နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

ခြေစွမ်းပိုကောင်းတဲ့ အေစီမီလန်ကို အားပေးကြမယ်- စီးရီးအေ ပွဲကြိုသုံးသပ်ချက်

အေစီမီလန်-အတ္တလန်တာ

လာမယ့် စနေနေ့ည မြန်မာစံတော်ချိန် ၁၁ နာရီခွဲမှာတော့ အေစီမီလန်နဲ့ အတ္တလန်တာတို့ ကစားမယ့် ပွဲစဉ်ရှိနေပြီးတော့ အခုတစ်ပတ် စီးရီးအေ ပွဲစဉ်တွေထဲက အကောင်းဆုံးပွဲ တစ်ပွဲလို့ ပြောရပါမယ်။လက်တလော စီးရီးအေ ကောင်းကင်ထက်မှာ ခပ်မြင့်မြင့် ပျံသန်းနေတဲ့ အေစီမီလန်တို့အတွက် အတ္တလန်တာနဲ့ တွေ့ဆုံမှုဟာ နောက်ထပ် စာမေးပွဲ တစ်ခု ဖြစ်လာနိုင်ပြီး အိမ်ရှင်တို့ ဘယ်လောက်အထိ စွမ်းဆောင်ပြနိုင်ဦးမလဲဆိုတာ စောင့်ကြည့်ရပါမယ်။

 
အေစီမီလန်တို့ နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ အပါအဝင် ပြိုင်ပွဲစုံ ၇ ပွဲမှာ ဂျူဗင်တပ်စ် တစ်သင်းတည်းကို ရှုံးနိမ့်ပြီး ကျန်ပွဲစဉ်တွေ အားလုံးမှာ အနိုင်ရရှိထားပါတယ်။ လက်တလော စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရပ်တည်နေပြီး ဒုတိယနေရာက မြို့ခံပြိုင်ဘက် အင်တာမီလန်ကို ၃ မှတ်ဖြတ် ဦးဆောင်ထားနိုင်ပါတယ်။ လက်တလော တိုက်စစ်က ဇလာတန် အီဗရာဟီမိုဗစ် ဒဏ်ရာက ပြန်လည်သက်သာလာပြီး အသင်းအတွက် ဂိုးတွေ သွင်းပေးနေလို့ အေစီမီလန်တို့ရဲ့ နိုင်ပွဲတွေ ဆက်နေခဲ့တာ ဖြစ်ပါတယ်။ အီဗရာဟီမိုဗစ် အပြင် အသင်းမှာ ရှိတဲ့ လူငယ်ကစားသမားတွေလည်း နားလည်မှု ရှိရှိ ဟန်ချက်ညီညီနဲ့ ကစားနေပြီး တိုက်စစ်က ဂိုးတွေ ရနေသလောက် ခံစစ်ကလည်း ပေးဂိုးတွေ မရှိသလောက် နည်းနေပါတယ်။ စီးရီးအေမှာ ၁၈ ပွဲကစားပြီး ၁၃ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၁ ပွဲရှုံးနိမ့်ကာ ရမှတ် ၄၃ မှတ်နဲ့ ရာသီဝက် ချန်ပီယံဖြစ်ဖို့ နီးစပ်နေခဲ့လို့ အခုပွဲမှာ သေချာအာရုံစိုက် ကစားလာပါလိမ့်မယ်။ အေစီမီလန်တို့ရဲ့ ဒီရာသီ အိမ်ကွင်းစွမ်းဆောင်ရည်ကတော့ ၉ ပွဲကစားရာမှာ ၅ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၁ ပွဲရှုံးထားပါတယ်။ ဒဏ်ရာရပွဲပယ် လူစာရင်းကို ကြည့်မယ်ဆိုရင်တော့ ချဟနောဂလူ၊ ဘန်နက်ဆာ၊ ဆယ်လီမေကာ၊ ရိုမန်ဂိုလီတို့ ရှိနေလို့ အေစီမီလန်တို့ အခုပွဲမှာ အနည်းငယ် အားနည်းနေနိုင်ပါတယ်။

ဒါပေမယ့်နောက်ဆုံးကစားခဲ့တဲ့စီးရီးအေပွဲစဉ်၂ပွဲဆက်နိုင်ပွဲပျောက်ဆုံးထားပြီးဂျီနိုအာနဲ့အူးဒီးနီးစ်တို့ကိုသရေကျထားပါတယ်။
စီးရီးအေ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ အတ္တလန်တာ

အတ္တလန်တာတို့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၂ ပွဲဆက်တိုက် ရှုံးပွဲလုံးဝမရှိပဲ သရေ ၅ ပွဲကျပြီး ၇ ပွဲအထိ အနိုင်ရထားပါတယ်။ ဒါပေမယ့် နောက်ဆုံးကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၂ ပွဲဆက် နိုင်ပွဲပျောက်ဆုံးထားပြီး ဂျီနိုအာနဲ့ အူးဒီးနီးစ်တို့ကို သရေကျထားပါတယ်။ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေပြီး ၁၈ ပွဲကစားရာမှာ ၉ ပွဲနိုင်၊ ၆ ပွဲသရေ၊ ၃ပွဲရှုံးနိမ့်ပြီး ရမှတ် ၃၃ မှတ်ရရှိထားပါတယ်။ လက်တလော အဆင့် ၃ နေရာက နာပိုလီ နဲ့ ၁ မှတ်ပဲ ကွာဟလို့ အတ္တလန်တာတို့ အခုပွဲမှာ သေချာအာရုံစိုက်ကစားလာနိုင်ပြီး တတ်နိုင်သမျှ ရမှတ် မဆုံးရှုံးနိုင်ဖို့ ကြိုးပမ်းလာပါလိမ့်မယ်။အတ္တလန်တာတို့ရဲ့ ဒီရာသီ အဝေးကွင်း စွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင်တော့ ၄ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၁ ပွဲရှုံးထားလို့ မဆိုးဘူးလို့ ဆိုရပါမယ်။
 

ထိပ်တိုက်တွေ့ဆုံမှုနဲ့သမိုင်းကြောင်း

အေစီမီလန်နဲ့ အတ္တလန်တာတို့ သမိုင်းတစ်လျှောက် ၃၆ ကြိမ် ထိပ်တိုက်တွေ့ဆုံခဲ့ပြီး အေစီမီလန်က ၁၄ ကြိမ် အနိုင်ရကာ အတ္တလန်တာက ၁၀ ကြိမ် ပြန်လည် အနိုင်ရထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်မှာတော့ အေစီမီလန်ကွင်းမှာ ၁-၁နဲ့ သရေကျထားပြီးတော့ အတ္တလန်တာ ကွင်းမှာတော့ အတ္တလန်တာတို့က ၅ ဂိုးပြတ်နဲ့ အနိုင်ရထားခဲ့ပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အေစီမီလန်-အတ္တလန်တာ 1X2 အိမ်ရှင် @ ၂.၆၂ဆ
ဇန်နဝါရီလ ၂၃ရက်, ည၁၁:၃၀နာရီ (GMT + ၆:၃၀)

1×2 ရဲ့ပေါက်ကြေးအရအိမ်ရှင်အသင်းအတွက်၂.၆၂ဆနဲ့ဧည့်သည်အသင်းအတွက်၃.၈၀ဆ ကြေးဖွင့်ပြီးသရေအတွက်၂.၄၅ဆကြေးဖွင့်ထားတာတွေ့ရပါတယ်။ ပေါက်ကြေးအရ ကြည့်မယ်ဆိုရင်တော့ သိပ်မကွာသလို လက်ရှိ ခြေစွမ်းပိုင်းအရလည်း သိပ်ပြီး မကွာပါဘူး။ ဒါပေမယ့် အမှတ်ပေးဇယား ထိပ်ဆုံးမှာ ဆက်လက်ရပ်တည်နိုင်ရေး အတွက် အမှားခံမှာ မဟုတ်တဲ့ အေစီမီလန် ဘက်မှာပဲ ရပ်တည်ချင်ပါတယ်။ ၂-၁ လောက်နဲ့ပဲ အေစီမီလန် ကပ်နိုင်သွားဖို့ များပါတယ်။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှု

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်