နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

ရက်ရှ်ဖို့ဒ်ရဲ့ ပွဲပြီးခါနီး သွင်းဂိုးနဲ့ ဝုဗ်ကို အနိုင်ရခဲ့တဲ့ မန်ချက်စတာယူနိုက်တက် – ပရီးမီးယားလိဂ် ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာယူနိုက်တက် ၁ – ၀ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်က အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ် ကို အကြိတ်အနယ်ကစားပြီး မားကပ်စ်ရက်ရှ်ဖို့ဒ်ရဲ့ ပွဲပြီးခါနီး သွင်းဂိုး ၁ ဂိုးတည်းနဲ့ အနိုင်ရခဲ့ပါတယ်။ အခုနိုင်ပွဲကြောင့် မန်ချက်စတာယူနိုက်တက်တို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၂ နေရာအထိ တက်လှမ်းနိုင်ခဲ့ပြီး ဝုဗ်ကတော့ အဆင့် ၁၂ နေရာအထိ ထပ်မံကျဆင်းသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်တို့ အခုပွဲအတွက် အထောင်တိုက်စစ်မှူးနေရာမှာ အက်ဒီဆင် ကာဗာနီ၊ တောင်ပံနှစ်ဖက် မှာ ရက်ရှ်ဖို့ဒ်၊ မေဆင်ဂရင်းဝုဒ်၊ ကွင်းလယ်မှာ ဘရူနိုဖာနန်ဒက်စ်၊ မားတစ်၊ ပေါ့ဘာ၊ နောက်တန်းမှာ ဝမ်ဘစ်ဆာခါ၊ ဘိုင်ယီ၊ မက်ဂွိုင်းယား၊ အဲလက်တဲလက်စ်၊ ဂိုးသမားနေရာမှာ ဒါးဗစ် ဒက်ဟဲယား တို့ကို ပွဲထွက်ကစားစေခဲ့ပါတယ်။ ဝုဗ်မှာတော့ နီတို၊ ထရာအိုရေး၊ ဗစ်တင်ဟာ၊ နိုရီ၊ မော်တင်ဟို၊ နားဗက်စ်၊ ဟိုဗာ၊ ကေးလ်မန်း၊ ကိုဒီ၊  ဆိုက်စ်၊ ရူအီပက်ထရီစီရိုတို့ကို ပထမလူစာရင်းမှာ အသုံးပြုခဲ့ပါတယ်။ ပွဲကစားချိန် တော်တော်များများမှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းက ဘောလုံးပိုင်ဆိုင်မှု၊ ဘောလုံးပေးပို့မှု၊ ဂိုးပေါက် ခြိမ်းခြောက်မှုတွေ အသာရခဲ့တာ တွေ့ရပြီး ဂိုးပေါက်တည့်မှု အကြိမ်ရည်မှာတော့ ဝုဗ်တို့က ပိုပြီး အသာရခဲ့ပါတယ်။ တစ်ပွဲလုံး တစ်ဖက်နဲ့ တစ်ဖက် ထိရောက်တဲ့ ထိုးဖောက်မှုတချို့သာ မြင်တွေ့ခဲ့ရပြီး ဂိုးသမား ဒါးဗစ်ဒက်ဟဲယားရဲ့ ကာကွယ်မှုတွေက ဝုဗ်အသင်းကို ကံဆိုးစေခဲ့တယ် ဆိုလည်း မမှားပါဘူး။ ဒါပေမယ့် တကယ်တမ်း အနိုင်ဂိုးကို သွင်းယူနိုင်ခဲ့တာကတော့ မန်ချက်စတာ ယူနိုက်တက်အသင်း ဖြစ်ပြီး ဘရူနိုဖာနန်ဒက်စ်ရဲ့ ပေးပို့မှုကနေ မားကပ်စ် ရက်ရှ်ဖို့ဒ်က တစ်ကိုယ်တော် စွမ်းရည်နဲ့ ပက်ထရီစီရိုရဲ့ ဘယ်ဘက်ထောင့်ထဲကို ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

မန်ချက်စတာယူနိုက်တက်တို့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ အက်စတွန်ဗီလာကို အိမ်ကွင်း အိုးထရက်ဖို့ဒ် ဧည့်ခံကစားရဖို့ ရှိပြီး ဝုဗ်ကတော့ ဘရိုက်တန်ရဲ့ အိမ်ကွင်းကို သွားရောက်ကစားရဖို့ ရှိနေပါတယ်။
ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့် ၁၁ နေရာမှာ ရပ်တည်နေတဲ့ ဝုဗ်ဗာဟမ်တန်ဝမ်းဒါးရားစ်

ပွဲအပြီးမှာ မန်ချက်စတာယူနိုက်တက်တို့ ရမှတ် ၃၀ အထိလည်း စုဆောင်းနိုင်ခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၂ နေရာ အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။ ယူနိုက်တက်တို့ ပွဲချိန်အတွင်း ဘယ်လောက် ရုန်းကန်ခဲ့ရပါစေ ပွဲအပြီးမှာတော့ အနိုင်ရလဒ်တစ်ခု ရှာဖွေ နိုင်နေတာကတော့ နည်းပြ ဆိုးလ်ရှားကို ချီးကျူးရမှာ ဖြစ်ပြီး ဒီဇင်ဘာ ပွဲကြပ်ကာလမှာ အကောင်းဆုံး အမြတ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုရပါတယ်။ ဝုဗ်ကတော့ ခြေစွမ်းကောင်းပေမယ့် တိုက်စစ်မှူးတွေရဲ့ အဆုံးသတ်ညံ့မှုနဲ့ မန်ချက်စတာယူနိုက်တက် ဂိုးသမား ဒါးဗစ် ဒက်ဟဲယား ကာကွယ်မှုတွေကြောင့် နိုင်ပွဲ တစ်ပွဲ ပျောက်ဆုံးခဲ့ရတာ ဖြစ်ပါတယ်။ နောက်ဆုံး ၃ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့လို့ အမှတ်ပေးဇယား အဆင့် ၁၂ နေရာအထိလည်း ကျဆင်းသွားခဲ့ပါတယ်။

 

လာမယ့်ပွဲစဉ်များ

မန်ချက်စတာယူနိုက်တက်တို့ လာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်မှာ အက်စတွန်ဗီလာကို အိမ်ကွင်း အိုးထရက်ဖို့ဒ် ဧည့်ခံကစားရဖို့ ရှိပြီး ဝုဗ်ကတော့ ဘရိုက်တန်ရဲ့ အိမ်ကွင်းကို သွားရောက်ကစားရဖို့ ရှိနေပါတယ်။

 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်