နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အက်တလက်တီကို ကို ဒုက္ခပေးဦးမယ့် ဆီဗီလာ- လာလီဂါ ပွဲကြိုသုံးသပ်ချက်

ဆီဗီလာ – အက်တလက်တီကို မက်ဒရစ်

လာလီဂါ ပွဲစဉ် ၂၉ လက်ကျန်ပွဲစဉ် တစ်ပွဲကတော့ လာမယ့် ဧပြီလ ၅ ရက်နေ့ တနင်္လာနေ့ မနက် အစောပိုင်းမှာ ကစားဖို့ ရှိပြီး ဆီဗီလာနဲ့ အက်တလက်တီကို မက်ဒရစ်တို့ ကစားရမှာ ဖြစ်ပါတယ်။ လက်တလော လာလီဂါ အမှတ်ပေးဇယား ကို ဦးဆောင်နေတဲ့ အက်တလက်တီကို မက်ဒရစ် အတွက်ကတော့ ခက်ခဲတဲ့ ပွဲစဉ် တစ်ပွဲ ဖြစ်နေပြီး အမှတ်မလျော့ဖို့ သေချာ အာရုံစိုက် ကစားဖို့ လိုအပ်နေပါတယ်။

 
ဆီဗီလာ တို့ နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၂ ပွဲမှာ နိုင်ပွဲတွေ ပြန်ရှာထားနိုင်ပြီး လက်ရှိ အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ ဆီဗီလာ ရဲ့ လက်ရှိ အခြေအနေ က အဆင့် ၃ နေရာက ရီးရဲယ်မက်ဒရစ်နဲ့ ၅ အမှတ်တော်တော်လေး ကွာဟနေသလို အဆင့် ၅ နေရာက ဗီလာရီးရဲယ်ကိုလည်း ၉ မှတ်အထိ ဖြတ်ထားနိုင်လို့ ဖိအားကင်းကင်းနဲ့ ကစားလို့ရနေပါတယ်။ ချန်ပီယံလိဂ် မှာ ဒေါ့မန်ကို နှစ်ကျော့ပေါင်း ၅-၄ နဲ့ ရှုံးနိမ့်ပြီး လက်ပြနှုတ်ဆက်ခဲ့ရပြီ ဖြစ်သလို ကိုပါဒယ်ရေးကနေလည်း ထွက်ခွာသွားရပြီ ဖြစ်တဲ့ ဆီဗီလာတို့ လာလီဂါမှာ ရလဒ်ကောင်းဖို့ ပြင်ဆင်ရတော့မှာ ဖြစ်ပါတယ်။ ဆီဗီလာရဲ့ နောက်ဆုံး ၅ ပွဲ ရလဒ်ကို ကြည့်မယ်ဆိုရင်  ၂ ပွဲနိုင်၊ ၂ ပွဲသရေ၊ ၁ ပွဲရှုံးထားပေမယ့် ခြေစွမ်းကတော့ တော်တော်လေး မာကျောနေပါတယ်။ ဆီဗီလာရဲ့ အားသာချက်က အိမ်ကွင်းမှာဆိုရင် ခံစစ်က ကျစ်လျစ်လွန်းပြီး တိုက်စစ်ကလည်း ဂိုးရအောင် ကစားနိုင်တာ ဖြစ်လို့ အက်တလက်တီကို မက်ဒရစ် အတွက်ကတော့ နောက်ထပ်စာမေးပွဲ တစ်ခုပါပဲ။ ဆီဗီလာရဲ့ ဒီရာသီ လာလီဂါ အိမ်ကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် ရှုံးပွဲ ၃ ပွဲသာ ရှိထားပြီး သရေ ၁ ပွဲ၊ နိုင်ပွဲ ၁၀ ပွဲအထိ ရရှိထားလို့ အားရစရာကောင်းနေပါတယ်။

လာလီဂါအမှတ်ပေးဇယားထိပ်ဆုံးကနေအမှတ်ဖြတ်ဦးဆောင်ထားနိုင်တဲ့အက်တလက်တီကိုမက်ဒရစ်တို့လက်ရှိမှာတော့ရီးရဲယ်မက်ဒရစ်၊ဘာစီလိုနာတို့ရဲ့တောက်လျောက်ဖိအားပေးမှုကိုခံနေရပါပြီ။
လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ အက်တလက်တီကို မက်ဒရစ်

လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံး ကနေ အမှတ်ဖြတ်ဦးဆောင် ထားနိုင်တဲ့ အက်တလက်တီကို မက်ဒရစ်တို့ လက်ရှိမှာတော့ ရီးရဲယ်မက်ဒရစ်၊ ဘာစီလိုနာ တို့ရဲ့ တောက်လျောက် ဖိအားပေးမှုကို ခံနေရပါပြီ။ တချို့ပွဲစဉ်တွေမှာ မထင်မှတ်ပဲ ခြေချော်ခဲ့တဲ့ အက်တလက်တီကို မက်ဒရစ်တို့ ဆီဗီလာ နဲ့ တွေ့ဆုံမှုတိုင်းမှာ အခက်တွေ့ခဲ့လို့ အခုတစ်ကြိမ်မှာလည်း သတိထားပြီးတော့ ကစားရပါလိမ့်မယ်။ ဒဏ်ရာရ/ပွဲပယ် လူစာရင်းကို ကြည့်မယ်ဆိုရင်လည်း ဂျာအိုဖီးလစ်၊ မူဆာ ဒမ်ဘီလီတို့ ဒဏ်ရာရရှိနေတဲ့ အပြင် ကာရက်စကိုကလည်း အနီကတ်ပစ်ဒဏ်ကြောင့် ပါဝင်လာနိုင်မှာ မဟုတ်လို့ နည်းပြ ဆီမြွန်နီ အတွက်ကတော့ စိတ်ပျက်စရာပါပဲ။ ဒါပေမယ့် လူးဝစ် ဆွာရက်ဇ်၊ သောမက်စ်လီမာ၊ ကိုကီ၊ ဆာဗစ်၊  ဂျင်မီနက်ဇ် တို့လို ကစားသမားကောင်းတွေတော့ ရှိနေပါသေးတယ်။ အက်တလက်တီကို မက်ဒရစ်တို့ ဒီရာသီ လာလီဂါမှာ အဝေးကွင်း ရှုံးပွဲ တစ်ပွဲသာ ရှိထားလို့ အားရစရာတော့ အပြည့်ပါပဲ။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

ဆီဗီလာနဲ့ အက်တလက်တီကို မက်ဒရစ်တို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှု ၄၈ ကြိမ်မှာ ဆီဗီလာတို့ ၁၆ ကြိမ် အနိုင်ရပြီး အက်တလက်တီကို မက်ဒရစ်တို့ ၁၇ ကြိမ် အနိုင်ရထားပါတယ်။ နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှုမှာတော့ အက်တလက်တီကို မက်ဒရစ်က အိမ်ကွင်းမှာ ၂-၀ ရလဒ်နဲ့ အနိုင်ရထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ဆီဗီလာ – အက်တလက်တီကို မက်ဒရစ် 1X2 ဆီဗီလာ @ ၂.၉၀ ဆ
ဧပြီလ ၅ရက်, မနက်၁:၃၀ နာရီ (GMT + ၆:၃၀)

1X2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက် ၂.၉၀ ဆနဲ့ဧည့်သည်အသင်းအတွက်၂.၇၀ ဆကြေးဖွင့်ပြီးသရေအတွက် ၃.၀၀ ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။လက်ရှိ ခြေစွမ်းအရ ဆီဗီလာတို့ ကစားပုံက ပိုပြီး တည်ငြိမ်နေပါတယ်။ အက်တလက်တီကို အဓိက ကစားသမားအချို့ ဒဏ်ရာ ရရှိနေမှုနဲ့ အတူ ဆီဗီလာကွင်းမှာ အနိုင်ရဖို့ တော့ ရုန်းကန်ရဦးမှာပါ။ အိမ်ရှင်တို့ပဲ ၃ မှတ် အပြည့်ရသွားဖို့များပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်