နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘေယန် မရှုံးပေမယ့် ပီအက်ဂျီပဲ နောက်တစ်ဆင့်တက်မယ် – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

ပီအက်စ်ဂျီ – ဘေယန်မြူးနစ်

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ ပွဲစဉ်တွေထဲက  စိတ်ဝင်စားဖို့ အကောင်းဆုံး ပွဲတစ်ပွဲကတော့ ပီအက်စ်ဂျီနဲ့ ဘေယန်မြူးနစ်တို့ရဲ့ ပွဲဖြစ်ပါတယ်။ လက်ရှိချန်ပီယံ ဘေယန်မြူးနစ်တို့ ပီအက်စ်ဂျီကို အိမ်ကွင်းမှာ မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ပြီး အဝေးဂိုးတွေလည်း အများကြီး ပေးလိုက်ရလို့ အခုပွဲမှာ ဂျာမန်ဘီလူးတို့ ဖောင်ဖျက်တိုက်မှပဲ ရတော့မှာပါ။ ဒါပေမယ့် ချန်ပီယံလိဂ် ဆိုတာ မထင်မှတ်ထားတာတွေနဲ့ ပရိသတ်တွေကို စွဲဆောင်ထားနိုင်တဲ့ ပြိုင်ပွဲမို့လို့ ပွဲပြီးအဖြေကသာ အဓိကကျတာကိုတော့ မမေ့ထားသင့်ပါဘူး။

ပီအက်စ်ဂျီ ကတော့ ပြီးခဲ့တဲ့ နှစ်ပိုင်းလောက်က စပြီး ချန်ပီယံလိဂ် ဖလားကို အသေအလဲ လိုချင်နေတဲ့ အသင်းဖြစ်ပါတယ်။ မနှစ်က ဗိုလ်လုပွဲအထိ ရောက်ခဲ့ပေမယ့် အကောင်းဆုံး ခြေစွမ်းရနေတဲ့ ဘေယန်မြူးနစ်ကို မကျော်နိုင်ခဲ့လို့ နေမာ ကိုယ်တိုင် မျက်ရည်ကျပြီး ဒုတိယနဲ့ပဲ ကျေနပ်ခဲ့ရတာပါ။ ဒီနှစ်မှာတော့ ပီအက်ဂျီတို့ သူတို့ကို အသဲခွဲသွားတဲ့ ဘေယန်မြူးနစ်ကို ရှုံးကြွေးပြန်ဆပ်ထားနိုင်ခဲ့ပြီး အသဲပြန်ခွဲဖို့ပဲ ကျန်ပါတော့တယ်။ ပိုချက်တီနိုရဲ့ အသင်းက လီဂူးဝမ်းမှာသာ ခြေတွေ ချော်နေပေမယ့် ချန်ပီယံလိဂ် မှာတော့ အမှားကင်းကင်းနဲ့ အသင်းကြီးတွေကိုတောင် အလဲထိုးထားနိုင်တာ တွေ့ရပါတယ်။ ၁၆ သင်းအဆင့်မှာဆိုရင် ဘာစီလိုနာရဲ့ နူးကမ့်ပ်အထိ သွားပြီး ဂိုးပြတ်သွင်းခဲ့သလို အခုလက်ရှိ ကွာတားဖိုင်နယ်မှာလည်း အိမ်ကွင်း ရှုံးပွဲမရှိတာ ကြာပါပြီဆိုတဲ့ ဘေယန်မြူးနစ်ကိုမှ ဂျာမန်မြေထိသွားပြီး အနိုင်ယူထားပါတယ်။ ရင့်ကျက်လာတဲ့ နေမာ၊ အတွေ့အကြုံများတဲ့ ဒီမာရီယာ နဲ့အတူ လျှပ်စီးလိုမြန်ပြီး ပါရမီ ကောင်းလွန်းတဲ့ ကီလီယန် အန်ဘာပေးတို့နဲ့ ပေါင်းစပ်ထားတဲ့ ပီအက်စ်ဂျီဟာ ဒီရာသီ ချန်ပီယံလိဂ် မှာ ဘယ်အသင်းကို မဆို အနိုင်ယူနိုင်စွမ်း ရှိနေတယ်ဆိုတာ သက်သေပြထားခဲ့ပြီး ဖြစ်ပါတယ်။

လီဝန်ဒေါစကီး မပါတဲ့ ဘေယန်မြူးနစ်ဟာ ဆားမပါတဲ့ ဟင်းတစ်ခွက်လို ဖြစ်နေတယ်ဆိုတာ ပြီးခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂ ပွဲနဲ့ ချန်ပီယံလိဂ် ပထမအကျော့ပွဲကို ကြည့်ရင် သိနိုင်ပါတယ်။
ချန်ပီယံလိဂ် မှာ ဟန်ဆီဖလစ်ခ် ကိုပထမဦးဆုံး အနိုင်ရတဲ့ နည်းပြ ဖြစ်လာသူ ပိုချက်တီနို

တကယ်တော့ ဘေယန်မြူးနစ်ရဲ့ အသက်ဟာ တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီး ဖြစ်ပါတယ်။ လီဝန်ဒေါစကီး မပါတဲ့ ဘေယန်မြူးနစ်ဟာ ဆားမပါတဲ့ ဟင်းတစ်ခွက်လို ဖြစ်နေတယ်ဆိုတာ ပြီးခဲ့တဲ့ ဘွန်ဒက်စ်လီဂါ ပွဲစဉ် ၂ ပွဲနဲ့ ချန်ပီယံလိဂ် ပထမအကျော့ပွဲကို ကြည့်ရင် သိနိုင်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေ အများကြီး ရှိနေပေမယ့် လီဝန်ဒေါစကီး လောက် အဆုံးသတ် သေချာတဲ့ ကစားသမား လက်ရှိအချိန်အထိ မရှိသေးလို့ အခုပွဲမှာလည်း ဘေယန်မြူးနစ်တို့ရဲ့ တိုက်စစ်က အသက်မဲ့နေဦးမှာပါ။ ပထမအကျော့တုန်းက ဘေယန်မြူးနစ်တို့ ပီအက်စ်ဂျီထက် အစစအရာရာ သာခဲ့ပေမယ့် လီဝန်ဒေါစကီး နေရာမှာ ဒဲ့အစားထိုးခဲ့တဲ့ ချောင်ပိုမော့တင်းရဲ့ စွမ်းဆောင်ရည်က သွင်းဂိုးတွေ ရဖို့ မလုံလောက်ခဲ့တဲ့ အပြင် ပီအက်စ်ဂျီရဲ့ လျင်မြန်တဲ့ တန်ပြန်တိုက်စစ်ကို မထိန်းချုပ်နိုင်ခဲ့လို့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ အခုပွဲမှာတော့ နည်းပြ ဟန်ဆီဖလစ်ခ်ဟာ နည်းစနစ်ပိုင်း ဘယ်လောက်အထိ ကြွယ်ဝပြီး ပါးနပ်သလဲဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ အကယ်၍ ပထမအကျော့တုန်းက ဗျူဟာအတိုင်းသာ ပါရီမြေကို သွားကစားရင် ကျိန်းသေပေါက် နိုင်ပွဲရမှာ မဟုတ်ပါဘူး။ ပြသနာက လီဝန်ဒေါစကီး အပြင် ဂနာဘရီ၊ ကွင်းလယ်က ဂိုရက်ဇ်ကာနဲ့ တိုလစ်ဆို၊ တောင်ပံက ကိုမန်၊ ဒေါက်ဂလပ်စ် ကော်စတာ၊ နောက်တန်းက လူးကပ်စ် ဟာနန်ဒက်စ်၊ ဘိုတန်း၊ နစ်ကလပ်စ် ဆူလီတို့တွေ ဒဏ်ရာပြသနာ အသီးသီး ရှိနေလို့ ဟန်ဆီဖလစ်ခ် အတွက် ကတော့ ခေါင်းခဲစရာပါပဲ။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ဘေယန်မြူးနစ်တို့ ပီအက်စ်ဂျီနဲ့‌ တွေ့ဆုံခဲ့တဲ့ နောက်ပိုင်းပွဲစဉ်တော်တော်များများမှာ အသာရခဲ့တယ် ဆိုပေမယ့် ပထမအကျော့ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီး ၂၀၀၉ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ် အိမ်ကွင်းရှုံးပွဲမရှိ စံချိန်လည်း ကျိုးပျက်ထားပါတယ်။ ထိပ်တိုက်တွေ့ဆုံချိန်တိုင်းမှာ ဂိုးတွေ အပြန်အလှန် သွင်းနိုင်ခဲ့ကြလို့ အခုပွဲမှာရော သွင်းဂိုးတွေ အများကြီး မြင်ရဦးမလားဆိုတာ စောင့်ကြည့်ရပါမယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ပီအက်စ်ဂျီ – ဘေယန်မြူးနစ် အချိန်ပြည့် 1X2 သရေ @ 3.75
ဧပြီလ ၁၄ ရက်, ည ၁:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၂.၉၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂.၁၅ ဆ ကြေးဖွင့် ပြီး သရေအတွက် ၄.၀၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဘေယန်မြူးနစ်မှာ ဒဏ်ရာရ ကစားသမားတွေ တပုံကြီး ရှိနေလို့ အခုပွဲမှာ နောက်တစ်ဆင့် တက်ဖို့လောက်အထိ လုံလောက်တဲ့ သွင်းဂိုးတွေ ရှာဖွေနိုင်မှာ မဟုတ်ပါဘူး။ ပီအက်စ်ဂျီက အဝေးကွင်းမှာဆိုရင် ဂိုးအများကြီး သွင်းပြီး အိမ်ကွင်းမှာဆို အနိုင်သေချာဖို့ပဲ ထိန်းကစားလေ့ရှိတယ်။ ဘေယန်မြူးနစ် မရှုံးနိုင်ပေမယ့် နောက်တစ်ဆင့် တက်ဖို့ အတွက်ဆိုရင်တော့ ပီအက်စ်ဂျီကို အားပေးပါ။ ၁-၁ မဟုတ်ရင်၊ ၂-၂ လောက်နဲ့ပဲ ပွဲပြီးသွားနိုင်ပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်