နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဘီလ်ဘာအိုကို အနိုင်ရရုံကစားပြီး ဗိုလ်လုပွဲ တက်မယ့် ရီးရဲယ်မက်ဒရစ် – စပိန်စူပါဖလား ပွဲကြိုသုံးသပ်ချက်

ရီးရဲယ်မက်ဒရစ် vs ဘီလ်ဘာအို

စပိန်စူပါဖလား ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ်အဖြစ် ရီးရဲယ်မက်ဒရစ်နဲ့ ဘီလ်ဘာအိုတို့ ယှဉ်ပြိုင်ကစားဖို့ ရှိနေပြီး SBOTOP ပရိသတ်တွေအတွက် ပွဲကြိုခန့်မှန်းသုံးသပ်ချက်တချို့ကို ဖော်ပြပေးသွားပါမယ်။ အခုပွဲစဉ်မှာတော့ လာလီဂါ ချန်ပီယံတို့ ကိုပါဒယ်ရေး ဗိုလ်လုပွဲ တက်ခဲ့တဲ့ ဘီလ်ဘာအိုနဲ့ ကစားရမှာ ဖြစ်ပေမယ့် ခြေစွမ်းပိုင်း ကွာဟချက်တွေရှိနေလို့ ရီးရဲယ်မက်ဒရစ်ပဲ နောက်တစ်ဆင့် တက်ရောက်သွားမယ်လို့ သုံးသပ်သူတွေက တညီတညွတ်တည်း ခန့်မှန်းနေကြ ပါတယ်။

ရီးရဲယ်မက်ဒရစ်ဟာ စပိန်စူပါဖလား ပြိုင်ပွဲမှာ ၁၂ ကြိမ်အထိ ဗိုလ်စွဲထားပြီး ဘာစီလိုနာပြီးရင် အအောင်မြင်ဆုံး အသင်းအဖြစ် ရပ်တည်နေပါတယ်။ လက်ရှိ ချန်ပီယံလည်း ဖြစ်ပြီး သရဖူကို ကာကွယ်ဖို့ အတွက် အခုပွဲမှာ ဘီလ်ဘာအိုကို ကျိန်းသေပါက် အနိုင်ကစားဖို့ အားထုတ်လာပါလိမ့်မယ်။ လာလီဂါမှာ ၈ ပွဲဆက် ရှုံးပွဲမရှိသေးသလို နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၉ ပွဲဆက် ရှုံးပွဲမရှိထားတာဆို ပိုမှန်ပါလိမ့်မယ်။ ရှုံးပွဲမရှိတဲ့ အပြင် နောက်ဆုံး ၉ ပွဲမှာ အလ်ချီ၊ အိုဆာဆူနာ နှစ်သင်းကိုပဲ သရေကျပြီး ကျန်ပွဲစဉ်တွေ အားလုံးကို အနိုင်ရထားပါတယ်။ ဒါပေမယ့် လက်ရှိ ခြေစွမ်းပိုင်းအရ ကြည့်မယ်ဆိုရင် ရီးရဲယ်မက်ဒရစ်တို့ အသင်းလိုက်ကစားပုံ အနည်းငယ် ပြန်ပျက်ချင်နေပါတယ်။ ၁ ဂိုးလောက်နဲ့ အနိုင်ရရုံနဲ့ နောက်တစ်ဆင့် တက်နိုင်မှာ ဖြစ်လို့ လူစာရင်းအပြည့်အစုံနဲ့ ပွဲထွက်လာပါ့မလားဆိုတာ စောင့်ကြည့်ရမှာပါ။ လက်ရှိ တိုက်စစ်မှာ ကယ်ရင် ဘန်ဇီမာ ဦးဆောင်ပြီး အက်ဆန်ဆီရို၊ ကတ်စီမီရို၊ လူးကပ်စ် ဗက်စကွက်စ်၊ မန်ဒီတို့ ပုံစံကောင်း ရနေပါတယ်။ ဟာဇက်လည်း ပါဝင်လာနိုင်ပြီး ခံစစ်မှာတော့ ဗာရန်း၊ ရာမို့စ် အတွဲကို အသုံးပြုလာဖွယ် ရှိပါတယ်။

ဘီလ်ဘာအို ကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၉ ရက်နေ့တုန်းက အက်တလက်တီကို မက်ဒရစ်နဲ့ ကစားရမယ့် ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့လို့ ကစားသမားတွေ အနားရနေပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၂ ပွဲရှုံးပြီး၊ ၁ ပွဲသရေကျထားလို့ အားရစရာတော့ သိပ်မရှိပါဘူး။ ဗီလာရီးရယ်၊ ဆိုစီဒက်၊ ဘာစီလိုနာ တို့လို ခြေစွမ်းကောင်းနေတဲ့ အသင်းတွေနဲ့ ကစားခဲ့ရပြီး ရမှတ်တွေဆုံးရှုံးထားခဲ့တာ ဖြစ်လို့ အခုပွဲမှာလည်း ရီးရဲယ်မက်ဒရစ်ကို ယှဉ်ကစားပြီး နောက်တစ်ဆင့် ကို တက်ရောက်နိုင်ဖို့ မျှော်လင့်နိုင်စွမ်း ရှိမနေပါဘူး။ အူနိုင်း လိုပက်ဇ်၊ ရီရေး အလ်ဗာရက်ဇ်တို့လို အဓိက ကစားသမားတွေ ဒဏ်ရာရနေတာကြောင့်လည်း ခက်ခဲနေဦးမှာပါ။ ဘီလ်ဘာအိုတို့ စပိန်စူပါဖလား အောင်မြင်မှုကတော့ ၁၉၅၁၊ ၁၉၈၅ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ချန်ပီယံ ဖြစ်ထားပါတယ်။

ဘီလ်ဘာအိုတို့ စပိန်စူပါဖလား အောင်မြင်မှုကတော့ ၁၉၅၁၊ ၁၉၈၅ နဲ့ ၂၀၁၆ ခုနှစ်တွေမှာ ချန်ပီယံ ဖြစ်ထားပါတယ်။
စပိန်စူပါဖလား ချန်ပီယံ ၃ ကြိမ် ဖြစ်ဖူးတဲ့ ဘီလ်ဘာအို

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ရီးရဲယ်မက်ဒရစ်နဲ့ ဘီလ်ဘာအိုတို့ သမိုင်းတစ်လျှောက် ၂၃၄ ကြိမ် ထိပ်တိုက်တွေ့ဆုံထားပြီး ရီးရဲယ်မက်ဒရစ်က ၁၁၆ အထိ အနိုင်ရထားပြီး ဘီလ်ဘာအိုက ၇၄ ကြိမ်ပဲ အနိုင်ရထားပါတယ်။ နောက်ဆုံး တွေ့ဆုံမှု ၈ ကြိမ်မှာတော့ ဘီလ်ဘာအိုကို ရီးရဲယ်မက်ဒရစ်တို့ တစ်ကြိမ်တစ်ခါမှ အရေးနိမ့်ထားခြင်းမရှိပဲ ၄ ပွဲနိုင်ပြီး ၄ ပွဲသရေကျထားပါတယ်။
 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
ရီးရဲယ်မက်ဒရစ် vs ဘီလ်ဘာအို 1X2 ရီးရဲယ်မက်ဒရစ် @ 1.66
ဇန်နဝါရီလ ၁၅ ရက်, ည ၂:၃၀နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၆၅ဆ နဲ့ ဧည့်သည်အသင်းအတွက် ၄.၇၅ဆ ကြေးဖွင့်ပြီး သရေ အတွက်  ၄.၀၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ လက်ရှိ ခြေစွမ်းအရ ရီးရဲယ်မက်ဒရစ်တို့ အနိုင်သေချာ‌နေပေမယ့် နိုင်ရုံလောက်ပဲ ကစားမှာ ဖြစ်လို့ သိပ်ပြီး အားစိုက်လာဖို့တော့ မရှိပါဘူး။ ရီးရဲယ်မက်ဒရစ်တို့ ၁ ဂိုး အသာလောက်နဲ့ အနိုင်ရဖို့များပါတယ်။ ခန့်မှန်းရလဒ်ကတော့ ၂-၁ ပါ။

ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် (??) များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက်
?? = €20 (ယုံကြည်ချက် အမြင့်ဆုံး) ?? = €10 (ယုံကြည်ချက်) ?? = €5 (ယုံကြည်ချက် အနည်းငယ် )

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်