ်ဂျီတို့ပဲ ဖြစ်ပါတယ်။ ဘေယန်မြူးနစ် ကတော့ ဘောလုံးကိုင်ကစားနေရုံက လွဲပြီး တိုက်စစ်ပိုင်းက ပီအက်စ်ဂျီ နောက်တန်းနဲ့ ကိုင်လာနားဗက်စ်ကို ကျော်ဖြတ်ဖို့ တော်တော်လေး ခက်ခဲနေခဲ့ရပါတယ်။ မိနစ် ၄၀ မှာတော့ ဘေယန်မြူးနစ်တို့ ဂိုးစရခဲ့ပြီး အလာဘာရဲ့ ကန်သွင်းမှုကို ကိုင်လာနားဗတ်စ် တားဆီးရာမှ ပြန်ထွက်လာတာကို ချူပိုမော့တင်းက အနီးကပ်ခေါင်းတိုက် ပိတ်သွင်းပေးခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်း မှာတော့ ပီအက်စ်ဂျီတို့ လူစားလဲလှယ်မှု တချို့ပြုလုပ်ခဲ့ပြီး ဘေယန်မြူးနစ် ကလည်း လိုအပ်နေတဲ့ သွင်းဂိုး ၁ ဂိုး ထပ်ရဖို့ အဲလ်ဖွန်ဆိုဒေးဗီးစ် အစား မူဆီယာလာကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ဘာမှတော့ ထူးမခြားလာခဲ့ပါဘူး။ ဒါ့အပြင် ပီအက်စ်ဂျီက နေမာရဲ့ တန်ပြန်တိုက်စစ်က တစ်ဆင့် မွှေနှောက်မှုတွေကြောင့် ဘေယန်မြူနစ် နောက်တန်းက အလုပ်တော်တော်လေး ရှုပ်ခဲ့ရပါတယ်။ နေမာရဲ့ ကန်ချက် တိုင်ထိတာရယ်၊ ဂိုးသမား နော်အာ အပိုင်အခွင့်အရေး တချို့ကို ကာကွယ်နိုင်ခဲ့လို့သာ ဘေယန်မြူးနစ်တို့ ဂိုးမပေးခဲ့ရတာပါ။ ဒါတောင် နေမာရဲ့ အပိုင်အခွင့်အရေး လွဲချော်ခဲ့တာတွေ မပါသေးပါဘူး။ အဲ့နောက် ပွဲပြီးတဲ့ အထိ ၀-၁ ပဲဖြစ်ခဲ့လို့ ပီအက်စ်ဂျီနဲ့ ဘေယန်မြူးနစ်တို့ နှစ်ကျော့ပေါင်း ၃-၃ ရလဒ် ထွက်ပေါ်ခဲ့ပြီး အဝေးဂိုး စည်းမျဉ်းအရ ပီအက်စ်ဂျီတို့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားခဲ့ပါတယ်။

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ ဘေယန်မြူးနစ် ပရိသတ်တွေ အနေနဲ့ တိုက်စစ်မှူးကြီး လီဝန်ဒေါစကီးကို လွမ်းခဲ့ကြဦးမှာပါ။ ဘေယန်မြူးနစ်ရဲ့ အသက်ဟာ လီဝန်ဒေါစကီး ဆိုတဲ့အတိုင်း ပိုလန်သားကြီး မပါတဲ့ တိုက်စစ်က အခုပွဲမှာ လိုအပ်နေတဲ့ သွင်းဂိုးတွေကို လုံလုံလောက်လောက် မရခဲ့ပါဘူး။ ဟန်ဆီဖလစ်ခ် ဒဲ့အစားထိုးခဲ့တဲ့ ချူပိုမော့တင်းရဲ့ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြုလို့ ရပေမယ့် လီဝန်ဒေါစကီးနဲ့ စွမ်းဆောင်ရည်ပိုင်း ဘယ်လောက်အထိ ကွာခြားသလဲဆိုတာကို သိသာစေခဲ့ပါတယ်။ ပိုချက်တီနို ကတော့ ဒီနေ့ပွဲမှာလည်း သူ့အသင်းကို တန်ပြန်တိုက်စစ်ကိုပဲ ဦးစားပေး ကစားစေခဲ့ပြီး တကယ်တမ်း မှာလည်း အလုပ်ဖြစ်ခဲ့ပြန်ပါတယ်။ နေမာ၊ အန်ဘာပေး တို့ရဲ့ လျင်မြန်မှုတွေနဲ့ မွှေနှောက်ထိုးဖောက်မှုတွေက ဘေယန်မြူးနစ်တို့ ဂိုးရဖို့ ကြိုးစားရမယ့် အချိန်မှာ ခံစစ်ကိုပါ မလွတ်အောင် ကစားနေစေပြီး အကောင်းဆုံး ဒုက္ခပေးသွားနိုင်ခဲ့ ပါတယ်။ နေမာဟာ ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရပြီး မွိုက်စ်ကိန်း၊ ဒီမာရီယာ တို့ရရှိခဲ့တဲ့ အခွင့်အရေးတွေ အပါအဝင် ဂိုးထပ်ရမယ့် အခွင့်အရေးပေါင်းစုံ ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ဘေယန်မြူးနစ်တို့ သက်သာခဲ့ရတာပါ။ ဘယ်လိုပဲဆိုပါစေ ဘေယန်မြူးနစ်တို့ ပီအက်စ်ဂျီကို နောက်ထပ်တစ်ကြိမ် ထပ်ပြီး နိုင်ခဲ့ပေမယ့် လက်ပြ နှုတ်ဆက်ခဲ့ရပြီ ဖြစ်လို့ ချန်ပီယံလိဂ် ဆုဖလားကို ကာကွယ်ဖို့လည်း မဖြစ်နိုင်တော့ပါဘူး။
 

လာမယ့်ပွဲစဉ်များ

ပီအက်စ်ဂျီတို့ လာမယ့် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်မှာ မန်ချက်စတာစီးတီး သို့မဟုတ် ဒေါ့မန်နဲ့ တွေ့ဆုံဖို့ ရှိနေပြီး ဗိုလ်လုပွဲအထိ တက်ဖို့ အခြေအနေကောင်းတွေ ပိုင်ဆိုင်သွားခဲ့ပါတယ်။ ဘေယန်မြူးနစ်ကတော့ ဘွန်ဒက်စ်လီဂါ တစ်ခုတည်းကို အာရုံစိုက်ဖို့သာ ကျန်တော့ပြီး လာမယ့် ဧပြီလ ၁၇ ရက်နေ့မှာ ဝုဖ်ဘတ်နဲ့ အရေးကြီးတဲ့ ပွဲစဉ် ကစားရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်