ဂျူဗင်တပ်စ် ၃ – ၁ ဆာဆူအိုလို
မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၁၇ ရဲ့ နောက်ကျပွဲစဉ် တစ်ပွဲမှာတော့ ဂျူဗင်တပ်စ်တို့ ဆာဆူအိုလိုကို အိမ်ကွင်းမှာ ခက်ခက်ခဲခဲ ကစားပြီး အာရွန်ရမ်ဆေး၊ ရော်နယ်ဒိုတို့ရဲ့ နောက်ကျဂိုးတွေနဲ့ အတူ ၃-၁ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။ အခုပွဲအပြီးမှာ ဂျူဗင်တပ်စ်တို့ စီးရီးအေ အမှတ်ပေးဇယား အဆင့် ၄ နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး ဆာဆူအိုလို ကတော့ အဆင့် ၇ နေရာအထိ ကျဆင်းသွားခဲ့ပါတယ်။
နောက်ပိုင်း ပွဲစဉ်တွေမှာ အသင်းလိုက်ကစားပုံ ပြန်ကောင်းနေတဲ့ ဂျူဗင်တပ်စ်တို့ ခြေစွမ်းမာကျောတဲ့ ဆာဆူအိုလိုနဲ့ ကစားခဲ့ရမှာ ဖြစ်လို့ နည်းစနစ် အပြောင်းအလဲ တချို့သာ ပြုလုပ်ပြီး အဓိက ကစားသမား အများစုနဲ့ ပွဲထွက်လာခဲ့ ပါတယ်။ ဆာဆူအိုလိုကလည်း အဝေးကွင်းမှာ လာရောက်ကစားခဲ့ရပေမယ့်လည်း တိုက်စစ်အသားပေးတဲ့ ၄-၂-၃-၁ ကစားပုံနဲ့ပဲ ပွဲထွက်လာခဲ့ပြီး ဂျူဗင်တပ်စ် ဆီကနေ တတ်နိုင်သမျှ ရမှတ်ယူဖို့ ကြိုးပမ်းလာခဲ့တာ တွေ့ရပါတယ်။ ဒါ့ကြောင့် ပွဲစကတည်း ဂျူဗင်တပ်စ်တို့ ပြိုင်ဘက်ကို အသာစီးယူကစားဖို့ ကြိုးပမ်းခဲ့ပေမယ့် ထိရောက်တဲ့ ထိုးဖောက်မှုတွေ ပြုလုပ်နိုင်ခြင်းမရှိခဲ့ပဲ ပထမပိုင်းအပြီးမှာ ဂိုးမရှိသရေကျနေခဲ့ပါတယ်။ ပွဲအလှည့်အပြောင်း ဖြစ်စေခဲ့တာ ကတော့ ပထမပိုင်း ပြီးခါနီးမှာ ဆာဆူအိုလို ကွင်းလယ်လူ ပက်ဒရို အိုဘီရန် အနီကတ်ပြသခံရမှု ဖြစ်ပါတယ်။ လက်ကျန် ၄၅ မိနစ်ကို တစ်ယောက်လျော့နဲ့ ကစားခဲ့ရတဲ့ ဆာဆူအိုလိုတို့ ပွဲချိန် မိနစ် ၅၀ မှာတော့ ဂျူဗင်တပ်စ်ကို ဦးဆောင်ဂိုး စတင်ပေး လိုက်ရပါတော့တယ်။ ဒီဂိုးကိုတော့ ဒန်နီလိုက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ထပ် ၈ မိနစ်အကြာမှာ ဆာဆူအိုလိုတို့ ချေပဂိုးရသွားပြီး ဂျူဗင်တပ်စ်နောက်ခံလူတွေရဲ့ လူကပ်ပုံ ညံမှုကြောင့် ဒီဖရယ်က ဖောက်ထွက်ပြီး ချေပဂိုး သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် ဂျူဗင်တပ်စ်တို့ ကစားသမား တစ်ယောက်အသာနဲ့ ဆာဆူအိုလို ဘက်ကို တရစပ် ဖိအားပေးနေခဲ့ပေမယ့် ပြိုင်ဘက် အသင်းက ခံစစ်ပုံစံပြောင်းကစားခဲ့တာကြောင့် ဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမယ့် ပွဲချိန် ၈၂ မိနစ် အရောက်မှာတော့ ဖရာဘော့တာရဲ့ ဖန်တီပေးမှုကနေ ရမ်ဆေးက ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပါတယ်။ ဂိုးထပ်ပေးလိုက်ရပြီး နောက်ပိုင်း ဆာဆူအိုလိုတို့ ကစားအားကျသွားခဲ့ပြီး နာကျင် အချိန်ပို ၂ မိနစ်မှာ ရော်နယ်ဒိုက တတိယဂိုး သွင်းယူသွားခဲ့လို့ ပွဲအပြီးမှာ ဂျူဗင်တပ်စ်တို့ ၃-၁ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပါတယ်။
ပွဲပြီးသုံးသပ်ချက်
ဂျူဗင်တပ်စ်တို့ ရာသီအစမှာ ခြေစွမ်းပိုင်းယိမ်းယိုင်ခဲ့လို့ ရလဒ်တွေ ဆိုးရွားခဲ့ရတာကို ချေဖျက်ပြနေပါပြီ။ ရော်နယ်ဒိုရဲ့ ဦးဆောင်မှုနောက်မှာ လူငယ်ကစားသမားတွေ တစ်သင်းလုံးနီးပါး ခြေစွမ်းပြနေခဲ့လို့ နောက်ထပ် ဂိုးပြတ် နိုင်ပွဲ တစ်ပွဲကို ပိုင်ဆိုင်ခဲ့ရတာပါ။ ပြီးခဲ့တဲ့ ပွဲမှာတုန်းက တောင်ပံက ချီယေဆာ တောက်ပပြခဲ့ပြီး အခုပွဲမှာတော့ ဒန်နီလိုက ၁ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးပေးပြီး ဂျူဗင်တပ်စ်ကို နိုင်ပွဲရှာပေးခဲ့ပြန်ပါတယ်။ ဒီပွဲနဲ့ပတ်သတ်ပြီး နောက်ထပ် လူပြောများနေတဲ့ တစ်ချက်က ရော်နယ်ဒိုရဲ့ ခုန်အားပါ။ ဒီနေ့ပွဲမှာ သူခုန်ခဲ့တဲ့ အမြင့်က ဂိုးဘားတန်းထက်တောင် ကျော်လွန်ခဲ့တာ တွေ့ရပါတယ်။ ကစားသမားဘဝ တစ်လျှောက် သွင်းဂိုးပေါင်း ၇၅၉ ဂိုး ရှိလာခဲ့ပြီး အများဆုံး သွင်းယူထားတဲ့ ဂျိုးဆက်ဖ် ဘိုင်ကန်ရဲ့ စံချိန်နဲ့တူညီသွားခဲ့ပါပြီ။ နောက်ပြီး ၂၀၀၅-၂၀၀၆ စီးရီးအေ ဘောလုံးရာသီမှာ ၁၇ ပွဲကစားပြီး ၁၅ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ဂျူဗီတိုက်စစ်မှူးဟောင်း ဒေးဗစ် ထရက်ဇီဂတ်ရဲ့ စံချိန်ကိုလည်း လိုက်မှီခဲ့ပါတယ်။
လာမယ့်ပွဲစဉ်များ
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.