နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗီလာပါ့ခ်မှာ ရုန်းကန်ရဦးမယ့် လစ်ဗာပူးလ် – အက်ဖ်အေဖလား တတိယအဆင့် ပွဲကြိုသုံးသပ်ချက်

အက်စတွန်ဗီလာ vs လစ်ဗာပူးလ်

အခုတစ်ပတ် ကတော့ အက်ဖ်အေဖလား ပွဲစဉ်တွေ ကစားရမယ့် ရက်သတ္တပတ်ပါ။ အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်တွေထဲက အက်စတွန်ဗီလာနဲ့ လစ်ဗာပူးလ်တို့ကတော့ လာမယ့် ဇန်နဝါရီလ ၉ ရက်နေ့ မြန်မာစံတော်ချိန် မနက် ၂ နာရီ ၁၅ မိနစ်မှာ ကစားဖို့ရှိနေပြီး ပရီးမီးယားလိဂ် အသင်းကြီး ၂ သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှု ဖြစ်လို့ စိတ်ဝင်စားဖို့တော့ ကောင်းလာဦးမှာ သေချာပါတယ်။

အက်ဖ်အေဖလားမှာ ၇ ကြိမ်စီ ဗိုလ်စွဲထားတဲ့ အသင်းနှစ်သင်း ဖြစ်ပြီး ပြိုင်ပွဲစုံ တွေ့ဆုံမှုတိုင်းမှာလည်း အကြိတ်အနယ် ရှိခဲ့ပါတယ်။ မှတ်မှတ်ရရ ဒီရာသီ ပရီးမီးယားလိဂ် ပထမ အကျော့တုန်းက တွေ့ဆုံထားခဲ့ပြီး အက်စတွန်ဗီလာက ဗီလာပါ့ခ်မှာ ၇-၂ ဆိုတဲ့ ရလဒ်နဲ့ သမိုင်းဝင်နိုင်ပွဲတစ်ပွဲ ရရှိထားပါတယ်။ အဲ့ဒီပွဲစဉ်တုန်းက လစ်ဗာပူးလ်မှာ ဂိုးသမား အလီဆွန်၊ မာနေး၊ မက်တစ်ပ်၊ သီယာဂို တို့ မပါဝင်နိုင်တာကလွဲရင် အဓိက ကစားသမား အစုံအလင် ပွဲထွက်ကစားခဲ့ပေမယ့် အိုလီဝတ်ကင်န်စ်ရဲ့ ဟက်ထရစ် အပါအဝင် မက်ဂျင်း၊ ဘာကလီ၊ ဂရီးလစ်ရှ်တို့ရဲ့ သွင်ဂိုးတွေနဲ့ အတူ အက်စတွန်ဗီလာတို့ နိုင်ပွဲကြီး တစ်ပွဲ ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်  ၂ ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးထားပြီး ချဲလ်ဆီးနဲ့ သရေကျပြီး မန်ချက်စတာယူနိုက်တက်ကိုတော့ ရှုံးနိမ့်ထားခဲ့ပါတယ်။ ဒါပေမယ့် အက်စတွန်ဗီလာတို့ရဲ့ လက်ရှိခြေစွမ်းကတော့ တော်တော်လေး ပြန်လည် ကောင်းမွန်နေပြီး အသင်းလိုက် ကစားပုံလည်း မာကျောနေပါတယ်။ ထရက်ဇီဂတ်၊ ရော့စ်ဘာကလီ၊ မိုရေးစ်တို့ ဒဏ်ရာရနေပေမယ့် ကျန်အဓိက ကစားသမားတွေ အားလုံး ပါဝင်နေလို့ လစ်ဗာပူးလ်ကို အကောင်းဆုံး ခြိမ်းခြောက် ကစားနိုင်စွမ်းတော့ ရှိနေပါလိမ့်မယ်။

အက်ဖ်အေဖလားမှာ ၇ ကြိမ်စီ ဗိုလ်စွဲထားတဲ့ အသင်းနှစ်သင်း ဖြစ်ပြီး ပြိုင်ပွဲစုံ တွေ့ဆုံမှုတိုင်းမှာလည်း အကြိတ်အနယ် ရှိခဲ့ပါတယ်။
၂၀၁၅ ခုနှစ်က နောက်ဆုံးအကြိမ် အက်ဖ်အေဖလားဗိုလ်လုပွဲ တက်ထားတဲ့ အက်စတွန်ဗီလာ

လစ်ဗာပူးလ်ကတော့ အက်ဖ်အေဖလားကို ၂၀၀၆ ခုနှစ်က နောက်ဆုံးအကြိမ် ဗိုလ်စွဲခဲ့ပြီး ၂၀၁၃ ခုနှစ်က နောက်ဆုံးတစ်ကြိမ် ဗိုလ်လုပွဲ တက်ခဲ့တာကလွဲရင် ကျန်နှစ်တွေမှာတော့ အားရစရာ မရှိခဲ့ပါဘူး။ လက်ရှိမှာလည်း လစ်ဗာပူးလ်တို့ နောက်ဆုံး ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားပြီး ဝက်စ်ဘရွန်းနဲ့ သရေ၊ နယူးကာဆယ်နဲ့ သရေ၊ ဆောက်သမ်တန်ကိုတော့ ရှုံးနိမ့်ထားပါတယ်။ နောက်ခံလူ ဗန်ဒိုက်ချ်၊ မက်တစ်ပ်၊ ဂိုးမက်ဇ်၊ ကွင်းလယ်က နာဘီကိုင်တာ၊ တိုက်စစ်က ဒီယိုဂို ဂျော့တာ တို့ မပါဝင်နိုင်တာကလွဲရင် လူပြန်စုံနေပေမယ့် နိုင်ပွဲရဖို့ တော်တော်လေး ရုန်းကန်နေရလို့ နည်းပြ ဂျာဂင်ကလော့ပ် အနေနဲ့ ခေါင်းကိုက်နေရချိန်လည်း ဖြစ်ပါတယ်။ လစ်ဗာပူးလ်အနေနဲ့ ပြီးခဲ့တဲ့ လပိုင်းကတင် အက်စတွန်ဗီလာနဲ့ ကစားထားပြီး ဂိုးပြတ်ရှုံးထားလို့ ဗီလာပါ့ခ်မှာ ရှုံးကြွေးဆပ်ချင်နေမှာ မှန်ပေမယ့် ဗီလာကလည်း ခြေပြန်တက်လာလို့ လစ်ဗာပူးလ်တို့ ခက်ခဲနေဦးမှာပါ။ လစ်ဗာပူးလ်တို့ရဲ့ ဒီရာသီ အဝေးကွင်းစွမ်းဆောင်ရည်ကို ကြည့်မယ်ဆိုရင် သရေပွဲ ၇ ပွဲအထိ ရှိထားပြီး နိုင်ပွဲ ၅ ပွဲ၊ ရှုံးပွဲ ၂ ပွဲပဲ ရှိထားလို့ မဆိုးဘူးလို့ ပြောလို့ရပါတယ်။

 

ထိပ်တိုက်တွေ့ဆုံမှုနဲ့ သမိုင်းကြောင်း

ပြီးခဲ့တဲ့ ၁၉၅ ကြိမ် ထိပ်တိုက်တွေ့ဆုံမှုမှာ လစ်ဗာပူးလ်တို့ ၉၆ ကြိမ် အနိုင်ရပြီး အက်စတွန်ဗီလာက ၅၉ ကြိမ် အနိုင်ရထားပါတယ်။ ဗီလာပါ့ခ်မှာ ပြီးခဲ့တဲ့ ၂ ကြိမ် ထိပ်တိုက်တွေ့ဆုံမှု မှာတော့ အက်စတွန်ဗီလာက ၇-၂ ရလဒ်နဲ့ တစ်ကြိမ် ၅-၀ ရလဒ်နဲ့ တစ်ကြိမ် အနိုင်ရထားပါတယ်။

 

လောင်းကစားဆိုင်ရာအကြံပြုချက်များ

??
အက်စတန် ဗီလာ vs လီဗာပူးလ် 1X2 လီဗာပူးလ် @ 1.38
ဇန်နဝါရီလ ၉ ရက်, ည ၂:၁၅နာရီ (GMT + ၆:၃၀)

1X2 ရဲ့ ပေါက်ကြေးအရ အိမ်ရှင်အသင်းအတွက် ၃.၃၀ ဆ နဲ့ ဧည့်သည်အသင်းအတွက် ၂.၀၅ဆ ကြေးဖွင့် ပြီး သရေအတွက် ၃.၈၀ဆ ကြေးဖွင့်ထားတာ တွေ့ရပါတယ်။ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုတိုင်းမှာ အကြိတ်အနယ် ရှိခဲ့သလို သွင်းဂိုးတွေလည်း များခဲ့ပါတယ်။ ဗီလာပါ့ခ်မှာဆိုရင် လစ်ဗာပူးလ်တို့ ရုန်းကန်နေရပြီး နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် ၂ ပွဲပေါင်း ၁၂ ဂိုးအထိ ပေးပြီး ရှုံးနိမ့်ခဲ့ပါတယ်။ ဒါပေမယ့် အခု တစ်ကြိမ်မှာတော့ လစ်ဗာပူးလ်တို့ နောက်တစ်ဆင့် တက်ဖို့ အတွက် အားကုန်ရုန်းပြီး အက်စတွန်ဗီလာကို လက်စားချေဖို့ ကြိုးပမ်းလာပါလိမ့်မယ်။ လစ်ဗာပူးလ် ဘက်မှာ စွန့်စားပြီး ရပ်တည်ချင်ပါတယ်။

PENJELASAN SINGKAT TENTANG NILAI (??) TARUHAN KAMI:
?? = €20 (SANGAT YAKIN) ?? = €10 (YAKIN) ?? = €5 (CUKUP YAKIN)

ရှင်းလင်းချက် : ကြေးများသည် ထုတ်ပြန်ကြေညာသည့်အချိန်တွင် မှန်ကန်မှုရှိပါသည်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်