နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ဗီလာရီးရဲယ်ကို ၂ ဂိုးပြတ် အနိုင်ရပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာအထိ တက်လှမ်းနိုင်ခဲ့တဲ့ ဆီဗီလာ – လာလီဂါ ပွဲပြီးသုံးသပ်ချက်

ဆီဗီလာ ၂ – ၀ ဗီလာရီးရဲယ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ်မှာ ဆီဗီလာတို့ အိမ်ကွင်းမှာ ဗီလာရီးရဲယ်ကို လူးကပ်စ် အိုကမ်ပို့စ်၊ အန်နီဆရီ တို့ရဲ့ သွင်းဂိုးတွေနဲ့ ၂ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် ဆီဗီလာတို့ ဗီလာရီးရဲယ်ကို ကျော်ဖြတ်ပြီး လာလီဂါ အမှတ်ပေးဇယား အဆင့် ၄ နေရာ အထိ ပြန်လည် တက်လှမ်းလာနိုင်ခဲ့သလို ဗီလာရီးရဲယ် ကတော့ အဆင့် ၅ နေရာအထိ ကျဆင်းသွားခဲ့ရပါတယ်။

ဆီဗီလာတို့ အခုပွဲစဉ်မှာတော့ တိုက်စစ်မှာ အန်နီဆရီ၊ လူးကပ်စ် အိုကမ်ပို့စ်၊ ဆူဆို၊ ကွင်းလယ်မှာ ရာကီတစ်ချ်၊ ဖာနန်ဒို၊ ဂျော်ဒန်၊ နောက်တန်းမှာ နားဗက်စ်၊ ကွန်ဒေး၊ ကားလို့စ်၊ အေကူနာ၊ ဂိုးမှာ ဘွန်နူ တို့နဲ့ ပွဲထွက်လာပါတယ်။ ဗီလာရီးရဲယ်မှာတော့ တိုက်စစ်မှာ ဂိုးမက်ဇ်၊ နီနို၊ မိုရီနို၊ ကွင်းလယ်မှာ ပယ်ရီဂျို၊ ဖွိုက်၊ ထရစ်ဂီရော့စ်၊ ပက်ဒရာဇာ၊ ပေါင်တောရက်စ်၊ အလ်ဘီယို၊ ပီနာ၊ အဆန်ဂျိုတို့ ပွဲထွက်လူစာရင်းမှာ ပါလာခဲ့ပါတယ်။ ပွဲစတာနဲ့ အိမ်ရှင် ဆီဗီလာတို့ ဗီလာရီးရဲယ် ဘက်ကို ထိုးဖောက် တိုက်စစ်ဆင်ခဲ့ပြီး တစ်ပွဲလုံး ဂိုးပေါက် ခြိမ်းခြောက်မှု ၁၀ ကြိမ်အထိ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဗီလာရီးရဲယ်ရဲ့ ခံစစ်ကစားပုံ ကောင်းမွန်မှုကြောင့် ဂိုးပေါက်တည့်မှု ၃ ကြိမ်သာ ရှိခဲ့ပါတယ်။ ပွဲချိန် ၈ မိနစ် မှာတင် ဆီဗီလာတို့ ဦးဆောင်ဂိုး ရခဲ့ပြီး တိုက်စစ်မှူး အိုကမ်ပို့စ်က ပင်နယ်တီကနေ တစ်ဆင့် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက် နှစ်သင်းလုံး ခြေစွမ်းမျှခဲ့လို့ အပြန်အလှန် ရှိခဲ့ပြီး ကြည့်ကောင်းခဲ့ပါတယ်။ ဒါပေမယ့် ပွဲချိန် ၅၃ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ တစ်ဆင့် ဆီဗီလာတိုက်စစ်မှူး အန်နီဆရီက တစ်ကိုယ်တော်ဆွဲပြေးပြီး ဗီလာရီးရဲယ် ဂိုးသမား အဆန်ဂျိုရဲ့ ညာဘက်ထောင့်ထဲကို အမှားအယွင်းမရှိ ကန်သွင်းသွားခဲ့လို့ ဆီဗီလာတို့ ဒုတိယဂိုး ထပ်မံရရှိခဲ့ ပါတယ်။ အဲ့နောက်မှာတော့ ဗီလာရီးရဲယ် တောင်ပံကစားသမား ချူကွီဇီရဲ့ ကန်ချက်တချို့ တော်တော်လေး ကောင်းခဲ့ပေမယ့် သွင်းဂိုး အဖြစ်တော့ ပြောင်းလဲနိုင်ခြင်း မရှိခဲ့လို့ ပွဲအပြီး မှာ ဆီဗီလာတို့ပဲ ၂ ဂိုးပြတ်ရလဒ်နဲ့ အနိုင်ရခဲ့ ပါတယ်။
 

ပွဲပြီးသုံးသပ်ချက်

ဆီဗီလာတို့ လာမယ့် လာလီဂါ ပွဲစဉ်မှာတော့ ရီးရဲယ်ဘက်တစ် အသင်းနဲ့ ကစားရဖို့ ရှိပြီး ဗီလာရီးရဲယ်ကတော့ လီဗန်တေး နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။
လက်ရှိလာလီဂါရဲ့ သရေပွဲ အများဆုံး အသင်း ဗီလာရီးရဲယ်

ဒီပွဲမှာ အကောင်းဆုံးကစားသမား အဖြစ် သတ်မှတ်ခံခဲ့ရသူ ကတော့ ဆီဗီလာ တိုက်စစ်က လူးကပ်စ် အိုကမ်ပို့စ်ပဲ ဖြစ်ပြီး တကယ်လည်း တစ်ပွဲလုံး ခြေစွမ်းပြပြီး ကစားသွားခဲ့ပါတယ်။ သူ့ရဲ့ ပြေးအား အတိုးအလှုပ်တွေက  ဗီလာရီးရဲယ် နောက်တန်းကို တော်တော်လေး အလုပ်ရှုပ်စေခဲ့သလို တစ်ပွဲလုံး တိကျတဲ့ပေးပို့မှု ၂၅ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ အူနိုင်းအန်မေရီရဲ့ ဗီလာရီးရဲယ်တို့ကတော့ ရှေ့ပွဲတွေတုန်းက ခံစစ်ကစားပုံ ကောင်းမွန်မှုကြောင့် သရေတွေကျခဲ့ပေမယ့် အသင်းကောင်း တစ်သင်းနဲ့ ကစားရတဲ့ အချိန်မှာတော့ ခံစစ်က ဘယ်လိုမှ တောင့်မခံနိုင်ခဲ့ပါဘူး။

 

လာမယ့်ပွဲစဉ်များ

ဆီဗီလာတို့ လာမယ့် လာလီဂါ ပွဲစဉ်မှာတော့ ရီးရဲယ်ဘက်တစ် အသင်းနဲ့ ကစားရဖို့ ရှိပြီး ဗီလာရီးရဲယ်ကတော့ လီဗန်တေး နဲ့ ယှဉ်ပြိုင်ကစားရဖို့ ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်