နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

အကြီးအကျယ်ဆုံး ပြိုင်ဘက်ကို အကောင်းဆုံး နောက်ကောက်ချနိုင်ခဲ့တဲ့ ရော်နယ်ဒို – ချန်ပီယံလိဂ် ပွဲပြီးသုံးသပ်ချက်

ဘာစီလိုနာ ၀ – ၃ ဂျူဗင်တပ်စ်

မနေ့ညက ချန်ပီယံလိဂ်ပွဲစဉ်မှာ ဂျူဗင်တပ်စ်က အဝေးကွင်းမှာ ဘာစီလိုနာကို ၃-၀ နဲ့ အနိုင်ရရှိသွားခဲ့တဲ့ အပြင် ဘောလုံးသူရဲကောင်းနှစ်ဦးရဲ့ တကျော့ပြန် စီးချင်းထိုးပွဲမှာလည်း ခရစ္စတီယာနိုရော်နယ်ဒိုက အသာရသွားခဲ့ပါတယ်။ ခရစ္စတီယာနို ရော်နယ်ဒိုအနေနဲ့ အသင်းအတွက် ပယ်နယ်တီကနေတစ်ဆင့် ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ချန်ပီယံလိဂ် စံချိန်သစ်တွေ လည်း တင်နိုင်ခဲ့ပါတယ်။
 

ပွဲစဉ်အကျဉ်းချုပ်

နှစ်သင်းစလုံး နောက်တဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်လို့ ဒီပွဲစဉ်ရဲ့ ရလဒ်ပိုင်းထက် မက်ဆီနဲ့ ရော်နယ်ဒိုတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုကို ပိုပြီး စိတ်ဝင်စားခဲ့ကြတာပါ၊။ ချန်ပီယံလိဂ် အုပ်စုအဆင့် ပထမအကျော့မှာကတည်းက ဂျူဗင်တပ်စ်နဲ့ ဘာစီလိုနာ တွေ့ဆုံမှုထက် မက်ဆီနဲ့ ရော်နယ်ဒိုတို့ ရဲ့အားပြိုင်ပွဲကို ပိုပြီး စိတ်ဝင်စားခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ပွဲတွေမှာ အနားပေးခံခဲ့ရတဲ့ မက်ဆီကတော့ ဂျူဗင်တပ်စ်ဘက်ကို ဂိုးသွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ခြေစွမ်းမပြနိုင် ဖြစ်ခဲ့ရပါတယ်။ နည်းပြ ရော်နယ်ကိုးမန်း အနေနဲ့ ဘာစီလိုနာအသင်းကို ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူကစားခဲ့ပြီး ဂျူဗင်တပ်စ်ရဲ့ အဓိက စားသမား ရော်နယ်ဒို လုံးဝမလှုပ်နိုင်အောင် ထိန်းချုပ်ကစားစေခဲ့ပါတယ်။ ရော်နယ်ဒို အနေနဲ့ အစောပိုင်း ပွဲကစားချိန် တော်တော်များများမှာ နေရာလွတ်ရှာမရခဲ့သလို ဘောလုံးရရှိမှု နည်းပါးခဲ့လို့ ရုန်းကန် ခဲ့ရပါတယ်။ ဒါပေမယ့် ပွဲချိန် ၁၃ မိနစ်မှာတင် ပြိုင်ဘက်နောက်ခံလူ အာရူဂျို တားဆီးမှုကနေ တစ်ဆင့် ပါးပါးနပ်နပ်နဲ့ ပင်နယ်တီ ရရှိအောင် အားထုတ်သွားခဲ့ပြီး အပိုင်ကန်သွင်းခဲ့လို့ ဂျူဗင်တပ်စ်တို့ ဦးဆောင်ဂိုး စတင်ရရှိခဲ့ပါတယ်။ အဲ့နောက် တောင်ပံကနေ ဂျူအန်ကွာဒွာဒို ကန်တင်ပေးပို့မှု ကနေ တစ်ဆင့် မက်ကင်နီ က မြေမကျကန်သွင်းပြီး ဒုတိယ ဦးဆောင်ဂိုး အဖြစ် ပြောင်းလဲ ပေးခဲ့ပြန်ပါတယ်။ အဲ့နောက်မှာတော့ ဘာစီလိုနာ နောက်ခံလူတွေ ဂိုး ဧရိယာထဲမှာ လက်ထိခဲ့တာကြောင့် ပင်နယ်တီ ပြစ်ဒဏ်ဘော ထပ်ပေးခဲ့ရပြီး ရော်နယ်ဒိုကပဲ အကောင်းဆုံး အဆုံးသတ်ပေးခဲ့လို့ ဂျူဗင်တပ်စ်တို့ အဝေးကွင်းမှာ ၃ ဂိုးပြတ်အနိုင်ရပြီး အုပ်စု ပထမနဲ့ နောက်တစ်ဆင့် တက်ရောက်သွားခဲ့ပါတယ်။
 

စံချိန်သစ်တွေ ထပ်တင်ခဲ့တဲ့ ရော်နယ်ဒို

အခုပွဲမှာ သွင်းဂိုး ၂ ဂိုး ထပ်ရခဲ့တဲ့ ရော်နယ်ဒို အနေနဲ့ ချန်ပီယံလိဂ် သွင်းဂိုး စုစုပေါင်း ၁၃၄ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပြီး အသင်းကို အုပ်စုပထမနေရာ ရရှိအောင်ပါ ကူညီနိုင်ခဲ့ပါတယ်။
မက်ဆီနဲ့ တကျော့ပြန်တွေ့ဆုံမှုမှာ အသာရပြီး စံချိန်သစ်တွေပါ တင်နိုင်ခဲ့တဲ့ ရော်နယ်ဒို

အခုပွဲမှာ သွင်းဂိုး ၂ ဂိုး ထပ်ရခဲ့တဲ့ ရော်နယ်ဒို အနေနဲ့ ချန်ပီယံလိဂ် သွင်းဂိုး စုစုပေါင်း ၁၃၄ ဂိုးအထိ ရှိလာခဲ့ပြီဖြစ်ပြီး အသင်းကို အုပ်စုပထမနေရာ ရရှိအောင်ပါ ကူညီနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကမ့်ပ်နူးမှာ စုစုပေါင်း ၁၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ ရော်နယ်ဒိုအနေနဲ့ သူ့ရဲ့ ကစားသမားဘဝမှာ တစ်လျှောက် ဘာစီလိုနာ ကွင်းကနေ အဝေးဂိုးအများဆုံးရရှိခဲ့တဲ့ စံချိန်လည်း တင်နိုင်ခဲ့ပါတယ်။ ကလပ်အသင်း သွင်းဂိုး ၆၅၀ ပြည့်မြောက်ခဲ့တဲ့ ရော်နယ်ဒိုအတွက်တော့ ထူးခြားတဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပြီး ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် ကမ့်ပ်နူးမှာ ပယ်နယ်တီကနေ ၂ဂိုးအထိ သွင်းယူနိုင်တဲ့ ပထမဆုံးကစားသမား ဖြစ်လာခဲ့ပါတယ်။
 

မက်ဆီကို နောက်ကောက်ချနိုင်ခဲ့တဲ့ ရော်နယ်ဒို

ရော်နယ်ဒို အနေနဲ့ ရီးရဲလ်ကစားသမားဘဝမှာ ဘာစီလိုနာကစားသမား မက်ဆီနဲ့ ၉ နှစ်တိုင်တိုင် ပြိုင်ဘက်တွေအဖြစ် တွေ့ဆုံခဲ့ဖူးပြီး အကြီးအကျယ်ဆုံး ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ အခု ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ပထမဆုံးအကြိမ် ရင်ဆိုင်ခဲ့ကြရတာဖြစ်ပြီးတော့ အသင်းသစ် ဂျူဗင်တပ်စ်နဲ့ တွေ့ဆုံမှုမှတ်တမ်းမှာ ရော်နယ်ဒိုက အသာရခဲ့ပြန်တာလည်း ဖြစ်ပါတယ်။ အခုတစ်ခေါက် တွေ့ဆုံမှုဟာ မက်ဆီနဲ့ ရော်နယ်ဒို အတွက် ထင်သလောက် အကြိတ်အနယ် မရှိခဲ့သလို ပြိုင်ဆိုင်မှု လည်း သိပ်ပြီး မပြင်းထန်ခဲ့ပေမယ့် ရော်နယ်ဒို ရဲ့ ပရိသတ်တွေ အတွက်တော့ ဂုဏ်ယူစရာ ဖြစ်ခဲ့ပေမယ့် ပြိုင်ဘက်ရဲ့ အလဲထိုးမှုကို ရပ်ကြည့်နေရုံမှ တပါး မတတ်သာခဲ့တဲ့ မက်ဆီနဲ့ မက်ဆီပရိသတ်တွေ အတွက်ကတော့ စိတ်ပျက်စရာ ညတစ်ည ဖြစ်ခဲ့ရပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

လိုက်ဖ်ချက်