နောက်ထပ် အကြောင်းအရာများကို ရှာဖွေနေပါသလား

သင့်အတွက် SBOTOP မှာ အများကြီးရှိပါတယ်။

စိတ်လှုပ်ရှားဖွယ်ရာ ဂိမ်းများနှင့် အထူးကမ်းလှမ်းချက်များကို ရှာဖွေဖို့
www.mysbotop.comကို လာရောက်လည်ပတ်လိုက်ပါ။

နောက်ထပ် သတင်းများအတွက်
[email protected] သို့ အီးမေးလ်ပို့ဆက်သွယ်ပါ။

အခု သွားမည်

Gareth Bale & Puiyi
FULHAM-WIDE-BM
PROMO-WIDE-BM
previous arrow
next arrow
 

စိုးရိမ်အမှတ် ရောက်ရှိလာခဲ့တဲ့ ချန်ပီယံလိဂ် ဘုရင်ကြီး ရီးရဲမက်ဒရစ် – ချန်ပီယံလိဂ် ပွဲကြိုသုံးသပ်ချက်

ရှက်တာဒိုးနက်စ် 2-0 ရီးရဲယ်မက်ဒရစ်

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ရှက်တာဒိုးနက်စ်နဲ့ ရီးရဲယ်မက်ဒရစ်တို့ရဲ့ ပွဲစဉ်မှာတော့ အိမ်ရှင် ရှက်တာဒိုးနက်စ်တို့ အိမ်ကွင်းမှာ ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့တာကြောင့် ရှုံးထွက်အဆင့် တက်ရောက်နိုင်ရေး မျှော်လင့်ချက် ရှင်သန်လာခဲ့သလို ချန်ပီယံလိဂ် အအောင်မြင်ဆုံး အသင်း ရီးရဲယ်မက်ဒရစ်ကတော့ ၂၄ နှစ်ဆက်တိုက် ရှုံးထွက်အဆင့် တက်ရောက်နိုင်ရေး မျှော်လင့်ချက်တွေ မှေးမှိန်သွားခဲ့ပါတယ်။

ဒီပွဲစဉ်မတိုင်ခင်က ရီးရဲယ်မက်ဒရစ်တို့ အင်တာမီလန်ကို ချန်ပီယံလိဂ် အုပ်စုပွဲစဉ် ၂ ကျော့စလုံး အနိုင်ရထားခဲ့လို့ အုပ်စု B ရဲ့ ဒုတိယ နေရာမှာ ရပ်တည်နိုင်ခဲ့ပေမယ့် အခုပွဲအပြီးမှာတော့ အုပ်စု တတိယနေရာ အထိ ကျဆင်းသွားခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ်တို့ ရှက်တာဒိုးနက်စ်ကို ပထမအကျော့ အိမ်ကွင်းမှာ ၃-၂ ရလဒ်နဲ့ အရေးနိမ့်ခဲ့ရလို့ အခုပွဲစဉ်မှာတော့ ပထမအကျော့ အရှုံးကို ချေဖျက်နိုင်ဖို့ ပြင်ဆင်လာခဲ့ပေမယ့် မှန်းချက်နဲ့ နှမ်းထွက် မကိုက်ဖြစ်ခဲ့ရပါတယ်။ နည်းပြ ဇီဒန်းအနေနဲ့ ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ဖို့ အတွက် တိုက်စစ်အသားပေး ကစားဟန် ၄-၃-၃ ကစားကွက်နဲ့ ပွဲထွက်လာခဲ့ပြီး အိမ်ရှင် ရှက်တာဒိုးနက်စ် ကတော့ ၄-၂-၃-၁ ကစားကွက်နဲ့ ရီးရဲယ်မက်ဒရစ်ကို ရင်ဆိုင်လာခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာ ကွင်းလယ်က ယူကရိန်း လက်ရွေးစင် မားလော့စ်၊ တီတီနဲ့ ကိုဗယ်လန်ကို တို့ ခြေစွမ်းပြခဲ့ကြပြီး စပိန် ဘီလူးကြီးကို နောက်ထပ်တစ်ကြိမ် အလဲထိုးနိုင်ခဲ့ပြန်ပါတယ်။ ရီးရဲယ်မက်ဒရစ်ကတော့ ဒီရာသီမှာ တော်တော်လေး ခြေစွမ်းကျဆင်းနေပြီး အခုပွဲမှာလည်း နည်းပြ ဇီဒန်းရဲ့ လူထုတ်ပုံနဲ့ နည်းစနစ်ပိုင်း မှားယွင်းမှုတွေ အပြင် ကစားသမား တွေရဲ့ နိုင်လိုစိတ်နည်းပါးမှုကြောင့် အဝေးကွင်းမှာ ကိုယ့်ထက်နိမ့်တဲ့ အသင်းတစ်သင်းကို ထပ်မံရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ရှက်တာဒိုးနက်စ် နည်းပြ လူးဝစ် ကတ်စထရိုကတော့ ရီးရဲယ်မက်ဒရစ်ရဲ့ အမှားတွေကို အကောင်းဆုံး အသုံးချနိုင်ခဲ့ပြီးတော့ လူစားလဲ မှန်ကန်မှုတွေကြောင့် အနိုင်၃ မှတ်ကို အရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ ရှက်တာဒိုးနတ်စ် အတွက် အနိုင်ဂိုးတွေကို လူစားဝင်ကစားသမား ဒန်တင်ဟိုနဲ့ ဆော်လမွန်တို့က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

 

ပွဲပြီးသုံးသပ်ချက်

ရှက်တာဒိုးနက်စ် ကတော့ ဒီနှစ်မှာ အင်တာမီလန်၊ ရီးရဲယ်မက်ဒရစ်တို့ ထက်တောင် ချန်ပီယံလိဂ် ရှုံးထွက် အဆင့်နဲ့ ထိုက်တန်နေပြီလို့ ပြောလို့ရပါတယ်။
လူစားဝင်ကစားသမားတွေရဲ့ ခြေစွမ်းပြမှုနဲ့ ရီးရဲယ်မက်ဒရစ်ကို အနိုင်ရခဲ့တဲ့ ရှက်တာဒိုးနတ်စ်

အခုပွဲစဉ်မှာ အနိုင်ရခဲ့တဲ့ ရှက်တာဒိုးနက်စ် ကတော့ ဒီနှစ်မှာ အင်တာမီလန်၊ ရီးရဲယ်မက်ဒရစ်တို့ ထက်တောင် ချန်ပီယံလိဂ် ရှုံးထွက် အဆင့်နဲ့ ထိုက်တန်နေပြီလို့ ပြောလို့ရပါတယ်။ ဇီဒန်းရဲ့ ရီးရဲယ်မက်ဒရစ်တို့ ဒီရာသီမှာ တော်တော် လေး တပ်ပျက်နေခဲ့တယ် ဆိုပေမယ့် ချန်ပီယံလိဂ် ဖလားကို ၁၃ ကြိမ် အထိ ရရှိထားတဲ့ အသင်းတစ်သင်း အနေနဲ့ အခုလို ရှုံးပွဲတွေ ကြုံနေရတယ် ဆိုတာတော့ တကယ့်ကို မဖြစ်သင့်တဲ့ အခြေအနေပါ။ ပြီးခဲ့တဲ့ ပွဲစဉ်တွေမှာ အင်တာမီလန် အသင်းကို အနိုင်ရခဲ့လို့ ရီးရဲယ်မက်ဒရစ်တို့ ခြေစွမ်းပြန်မှန်နေပြီ ထင်ခဲ့ရပေမယ့် အခုပွဲစဉ်မှာတော့ ခြေစွမ်းက ဒုံရင်းက ဒုံရင်းပါပဲ။ ရီးရဲယ်မက်ဒရစ် တို့ တစ်ပွဲလုံး ဂိုးပေါက် ခြိမ်းခြောက်မှု ၁၅ ကြိမ်အထိ ရှိခဲ့ပြီး ဂိုးပေါက်တည့်မှု ၈ ကြိမ် အထိ ရှိခဲ့ပေမယ့်မလည်း တိုက်စစ်က အဆုံးသတ်မသေချာရင် အလကားပဲ ဆိုတာ ဒီပွဲစဉ်က သက်သေပါပဲ။ ဒီပုံအတိုင်း ဆက်သွား ရင် ရီးရဲယ်မက်ဒရစ်တို့ ရာသီအကုန်မှာ ဖလားလက်မဲ့ ဖြစ်မှာ သေချာသလောက် ရှိနေပါတယ်။

 

လာမယ့်ပွဲစဉ်များ

နှစ်သင်းစလုံး လာမယ့် စနေနေ့မှာ အမှတ်ပေးပွဲစဉ်တွေ ကစားဖို့ရှိနေပြီးတော့ ချန်ပီယံလိဂ် နောက်ဆုံးပွဲစဉ်မှာ ရီးရဲယ်မက်ဒရစ်က မိုချင်ဂလတ်ဘတ်၊ ရှက်တာဒိုးနက်စ်က အင်တာမီလန်တို့နဲ့ ကစားဖို့ရှိနေခဲ့ပါတယ်။
 

●●●

နောက်ထပ်သတင်းများအတွက် ကျွနိုပ်တို့ ဘလော့အား ဝင်ကြည့်ပါ ဘောလုံး STORIES & ODDS

အားကစားနှင့် လောင်းကစား နောက်ဆုံးသတင်းများအား အမြဲသိရှိနေမည်

ဆိုရှယ်မီဒီယာတွင် ကျွနိုပ်တို့အား followမည် ဖေစ့်ဘုတ် , တွစ်တာ , အင်စတာဂရမ် and ယူကျု့ဘ်.

Leave a Comment

လိုက်ဖ်ချက်