ဂျူဗင်တပ်စ် vs ဆာဆူအိုလို
လာမယ့် ဇန်နဝါရီလ ၁၁ ရက်နေ့ မနက် ၂ နာရီ ၁၅ မိနစ်မှာ ကစားမယ့် ဂျူဗင်တပ်စ်နဲ့ ဆာဆူအိုလို ပွဲစဉ်ကလည်း SBOTOP စီးရီးအေ ပရိသတ်တွေ အကြိုက်တွေ့မယ့် ပွဲကောင်းတစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ပွဲစဉ်မှာ ဂျူဗင်တပ်စ်တို့ အေစီမီလန်ကို ဂိုးပြတ် အနိုင်ရခဲ့ပြီး ခြေစွမ်းကောင်းတွေ ပြန်လည်ပြသထားနိုင်လို့ အခုပွဲမှာလည်း ဆာဆူအိုလိုကို အနိုင်ကစားပြီး ၃ မှတ်အပြည့်ယူနိုင်စွမ်းတော့ ရှိနေပါတယ်။
ဂျူဗင်တပ်စ်တို့ နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်မှာ စီးရီးအေ အမှတ်ပေးဇယား ထိပ်ဆုံးမှာ ရှုံးပွဲမရှိ ဦးဆောင်နေခဲ့တဲ့ အေစီမီလန် ကို ဆန်စီရိုထိ သွားပြီး ၁-၃ ရလဒ်နဲ့ ချေမှုန်းခဲ့ပါတယ်။ ဒါ့ကြောင့် အမှတ်ပေးဇယား အဆင့် ၅ နေရာအထိ ပြန်လည် တက်လှမ်းလာခဲ့ပြီး ထိပ်ဆုံးက အေစီမီလန်နဲ့ ၁ ပွဲလျော့ ၇ မှတ်အကွာ အနေအထားကို ပြန်လည် ရောက်ရှိလာခဲ့ပါပြီ။ ဂျူဗင်တပ်စ်ရဲ့ လက်တလော ခြေစွမ်းကို လေ့လာကြည့်မယ်ဆိုရင် ခရစ္စတီယာနို ရော်နယ်ဒို ပွဲတိုင်းနီးပါး ခြေစွမ်းပြနေပေမယ့် ရော်နယ်ဒို ထိန်းချုပ်ခံထားရတဲ့ ပွဲဆိုရင်လည်း လူငယ်ကစားသမားတွေက စွမ်းဆောင်ရည်ကောင်း တွေကို ပြသထားခဲ့တာ တွေ့ရပါတယ်။ ပြီးခဲ့တဲ့ပွဲမှာဆိုရင် တောင်ပံက ဖက်ဒရစ်ကို ချီယေဆာရဲ့ တောက်ပမှုတွေကို မြင်တွေ့ခဲ့ရပြီး မက်ကင်နီ၊ ဒီဘားလားတို့ကလည်း သူ့နေရာနဲ့သူ အမှားအယွင်းမရှိ ကစားနိုင်ခဲ့ကြပါတယ်။ ဂျူဗင်တပ်စ်တို့ရဲ့ နောက်ဆုံး ၅ ပွဲရလဒ်ကို ကြည့်မယ်ဆိုရင် ၃ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲ ရှုံးထားပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ အိမ်ကွင်း ပွဲစဉ် ၇ ပွဲမှာ ဖီအိုရင်တီးနားနဲ့ ပွဲ ၁ ပွဲသာ ရှုံးနိမ့်ထားပြီး ၄ ပွဲနိုင်၊ ၂ ပွဲ သရေကျထားပါတယ်။
ဆာဆူအိုလိုကတော့ အခုနှစ် စီးရီးအေ ရာသီအစမှာ နိုင်ပွဲတွေ ဆက်ခဲ့ပေမယ့် နောက်ပိုင်းပွဲစဉ်တွေမှာတော့ ခြေပြန်ကျသွားလို့ တစ်ပွဲနိုင်လိုက်၊ တစ်ပွဲရှုံးလိုက် ဖြစ်နေခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၅ ပွဲမှာ ၂ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၂ ပွဲရှုံးထားပါတယ်။ ဆာဆူအိုလို တို့ အသင်းငယ်တွေနဲ့ ကစားချိန်မှာဆိုရင် ခြေစွမ်းကောင်းသလောက် အသင်းကြီးတွေနဲ့ ကစားတဲ့ပွဲတွေ ဆိုရင်တော့ တော်တော်လေး ရုန်းကန်နေရပါတယ်။ ဂျူဗင်တပ်စ်နဲ့ ၁ မှတ်အကွာ အမှတ်ပေးဇယား အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး နောက်ဆုံးကစားခဲ့တဲ့ အဝေးကွင်း ပွဲစဉ် ၈ ပွဲမှာ ၅ နိုင်၊ ၂ ပွဲ သရေကျပြီး ၁ ပွဲသာ ရှုံးနိမ့်ထားလို့ စွမ်းဆောင်ရည် မဆိုးဘူးလို့ ပြောလို့ရပါတယ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း
သမိုင်းတစ်လျှောက် ထိပ်တိုက်တွေ့ဆုံမှု ၁၅ ကြိမ်မှာ ဂျူဗင်တပ်စ်က ၁၁ ကြိမ် အနိုင်ရပြီး ဆာဆူအိုလိုကတော့ ၂၀၁၃ ခုနှစ်က ၁ ကြိမ်ပဲ အနိုင်ပြန်ရထားပါတယ်။ ပြီးခဲ့တဲ့ ရာသီက ထိပ်တိုက်တွေ့ဆုံမှု ၂ ကြိမ်စလုံးမှာတော့ ၂-၂၊ ၃-၃ ရလဒ်တွေနဲ့ သရေကျထားခဲ့ပါတယ်။
လောင်းကစားဆိုင်ရာအကြံပြုချက်များ
ဂျူဗင်တပ်စ် vs ဆာဆူအိုလို | 1X2 ဂျူဗင်တပ်စ် @ 1.36 | |
ဇန်နဝါရီလ ၁၁ ရက်, ည ၂:၁၅နာရီ (GMT + ၆:၃၀) |
1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၁.၃၃ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၈.၀၀ ကြေးဖွင့် ပြီး သရေအတွက် ၅.၅၀ ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဂျူဗင်တပ်စ်တို့ ပြီးခဲ့တဲ့ ၂ ပွဲဆက် နိုင်ပွဲ ပြန်ရထားလို့ စိတ်ဓာတ်ပိုင်းဆိုရင် ပြန်တက်နေပါလိမ့်မယ်။ အသင်းလိုက်ကစားပုံလည်း ပြန်ကောင်းနေလို့ ဆာဆူအိုလို ကို အနိုင်ယူ နိုင်စွမ်းတော့ ရှိနေပါတယ်။ ဒါပေမယ့် ဂိုးပြတ်ဖို့တော့ မရှိပါဘူး။ ဂျူဗင်တပ်စ်တို့ အမှတ်ရမယ့် ပွဲပါ။
ကျွန်ုပ်တို့၏ လောင်းကစားအတွက် သက်မှတ်ထားသည့် () များသည်မည်မျှ တန်ဘိုးရှိကြောင်း ရှင်းလင်းချက် | |||
---|---|---|---|
= €20 (ယုံကြည်ချက် အမြင့်ဆုံး) | = €10 (ယုံကြည်ချက်) | = €5 (ယုံကြည်ချက် အနည်းငယ် ) |
ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။
●●●
နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS
အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်
ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.