နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ဘူဂေးလ်ရီးယားကို ၂ ဂိုးပြတ် အနိုင်ရပြီး ပြိုင်ပွဲစုံ ရှုံးပွဲမရှိ စံချိန် ဆက်ထိန်းတဲ့ အီတလီ – ကမ္ဘာ့ဖလား ပွဲပြီးသုံးသပ်ချက်

ဘူလ်ဂေးရီးယား ၀ – ၂ အီတလီ

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလား ဥရောပဇုန် ခြေစစ်ပွဲ အုပ်စု (ဂ) ပွဲစဉ် တစ်ပွဲမှာတော့ အီတလီတို့ ဘူဂေးလ်ရီးယားကို အဝေးကွင်းမှာ ၀-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။ အီတလီတို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ ကတည်းက ပြိုင်ပွဲစုံ ရှုံးပွဲလုံးဝ မရှိသေးတဲ့အပြင် ပေးဂိုး လုံးဝမရှိပဲ ၅ ပွဲဆက် နိုင်ပွဲ ဆက်ခဲ့ပြီး ကမ္ဘာ့ဖလား ခြေစစ်ပွဲ ဥရောပဇုန် အုပ်စု(ဂ) ကို ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။

နည်းပြရောဘတ်တို မန်ချီနီအနေနဲ့ ကမ္ဘာ့ဖလား အပါအဝင် အဓိက ပြိုင်ပွဲကြီးတွေမှာ အောင်မြင်မှု ဝေးကွာနေမှုကို အဆုံးသတ်ဖို့ အတွက် အချိန်ယူပြင်ဆင်ထားခဲ့ပြီး လက်ရှိမှာလည်း အီတလီ ရဲ့ စွမ်းဆောင်ရည်က အားရစရာအပြည့်ပါပဲ။
အုပ်စု (ဂ)ရဲ့နောက်ဆုံးနေရာမှာ ရပ်တည်နေတဲ့ ဘူလ်ဂေးရီးယား

အီတလီ နည်းပြ ရော်ဘတ်တို မန်ချီနီ အနေနဲ့ ပြီးခဲ့တဲ့ မြောက်အိုင်ယာလန်နဲ့ ပွဲတုန်းက ပွဲထွက်လူစာရင်း ကို တော်တော်များများ အပြောင်းလဲ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ အဓိက တိုက်စစ်မှူး အင်မိုဘီလီကို အနားပေးခဲ့ပြီး ဘယ်လော့တီ ပါဝင်လာခဲ့သလို ခီယေဇာ၊ အင်ဆစ်ဂနီ၊ ဆန်ဆီ၊ စပင်နက်ဇ်ဇိုလာ၊ အကာဘီတို့လို ကစားသမားတွေကို ပွဲထွက်ကစားစေခဲ့ပါတယ်။ ဘူဂေးလ်ရီးယားကတော့ ပထမပွဲမှာ ဆွစ်ဇာလန်ကို အိမ်ကွင်းမှာ ဂိုးပြတ် ရှုံးနိမ့်ထားလို့ အခုပွဲမှာ အတတ်နိုင်ဆုံး ဂိုးမပေးရရေးအတွက် ဦးတည်ကစားခဲ့သလို ၃-၅-၂ ကစားပုံနဲ့ အီတလီကို ရင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အသင်းကြီးနဲ့ အသင်းငယ်တွေ့ဆုံမှု ဖြစ်ခဲ့လို့ ပွဲက တစ်ဖက်သတ်ဆန်ခဲ့ပါတယ်။ ဘူဂေးလ်ရီးယားတို့ အီတလီရဲ့ ထိုးဖောက်မှုကို ကြံကြံခံနေရင်းမှာပဲ ပွဲချိန် ၄၃ မိနစ်မှာ အီတလီ ကို ဦးဆောင်ဂိုးပေးခဲ့ရပါတော့တယ်။ ဒီဂိုးကိုတော့ တိုက်စစ်မှူး ဘယ်လော့တီက သူ့ကြောင့်ရတဲ့ ပင်နယ်တီကို သူကိုယ်တိုင်ပဲ အမှားအယွင်းမရှိ ကန်သွင်းသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာ အီတလီတို့ ဘူဂေးလ်ရီးယား နောက်တန်းကို အကြိမ်ကြိမ် ဖိအားပေး ခြိမ်းခြောက်ခဲ့ပေမယ့် အိမ်ရှင်အသင်း ခံစစ်ရဲ့ ကျစ်လျစ်မှုကြောင့် ဂိုးထပ်မရပဲ ဖြစ်နေခဲ့ပါတယ်။ ဒါ့ကြောင့် မန်ချီနီ အနေနဲ့ ဒုတိယပိုင်းမှာ ဂိုးတွေ ထပ်ရဖို့ ဖလော်ရန်ဇီ အစား ဒီလော်ရန်ဇို၊ ဆန်ဆီ အစား လိုကိတ်တယ်လီ၊ ဘယ်လော့တီအစား အင်မိုဘီလီ၊ ခီယေဇာ အစား ဘာနက်ဒက်ချီ တို့ကို လူစားလဲခဲ့ပါတယ်။ ပွဲချိန် ၈၂ မိနစ်မှာတော့ အီတလီတို့ နောက်ထပ် သွင်းဂိုး ၁ ဂိုး ထပ်ရခဲ့ပြီး အင်ဆစ်ဂနီရဲ့ ပေးပို့မှုကနေ မန်နျူရယ်လိုကိတ်တယ်လီက သွင်းယူပေးခဲ့လို့ ၀-၂ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဒီနေ့ပွဲမှာ အီတလီတို့ တစ်ပွဲလုံး အတိုင်းအတာ အနေနဲ့ ဂိုးပေါက် ခြိမ်းခြောက်မှု ၂၂ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပေမယ့် ဘူဂေးလ်ရီးယားရဲ့ ခံစစ်ပိတ်ဆို့ကစားမှုကြောင့် ဂိုးပေါက်တည့်မှု ၆ ကြိမ်သာ ရှိခဲ့ပြီး သွင်းဂိုး ၂ ဂိုးသာ ရရှိခဲ့တာ ဖြစ်ပါတယ်။ နည်းပြရောဘတ်တို မန်ချီနီအနေနဲ့ ကမ္ဘာ့ဖလား အပါအဝင် အဓိက ပြိုင်ပွဲကြီးတွေမှာ အောင်မြင်မှု ဝေးကွာနေမှုကို အဆုံးသတ်ဖို့ အတွက် အချိန်ယူပြင်ဆင်ထားခဲ့ပြီး လက်ရှိမှာလည်း အီတလီ ရဲ့ စွမ်းဆောင်ရည်က အားရစရာအပြည့်ပါပဲ။ တိုက်စစ်ပိုင်း လိုအပ်ချက် တချို့ရှိနေသေးတယ် ဆိုပေမယ့် ခံစစ်ကတော့ အစဉ်အလာအတိုင်း ပြန်ပြီး ကျစ်လျစ်လာခဲ့တာ ပြီးခဲ့တဲ့ ၅ ပွဲဆက် ပေးဂိုးလုံးဝမရှိခဲ့တာက သက်သေပါပဲ။ ဘူဂေးလ်ရီးယား ကတော့ ကမ္ဘာ့ဖလား ခြေစစ်ပွဲ ၂ ပွဲကစားပြီးချိန်မှာ ၂ ပွဲစလုံး ရှုံးနိမ့်ထားလို့ အုပ်စုအောက်ဆုံးမှာ ရပ်တည်နေခဲ့ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အီတလီတို့ လာမယ့် ဧပြီလ ၁ ရက်နေ့မှာ လစ်သူရေးနီးယားနဲ့ ကစားရမှာ ဖြစ်လို့ တော်တော်လေး ပွဲချောင်နေပြီး ဘူဂေးလ်ရီးယားကကတော့ မြောက်အိုင်ယာလန်နဲ့ ကစားရမှာဖြစ်တာကြောင့် ပထမဦး ရမှတ် ရှာဖွေနိုင်ဖို့ မျှော်လင့်လာပါလိမ့်မယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်