နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အသက်မဲ့နေတဲ့ တိုက်စစ်၊ အမှားများနေဆဲ ခံစစ်ကြောင့် နှစ်ပွဲဆက် ရှုံးပွဲတွေ့ခဲ့တဲ့ အာဆင်နယ် – ပရီးမီးယားလိဂ် ပွဲကြိုသုံးသပ်ချက်

အက်စတွန်ဗီလာ ၁ – ၀ အာဆင်နယ်

မနေ့ညနေက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ အက်စတွန်ဗီလာတို့ အိုလီဝက်ကင်န်စ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အာဆင်နယ်ကို အနိုင်ရရှိသွားခဲ့ပါတယ်။ အာဆင်နယ်တို့ ဂိုးစောစောစီးစီး ပေးခဲ့ရပေမယ့် ချေပဂိုး ပြန်လည်ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့တာကြောင့် အခုနှစ် ပရီးမီးယားလိဂ် ၂ ကျော့စလုံး အက်စတွန်ဗီလာကို အရှုံးပေးခဲ့ရတာလည်း ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဝုဗ်နဲ့ ပွဲမှာ အငြင်းပွားဖွယ် အနီကတ်ပြစ်ဒဏ်နဲ့ အတူ မထင်မှတ်ပဲ ရှုံးပွဲတွေ့ခဲ့ရတဲ့ အာဆင်နယ်တို့ အခုပွဲမှာ လာကာဇက်၊ ပေပေ၊ ဆာကာ၊ စမစ်ရိုးဝ်၊ ရှာကာ၊ ပါတေး၊ ဆွာရက်စ်၊ ဂါဘရီရယ်၊ ဟိုးလ်ဒင်း၊ ဘယ်လာရင်၊ မတ်ရိုင်ယန်တို့နဲ့ ပွဲထွက်လာပြီး နိုင်ပွဲ ပြန်ရှာဖို့ ကြိုးပမ်းခဲ့တာတွေ့ရပါတယ်။ အက်စတွန်ဗီလာ ဘက်မှာလည်း တိုက်စစ်မှာ အိုလီဝက်ကင်န်စ်၊ ထရာအိုရေး၊ ဘာကလေ၊ ဂရီးလစ်ရှ်၊ နာကမ်ဘာ၊ မက်ဂျင်း၊ ကတ်ရှ်၊ ကွန်ဆာ၊ တိုင်ရုန်းမင်းစ်၊ တာဂတ်၊ မာတီးနက်ဇ်တို့ ပါဝင်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း ပွဲစပြီး ၂ မိနစ် အကြာမှာတင် အက်စတွန်ဗီလာတို့ ဂိုးရရှိသွားခဲ့ပြီး အာဆင်နယ် နောက်ခံလူတွေရဲ့ အမှားကတစ်ဆင့် ထရာအိုရေးက ကြားဖြတ်ရယူပြီး ဝက်ကင်န်စ်က အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အက်စတွန်ဗီလာ ဂိုးသမား မာတီနက်ဇ် အနေနဲ့ ယခု ဘောလုံးရာသီမှာ အာဆင်နယ်နဲ့ နှစ်ကျော့စလုံးတွေ့ဆုံမှုမှာ နှစ်ပွဲစလုံး ပေးဂိုးမရှိ စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၅၉ မိနစ်မှာ တိုက်စစ်မှူး လာကာဇက်အစား အသင်းခေါင်းဆောင်တိုက်စစ်မှူး အော်ဘာမီယန်း ဝင်ရောက် ကစားပေမယ့် ခြေစွမ်းမပြနိုင်ခဲ့သလို တစ်ဖက် ဂိုးပေါက်ကို မခြိမ်းခြောက်နိုင်တော့တဲ့ အတွက် အာဆင်နယ်တို့ တိုက်စစ်က ပိုပြီး အသက်မဲ့သွားခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် အက်စတွန်ဗီလာနဲ့ ပထမအကျော့မှာ ဒဏ်ရာရခဲ့တဲ့ သောမက်စ်ပါတေး အနေနဲ့ အခုပွဲရဲ့ ၇၄  မိနစ်မှာ ဒဏ်ရာထပ်ရသွားခဲ့တာကြောင့် ဝီလျံ နဲ့ လူစားလဲခဲ့ရပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

အခုပွဲ အပြီးမှာ အာဆင်နယ်တို့ ရမှတ် ၃၁ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ဆက်လက်ရပ်တည်နေခဲ့ပြီး အက်စတွန်ဗီလာကတော့ အဆင့် ၈ နေရာကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ရပ်တည်နေတဲ့ အာဆင်နယ်

အခုပွဲမှာ အာဆင်နယ်အတွက် အကောင်းဆုံး ကစားသွားနိုင်ခဲ့သူကတော့ ဂိုးသမားသစ် မတ်ရွိုင်ယန် တစ်ဦးတည်း ရှိပါတယ်။ လန်နိုမပါလာတဲ့ အချိန်မှာ အသင်းအတွက် အကောင်းဆုံး ပေးဆပ် ကာကွယ်မှုတွေ ပြုလုပ်သွားနိုင်ခဲ့တာ တွေ့ရပြီး ခေါ်ယူမှု မှန်ကန်ခဲ့တယ်လို့ပဲ ဆိုရပါမယ်။ မတ်ရွိုင်ယန်သာ မကယ်ရင် အာဆင်နယ်ဘဝက ကြေကွဲဖွယ် ဂိုးပြတ်ရှုံးပွဲ ဖြစ်ရဦးမှာပါ။ ကျန်ကစားသမား ၁၀ ဦးအပြင် လူစားလဲတဲ့ ကစားသမားတွေရဲ့ ခြေစွမ်းက လုံးဝမစွံခဲ့သလို အာဆင်နယ် အနေနဲ့ ဘရာဇီးလ်သားတွေကို အသုံးပြုတာ ရပ်တန်းကတောင် ရပ်သင့်နေပါပြီ။ အက်စတွန်ဗီလာ ကတော့ အာဆင်နယ်ကို ပရီးမီးယားလိဂ် ပထမအကျော့မှာရော၊ ဒုတိယအကျော့မှာ အကောင်းဆုံး ရင်ဆိုင်သွားခဲ့တယ်ဆိုတာ ပွဲပြီး အချက်အလက်တွေ ကြည့်ပြီးတောင် သိနိုင်ပါတယ်။ တိုက်စစ်က အိုလီဝက်ကင်န်စ် အနေနဲ့ အာဆင်နယ်နဲ့ ကစားခဲ့တဲ့ နှစ်ကျော့ပေါင်း ၃ ဂိုး သွင်းနိုင်ခဲ့ပြီး သူ့ရဲ့ စွမ်းဆောင်ရည်ကတော့ အဂ်လန်လက်ရွေးစင် အသင်းနဲ့ ထိုက်တန်မှု ရှိနေပါပြီ။ နောက်ထပ် ချီးကျူးရမယ့် ကစားသမားတစ်ဦးကတော့ ဂျက်ဂရီးလစ်ရှ်ပါ။ သူ့ရဲ့ အတိုးအလှုပ်တွေ အခွင့်အရေး ဖန်တီးမှုတွေက အာဆင်နယ် ခံစစ်ကို တော်တော်လေး အလုပ်ရှုပ်စေခဲ့ပါတယ်။ အခုပွဲ အပြီးမှာ အာဆင်နယ်တို့ ရမှတ် ၃၁ မှတ်နဲ့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၀ နေရာမှာ ဆက်လက်ရပ်တည်နေခဲ့ပြီး အက်စတွန်ဗီလာကတော့ အဆင့် ၈ နေရာကို တက်လှမ်းသွားနိုင်ခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

အက်စတွန်ဗီလာတို့ လာမယ့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့ တနဂ်နွေနေ့မှာ ဘရိုက်တန် အိမ်ကွင်းကို သွားရောက် ကစားဖို့ရှိပြီး အာဆင်နယ် ကတော့ လိဒ်စ်ယူနိုက်တက်နဲ့ကစားဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်