နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

အမှတ်ပေးဇယား ဦးဆောင်ခွင့်ကို လက်လွှတ်မခံခဲ့တဲ့ အက်တလက်တီကို မက်ဒရစ် – လာလီဂါ ပွဲပြီးသုံးသပ်ချက်

ရီးရဲယ်ဆိုစီဒက် ၀ – ၂ အက်တလက်တီကို မက်ဒရစ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လာလီဂါ ပွဲစဉ် ၁၅ ရဲ့ အကောင်းဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်တဲ့ ရီးရဲယ် ဆိုစီဒက်နဲ့ အက်တလက်တီကို မက်ဒရစ်တို့ရဲ့ ပွဲမှာတော့ အဝေးကွင်းမှာ လာရောက်ကစားခဲ့တဲ့ အက်တလက်တီကိုမက်ဒရစ်က ၂ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့လို့ လာလီဂါ အမှတ်ပေးဇယား ထိပ်ဆုံးမှာ အမှတ်ဖြတ် ဆက်လက် ဦးဆောင်နိုင်ခဲ့ပါတယ်။
 

 
နှစ်သင်းလုံး ဒီပွဲစဉ်မှာ ရမှတ်လိုအပ်ချက်အတွက် အကောင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ကြပြီး ဆိုစီဒက်မှာ ပေါ်တူ၊ ဒါးဗစ်ဆေးလ်ဗား၊ မာရီနို၊ ဂျိုဆေး၊ မွန်ရီရယ်တို့လို ကစားသမားတွေနဲ့ ပွဲထွက်လာ ခဲ့ပြီး အက်တလက်တီကို ဘက်မှာတော့ လူးဝစ်ဆွာရက်ဇ်၊ ကော်ရီယာ၊ ကာရက်စ်ကို၊ ကိုကီ၊ လော်ရန်းတေး၊ သောမက်စ်လီမား၊ ဆာဗစ်၊ ထရစ်ပီယာ၊ တို့လို ကစားသမားကောင်းတွေကို အသုံးပြုပြီး အနိုင် ၃ မှတ် အသေအချာရဖို့ ပြင်ဆင်လာတာ တွေ့ရပါတယ်။ ပွဲစတာနဲ့ အပြိုင်အဆိုင် ထိုးဖောက် တိုက်စစ်ဆင်ခဲ့ကြပေမယ့် ကွင်းလယ်မှာ အသာစီးယူကစားဖို့ နှစ်သင်းစလုံး ပြင်ဆင်လာခဲ့တာကြောင့် ဘောလုံးက ဂိုးပေါက်အထိ မရောက်ပဲ အပျက်များနေခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ဧည့်သည် အက်တလက်တီကိုတို့ ကစားအား ပိုတင်လာခဲ့တာကြောင့် အိမ်ရှင်အသင်းထက်ပိုပြီး ဂိုးပေါက် ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့တာ တွေ့ရပါတယ်။ ဒုတိယပိုင်း ပွဲစပြီး ၄ မိနစ်အကြာမှာတော့ အက်တလက်တီကို မက်ဒရစ်တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ ကွင်းလယ်ကနေ ကာရက်စကို ကန်တင်ပေးတဲ့ ဘောလုံးကို နောက်ခံလူ ဟာမိုဆို က ခေါင်းတိုက် အဆုံးသတ်ပေးခဲ့တာ ဖြစ်ပါတယ်။ အဲ့နောက်မှာတော့ အက်တလက်တီကိုတို့ပဲ ပွဲကို ပိုမို လွှမ်းမိုးနိုင်ခဲ့ပြီး ပွဲချိန် ၇၄ မိနစ်မှာ ကာရက်စကိုရဲ့ ကွင်းလယ်ကို ထိုးပေးတဲ့ ဘောလုံးကို လောရန်တေးက ဂိုးဧရိယာထိပ်ကနေ အပြင်းကန်သွင်းသွားခဲ့ တာကြောင့် တီကိုတို့ပဲ ဒုတိယဂိုး ထပ်ရသွားခဲ့ပါတယ်။ အဲ့နောက်မှာ ဆိုစီဒက်ရဲ့ ဖရီးကစ် ကန်ချက်တချို့ ကို အက်တလက်တီကို မက်ဒရစ် ဂိုးသမား ယန်အိုဘလက်ခ် ကာကွယ်သွားခဲ့တာကြောင့် ၀-၂ ရလဒ်နဲ့ ပွဲ ပြီးဆုံးခဲ့ပါတယ်။

အက်တလက်တီကို မက်ဒရစ်တို့ လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ဂီတာဖေးနဲ့ လာလီဂါ ပွဲစဉ် ကစားဖို့ရှိပြီး ရီးရဲယ်ဆိုစီဒက်ကတော့ အက်သလက်တစ် ဘီလ်ဘာအို အသင်းနဲ့ ကစားဖို့ရှိနေပါတယ်။
လာလီဂါ အမှတ်ပေးဇယား အဆင့် ၃ နေရာမှာ ဆက်လက် ရပ်တည်နေတဲ့ ရီးရဲယ်ဆိုစီဒက်

ပွဲပြီးသုံးသပ်ချက်

ဒီယေဂို ဆီမြွန်နီရဲ့ အက်တလက်တီကို မက်ဒရစ်တို့ အသင်းလိုက် ကစားပုံကောင်းကောင်းနဲ့ ဆိုစီဒက်ကို အနိုင်ယူခဲ့ပြီး လိုအပ်နေတဲ့ အနိုင် ၃ မှတ်ကို အပြည့် ယူသွားနိုင်ခဲ့ပါတယ်။ ဆိုစီဒက်ကတော့ အိမ်ကွင်းအားသာချက် ရှိနေတာတောင် တီကိုရဲ့ ရုန်းအားကို တောင့်မခံနိုင်ခဲ့ပါဘူး။ ကွင်းလယ်က ဒါးဗစ်ဆေးလ်ဗား တစ်ယောက်ပဲ ပုံစံကောင်းပြသနိုင်ခဲ့ပြီး ကျန်ကစားသမားတွေ ကတော့ သာမာန် ခြေစွမ်းအောက်မှာ ရောက်ခဲ့တာ တွေ့ရပါတယ်။ အက်တလက်တီကို မက်ဒရစ်တို့ အခုနိုင်ပွဲကြောင့် လာလီဂါမှာ ကျန်ပြိုင်ဘက်တွေ အားလုံးထက် ပွဲလျော့ကစားပြီး အမှတ်ဖြတ် ဦးဆောင်နိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
 

လာမယ့်ပွဲစဉ်များ

အက်တလက်တီကို မက်ဒရစ်တို့ လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ဂီတာဖေးနဲ့ လာလီဂါ ပွဲစဉ် ကစားဖို့ရှိပြီး ရီးရဲယ်ဆိုစီဒက်ကတော့ အက်သလက်တစ် ဘီလ်ဘာအို အသင်းနဲ့ ကစားဖို့ရှိနေပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်