နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

နောက်ဆုံးရ ပရီးမီးယားလိဂ် ကစားသမား အပြောင်းအရွှေ့သတင်းများ

အခုတစ်ခါမှာတော့ SBOTOP ပရိသတ်တွေ အနေနဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းကြီး တချို့ရဲ့ နောက်ဆုံးရ စိတ်ဝင်စားစရာ အပြောင်းအရွှေ့ သတင်းတွေကို ဖတ်ရှုရမှာ ဖြစ်ပါတယ်။
 
တစ်စခန်းထလာပြန်တဲ့ ဟာလန်းရဲ့ အပြောင်းအရွှေ့ဇာတ်လမ်း

ဒေါ့မန် တိုက်စစ်မှူး အာလင်းဘရွတ်ဟာလန်းရဲ့ အနာဂတ်နဲ့ ပတ်သတ်လို့ အလျင်စလို ဆုံးဖြတ်ချက်ချမှာ မဟုတ်ဘူးလို့ ဒေါ့မန် နည်းပြ အီဒင် တာဇစ်က ပြောကြားလိုက်ပါတယ်။ စပိန်ထိပ်သီး ဘာစီလိုနာနဲ့ ရီးရဲယ်မက်ဒရစ် အပြင် ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ မန်ချက်စတာစီးတီး၊ ယူနိုက်တက်၊ ချဲလ်ဆီး၊ လစ်ဗာပူးလ်တို့က ခေါ်ယူဖို့ ပစ်မှတ်ထားနေတဲ့ ဟာလန်းရဲ့ အပြောင်းအရွှေ့ သတင်းတွေကတော့ ပီအက်စ်ဂျီ ကြယ်ပွင့် ကီလီယန် အန်ဘာပေးရဲ့ အပြောင်းအရွှေ့ ကောလဟလတွေနဲ့ အပြိုင် ဒီရက်ပိုင်းမှာ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတာပါ။ အသက် ၂၀ အရွယ်သာ ရှိသေးပေမယ့် ဂိုးတွေ မရပ်မနား သွင်းနေတဲ့ ဟာလန်းဟာ ဒေါ့မန်အတွက်  ပွဲကစားပြီး  ဂိုးအထိ သွင်းယူပေးထားသူလည်း ဖြစ်ပါတယ်။ ဟာလန်းရဲ့ အေးဂျင့် ရွိုင်းအိုလာ ကတော့ နော်ဝေသားရဲ့ ဖခင် အဲလ်ဖ် အင့်ဂ်နဲ့ အတူ ပြီးခဲ့တဲ့ ရက်သတ္တပတ်က  စပိန်နိုင်ငံကို ရောက်ရှိနေခဲ့ပြီး ဘာစီလိုနာ၊ ရီးရဲယ်မက်ဒရစ် တို့နဲ့ ညှိနှိုင်းမှုတွေ လုပ်ခဲ့တယ်လို့လည်း တိကျတဲ့ သတင်းအရင်းအမြစ်တွေက ဖော်ပြနေပါတယ်။
 
လစာပိုပေးမယ့် အသင်းသစ်ဆီ ပြောင်းရွှေ့ချင်နေတဲ့ ဒွန်နာရမ်မာ

အေစီမီလန် အသင်းဟာ ဂိုးသမား ဂီယန်လီဂီ ဒွန်နာရမ်မာကို တစ်နှစ်လုပ်ခ ပေါင် ၆.၈ သန်းတန် စာချုပ်သစ်နဲ့ ကမ်းလှမ်းဖို့ အဆင်သင့် ဖြစ်နေပေမယ့် ကစားသမား ကိုယ်တိုင်ကတော့ ပေါင် ၄ သန်း ပိုရမယ့် နောက်ထပ် အသင်းတစ်သင်းထံ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ အဲ့ဒီ အသက် ၂၂ နှစ် အရွယ် အီတလီ လက်ရွေးစင်ကိုတော့ ချဲလ်ဆီး၊ မန်ချက်စတာစီးတီး၊ ဂျူဗင်တပ်စ် နဲ့ ပီအက်စ်ဂျီတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် လက်ရှိအချိန်ထိတော့ တရားဝင်ကမ်းလှမ်းလာတာ မရှိသေးဘူးလို့ သိရပါတယ်။ စူပါအေးဂျင့် ရွိုင်းအိုလာ ကတော့ သူ့ရဲ့ ကစားသမား အတွက် တစ်နှစ်လုပ်ခ ပေါင် ၁၀.၂ သန်း တန်ကြေးရမှ စာချုပ်သက်တမ်းတိုးဖို့ အေစီမီလန် ဘက်ကို တောင်းဆိုထားပါတယ်။ အေစီမီလန်နဲ့ စာချုပ်သက်တမ်း ၃ လသာ ကျန်တော့တဲ့ ဒွန်နာရမ်မာကို ခေါ်ယူဖို့ ပီအက်စ်ဂျီအသင်းက တော်တော်လေး စိတ်ဝင်စားနေပြီး ကိုင်လာနားဗက်စ်နေရာမှာ ရေရှည်အစားထိုးဖို့ ခေါ်ယူချင်နေတာလည်း ဖြစ်ပါတယ်။ တချို့ သတင်းတွေ မှာ‌တော့ ဒွန်နာရမ်မာဟာ အေစီမီလန် အနေနဲ့ လာမယ့် ရာသီမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရမယ်ဆိုရင် အသင်းမှာပဲ ဆက်နေသွားဖို့ ရှိတယ်လို့လည်း ဖော်ပြကြပါတယ်။

 
အလကားရမယ့် ဘိုတန်းကို စိတ်ဝင်စားနေတဲ့ လန်ဒန်ကလပ်များ

လာမယ့် နွေရာသီမှာ ဘေယန်မြူးနစ် ကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရထားတဲ့ အသက် ၃၂ နှစ် အရွယ် ဂျာမန် ဗဟိုခံစစ်မှူးကိုတော့ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ ဒေးလီးမေးလ် က ဖော်ပြပါတယ်။ ဘေယန်မြူးနစ် နည်းပြ ဟန်ဆီဖလစ်ခ် အနေနဲ့ လိုက်ပ်ဇစ် နောက်ခံလူ အူပါမီကာနိုကို ပေါင် ၃၈.၅ သန်းနဲ့ ခေါ်ယူခဲ့ပြီး ဖြစ်တာကြောင့် ဘိုတန်း၊ အလာဘာတို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ပဲ ထွက်ခွာခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။ ဘိုတန်းဟာ ဘေယန်မြူးနစ်မှာ ပွဲပေါင်း ၃၅၀ ကျော်ကစားခဲ့ပြီး ဆုဖလား အောင်မြင်မှုများစွာ ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပြီး လက်ရှိမှာတော့ လွန်ခဲ့တဲ့ ၁၀ စုနှစ်တုန်းက ကစားခဲ့ဖူးတဲ့ ပရီးမီးယားလိဂ် မှာ တကျော့ပြန် ခြေချဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။
 
စံချိန်သစ်တွေလိုချင်လို့ ပရီးမီးယားလိဂ်မှာပဲ ဆက်ကစားချင်နေတဲ့ အဂွဲရိုး

မန်ချက်စတာစီးတီးကနေ ထွက်ခွာဖို့ တရားဝင်ထုတ်ဖော်ပြောကြားထားတဲ့ ဆာဂျီယို အဂွဲရိုးကို ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဘာစီလိုနာ၊ ရီးရဲယ်မက်ဒရစ်၊ ပီအက်စ်ဂျီတို့က အပြိုင်ကမ်းလှမ်းဖို့ ပြင်ဆင်နေပေမယ့် အဂွဲရိုးဟာ အင်္ဂလန်ကလပ် တစ်ခုမှာပဲ ထပ်ပြီး အခြေချကာ ပရီးမီးယားလိဂ် မှတ်တမ်းသစ်တွေကို ထပ်မံ စိုက်ထူဖို့ အားသန်နေတယ်လို့ သိရပါတယ်။ အဂွဲရိုးဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ စတုတ္ထမြောက် သွင်းဂိုး အများဆုံး ကစားသမား ဖြစ်ပြီး ၁၈၁ ဂိုး သွင်းယူထားပါတယ်။ သူ့ရဲ့ အထက်မှာတော့ အန်ဒီကိုးလ်က ၁၈၇ဂိုး၊ ဝိန်းရူနီက ၂၀၈ ဂိုး၊ အလန်ရှီးယားကို သွင်းဂိုး ၂၆၀ အသီးသီးရရှိထားလို့ အဂွဲရိုးအနေနဲ့ အင်္ဂလန်မြေမှာ နောက်ထပ် ၃ နှစ်လောက် ထပ်ကစားပြီး အလန်ရှီးယားရဲ့ စံချိန်ကို မမှီခဲ့ရင်တောင် ရူနီရဲ့ စံချိန်ကို ကျော်ဖြတ်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။ ချဲလ်ဆီးကတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့တဲ့ တီမိုဗာနာ၊ ကိုင်ဟာဗက်ဇ် တို့ကြောင့် နောက်ထပ် တိုက်စစ်မှူး တစ်ဦးခေါ်ယူဖို့ အပူတပြင်း ရှာဖွေနေပြီး အာလင်းဟာလန်းကို ခေါ်ယူဖို့လည်း ကြိုးပမ်းနေဆဲ ဖြစ်ပါတယ်။

မန်ချက်စတာစီးတီးကနေ ထွက်ခွာဖို့ တရားဝင်ထုတ်ဖော်ပြောကြားထားတဲ့ ဆာဂျီယို အဂွဲရိုးကို ပရီးမီးယားလိဂ် ကလပ် ချဲလ်ဆီးက ခေါ်ယူမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
လက်ရှိ ပရီးမီးယားလိဂ်ရဲ့ စတုတ္ထသွင်းဂိုး အများဆုံးကစားဖြစ်တဲ့ အဂွဲရိုး

မက်ဆီကို ခေါ်ဖို့ စိတ်မကုန်သေးတဲ့ စီးတီး

မန်ချက်စတာစီးတီး ကတော့ ဘာစီလိုနာ တိုက်စစ်မှူး လီယွန်နယ် မက်ဆီကို ခေါ်ယူဖို့ အခုထိ လက်မလျှော့သေးပဲ မက်ဆီသာ ဒီနွေရာသီမှာ အသင်းကို စွန့်ခွာခဲ့မယ်ဆိုရင် ခေါ်ယူဖို့ အဆင့်သင့်ပဲလို့ ပြောကြားထားပါတယ်။ မက်ဆီနဲ့ ဘာစီလိုနာတို့ရဲ့ စာချုပ်သက်တမ်းဟာ ရက်ပေါင်း ၈၀ ကျော်သာ ကျန်ရှိတော့တာ ဖြစ်ပြီး စပိန် ပြင်ပ ကလပ်အသင်းတွေဟာ ပုဂ္ဂိုလ်ချင်း သဘောတူညီမှုနဲ့ နွေရာသီ အပြောင်းအရွှေ့မတိုင်ခင် ဇန်နဝါရီလ ကတည်းက အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရှိတယ်လို့လည်း သိရပါတယ်။ ကတ်တာလန်ကလပ် ဘက်ကတော့ အသက် ၃၂ နှစ်အရွယ် အာဂျင်တီးနား အသင်းခေါင်းဆောင်ကို စာချုပ်သက်တမ်း တိုးချင်ပေမယ့် မက်ဆီ ကတော့ အခုထိ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ မချရသေးဘူးလို့ သိရပါတယ်။ မန်စီးတီးဟာ တိုက်စစ်မှူး အဂွဲရိုး မရှိတော့တဲ့နောက် ဂါဘရီရယ် ဂျီဆုစ်ဟာလည်း ထိပ်တန်း ကစားသမား အဆင့်ကို ရောက်မလာတာကြောင့် ချန်ပီယံလိဂ် မှာ အောင်မြင်မှုရဖို့ မက်ဆီကို အသည်းအသန် ခေါ်ယူချင်နေတာဖြစ်ပါတယ်။ မက်ဆီအနေနဲ့ မန်ချက်စတာစီးတီးကိုသာ ပြောင်းရွှေ့ခဲ့မယ် ဆိုရင် ဆရာဟောင်း ပပ်ဂွာဒီယိုလာနဲ့ တဖန် လက်တွဲခွင့်ရမှာ ဖြစ်ပြီး မြင့်မားတဲ့ လုပ်ခလစာအပြင် အသင်းက ထွက်ခွာချိန်မှာလည်း အမေရိကန် မေဂျာလိဂ်ကလပ် နယူးယော့ခ်စီးတီး အသင်းမှာ ထပ်မံသွားရောက် ကစားခွင့်ရမှာ ဖြစ်ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်