နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အတ္တလန်တာကို သက်တောင့်သက်သာ အနိုင်ယူပြီး ကွာတားဖိုင်နယ် တက်ခဲ့တဲ့ ရီးရဲယ်မက်ဒရစ် – ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

ရီးရဲယ်မက်ဒရစ် ၃ – ၁ အတ္တလန်တာ

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်မှာတော့ ရီးရဲယ်မက်ဒရစ်တို့ အတ္တလန်တာကို ၃-၁ ရလဒ်နဲ့ ထပ်မံအနိုင်ရပြီး နှစ်ကျော့ပေါင်း ၄-၁ နဲ့ နောက်တစ်ဆင့်ကို တက်ရောက်သွားခဲ့ပါပြီ။ ဒီပွဲမှာတော့ ရီးရဲယ်မက်ဒရစ် တို့ ပုံစံကောင်းတစ်ခုနဲ့အတူ အဆုံးသတ်သေချာမှုတွေကြောင့် အီတလီကလပ်ကို ဂိုးပြတ် အနိုင်ရသွားခဲ့တာဖြစ်ပြီး ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို ၈ နှစ်ဆက်တိုက် တက်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ ရီးရဲယ်မက်ဒရစ် တို့ ၃-၅-၂ ကစားပုံနဲ့ ပွဲထွက်လာခဲ့ပြီး တိုက်စစ်မှာ ကယ်ရင် ဘင်ဇီမာ၊ ဗင်နီးစီးယပ်စ် ဂျူနီယာ၊ ကွင်းလယ်မှာ လူးကပ်စ် ဗက်စ်ကွက်၊ မိုဒရစ်၊ ဗယ်ဗာဒီ၊ တိုနီခရူးစ်၊ မန်ဒီ၊ နောက်တန်းမှာ ဗာရန်း၊ ရာမို့စ်၊ ဖာနန်ဒက်စ်၊ ဂိုးမှာတော့ ထုံးစံအတိုင်း သီဘောက် ကော့တွိုက်စ်ကို အသုံးပြုခဲ့ပါတယ်။ အတ္တလန်တာ ဘက်မှာလည်း မူရီရယ်၊ ပါဆာလစ်၊ မယ်လင်နော့ဗ်စကီး၊ ပက်ဆီနာ၊ ဂိုဆန်စ် တို့လို့ ကစားသမားတွေ ပါဝင်လာခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ်တို့ ပထမအကျော့တုန်းက အီတလီမြေမှာ ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့လို့ နောက်တစ်ဆင့်တက်ဖို့ သိပ်မသေချာခဲ့ပေမယ့် အခုပွဲမှာ အိမ်ကွင်းအားသာချက်နဲ့ အတူ အမှားအယွင်း ကင်းကင်းနဲ့ အနိုင်ကစားသွားခဲ့တာ တွေ့ရပါတယ်။ ရီးရဲယ်မက်ဒရစ် အတွက် အနိုင်ဂိုးတွေကိုတော့ တိုက်စစ်က ကယ်ရင် ဘင်ဇီမာ၊ ဆာဂျီယို ရာမို့စ်၊ မာကို့စ် အက်ဆန်စီရိုတို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး အတ္တလန်တာတို့ အတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ မူရီရယ်က ၈၃ မိနစ်အရောက်မှာ သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အတ္တလန်တာတို့ မနှစ်က ချန်ပီယံလိဂ် မှာ ဆီမီးဖိုင်နယ် အဆင့်ထိ တက်ရောက်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ၁၆ သင်း အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပြီလည်း ဖြစ်ပါတယ်။
အခုနှစ် ပြိုင်ပွဲစုံ အရပ်ရပ်မှာ ရုန်းကန်နေရတဲ့ အတ္တလန်တာ

ပွဲပြီးသုံးသပ်ချက်

ရီးရဲယ်မက်ဒရစ်တို့ အခုပွဲမှာ တိုက်စစ်က ကယ်ရင်ဘင်ဇီမာ တော်တော်လေး ခြေစွမ်းပြနိုင်ခဲ့ပြီး အခွင့်အရေး ၂ ကြိမ် ဖန်တီးပေးပြီး ဂိုးပေါက်ကန်ချက် ၃ ကြိမ်မှာ ၁ ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။ ကွင်းလယ်က မိုဒရစ်အနေနဲ့လည်း တိကျတဲ့ပေးပို့မှု ၈၉ ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ အတ္တလန်တာ ကတော့ ဒုတိယအကျော့မှာ ရီးရဲယ်မက်ဒရစ်ကို အနိုင်ယူကျော်ဖြတ်ဖို့ အကောင်းဆုံး ပြင်ဆင်လာခဲ့ပြီး တကယ်တမ်းမှာလည်း ပြိုင်ဘက် နောက်တန်းကို အလုပ်ရှုပ်စေနိုင်ခဲ့ပါတယ်။ ဒါပေမယ့် တိုက်စစ်မှူးတွေရဲ့ အဆုံးသတ် မသေချာမှုကြောင့် ရှုံးနိမ့်ခဲ့ရတာဆိုလည်း မမှားပါဘူး။ အတ္တလန်တာတို့ မနှစ်က ချန်ပီယံလိဂ် မှာ ဆီမီးဖိုင်နယ် အဆင့်ထိ တက်ရောက်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ၁၆ သင်း အဆင့်နဲ့ပဲ ကျေနပ်ခဲ့ရပြီလည်း ဖြစ်ပါတယ်။

 

လာမယ့်ပွဲစဉ်များ

ရီးရဲယ်မက်ဒရစ်တို့ လာမယ့် မတ်လ ၂၀ ရက်နေ့မှာ ဆဲလ်တာဗီဂိုနဲ့ လာလီဂါ ပွဲစဉ် ကစားဖို့ရှိပြီး အတ္တလန်တာ ကတော့ ဟဲလက်စ် ဗီရိုနာနဲ့ စီးရီးအေ ပွဲစဉ်ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်